စပိန်တော်ဝင်မင်းသမီး မာရီယာ ကိုဗစ်-၁၉ ရောဂါကြောင့် ကွယ်လွန်
EPN
နိုင်ငံတကာ မတ် ၂၉
စပိန်မင်းသမီး မာရီယာတီရီဆာမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကွယ်လွန်ခဲ့သည့် ပထမဆုံးသော တော်ဝင် မျိုးနွယ် ဖြစ်လာခဲ့သည်။ အသက် ၈၆ နှစ်အရွယ် မင်းသမီး မာရီယာမှာ စပိန်ဘုရင် ဖိလစ်၏ မောင်နှမဝမ်းကွဲတစ် ဦး ဖြစ်သည်။
မာရီယာမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ကွယ်လွန်ခဲ့ကြောင်း အစ်ကိုဖြစ်သူ အရန်ဂျူအတ်ဖ် မြို့စားကြီး မင်းသား ဆက်တိုအန်းနရစ်ဒီဘော်ဘွန်က ဖေ့ဘွတ်တွင် ကြေညာခဲ့သည်။
မင်းသားကြီး အင်းနရစ်၏ ဖေ့ဘွတ်တွင် “ဒီနေ့လည်ပိုင်းက အသက် ၈၆ နှစ်အရွယ်ရှိတဲ့ ကျွန်တော်ရဲ့ အစ်မတော်ဖြစ်သူ မာရီယာတီရီဆာ ဟာ ကိုဗစ်-၁၉ ရောဂါကြောင့် ပါရီမြို့တော်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။” ဟု ရေးသားခဲ့သည်။
စပိန်ဘုရင် ဖိလစ်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မခံရကြောင်း စစ်ဆေးပြီးနောက် မင်းသမီး မာရီယာ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
၁၉၃၃ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်တွင် မွေးဖွားခဲ့သည့် မင်းသမီး မာရီယာသည် ပြင်သစ် နိုင်ငံတွင် ပညာသင်ကြားခဲ့ပြီး ပါရီမြို့တော်ရှိ Sorbonne တက္ကသိုလ်အပြင် မက်ဒရစ်မြို့တော်ရှိ Complutense တက္ကသိုလ်၊ လူမှုရေးသိပ္ပံဌာန၌ ပါမောက္ခတစ်ဦး ဖြစ်လာခဲ့သည်။
ပွင့်လင်းသောအမြင်များ၊ တက်ကြွလှုပ်ရှားမှုဆောင်ရွက်ချက်များကြောင့် မင်းသမီး မာရီယာမှာ လူသိ များပြီး “အနီရောင်မင်းသမီး” အဖြစ် ချစ်စနိုးအမည် ရရှိလာခဲ့သည်။
မင်းသမီး မာရီယာ၏ ဈာပနအခမ်းအနားကို မက်ဒရစ်မြို့တော်တွင် မတ်လ ၂၇ ရက်က ကျင်းပခဲ့သည်။
ထို့အပြင် မင်းသား ချားလ်မှာ ယခုအပတ်အစောပိုင်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် ပထမ ဆုံးသော ဗြိတိန်တော်ဝင်မျိုးနွယ်ဝင်တစ်ဦး ဖြစ်လာခဲ့သည်။
ချားလ်မင်းသား၏မယ်တော် အဲလိဇဘတ်ဘုရင်မကြီး မှာ သားတော်ဖြစ်သူ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသော်လည်း ကျန်းမာရေးကောင်းမွန်ကြောင်း ဘတ်ကင် ဟမ်နန်းတော် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
--ကိုးကား--အေအက်ဖ်ပီ
Ref; Princess Maria Teresa of Spain becomes first royal to die from COVID-19
Search
Sunday, March 29, 2020
Subscribe to:
Post Comments (Atom)
Popular Posts
-
EPN Brief News မြစ်ကြီးနား၊ ဖေဖေါ်ဝါရီ ၂၀ ကချင်ပြည်နယ် ခေါင်လန်ဖူးဒေသခံများအတွက် လီဆူရိုးရာ ဝတ်ဆုံ ၂၀စုံကို ကချင်ပြည်နယ် လီဆူတိုင်းရင...
-
ဒေသတွင်း၌ လူငယ်များအလုပ်အကိုင်ရရှိစေရန် SPIC/ACHC ကုမ္ပဏီမှ အသက်မွေးဝမ်းကြောင်း သင်တန်း အခမဲ့ဖွင့်လှစ်ပေး EPN မြစ်ကြီးနား၊ စက်တ...
-
" မြန် မာ နိုင် ငံ ကို ပေး သင့် တဲ့ နစ် နာ ကြေး အ လျော် " (ဆောင်း ပါး) ရ ခိုင် ဒေ သ က မွတ် စ လင် ဘ င်္ဂါ လီ ပြ ဿ နာ ကြောင်...
-
မိုးညှင်းမြို့ ပုညရှင်စက္ခုပါလမျက်စိဆေးရုံနှင့် သင်္ဃမိတ္တာသီလရှင်တိုက်တွင် Covid-19 Quarantine ဝင်နေသူများအား စတီဒီယို တီးဝိုင်းနှင့်ဖျော...
-
စစ်မဲ့ဇုန်အတွင်း မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား EPN နိုင်ငံတကာ၊ မေ ၃ ယမန်နေ့က မြော...
No comments:
Post a Comment