Search
Thursday, March 19, 2020
လုပ်အားခမရသည့် တစ်သျှူးငှက်ပျောလုပ်သား ၄၀ ကျော် လဝကဝန်ကြီးထံလာတွေ့
လုပ်အားခမရသည့် တစ်သျှူးငှက်ပျောလုပ်သား ၄၀ ကျော် လဝကဝန်ကြီးထံလာတွေ့
EPN
မြစ်ကြီးနား၊ မတ် ၁၉
တစ်သျှူးငှက်ပျော ကုမ္ပဏီတစ်ခုမှ ငှက်ပျော်လုပ်သား ၄၂ ဦးက လုပ်အားခမရသည့်အတွက် လုပ်အားခ ရရှိရေးကူညီဖြေရှင်းပေးရန် ယနေ့ (မတ် ၁၉)ရက်နေ့ကကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးထံ လာရောက်အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။
ယင်းလုပ်သားများမှာ ဝိုင်းမော်မြို့နယ် တာလောကြီးကျေးရွာရှိ တစ်သျှူးငှက်ပျောကုမ္ပဏီတစ်ခုတွင် ကျင်းစားအဖြစ် ဝင်ရောက်လုပ်ကိုင်နေသည့် လုပ်သားများပြီး လုပ်အားမရသည်မှာ (၇)လခန့်ကြာမြင့်နေပြီဖြစ်သောကြောင့် ယခုကဲ့သို့ ပြည်နယ် လဝကဝန်ကြီးထံ လာရောက် အကူအညီတောင်းခံရခြင်းဖြစ်ကြောင်း ယင်းအလုပ်သမားခေါင်းဆောင် ဒေါ် နီနီအောင်က ဆိုသည်။
“လောပန်းတွေက ကျွန်မတို့ ငှက်ပျောလုပ်တဲ့အလုပ်သမားခတွေမပေးလို့ ဝန်ကြီးရုံးကိုလာပြီးမှ အကူအညီတောင်းရတာပါ။ ဝန်ကြီးရုံးက ဖြေရှင်းပေးမယ်လို့တော့ ပြောပါတယ် ။ ရက်တိတိကျကျတော့ မသိသေးပါဘူး”ဟု ဒေါ်နီနီအောင်က ပြောသည်။
ယင်းလုပ်သားများကို ယင်းကုမ္ပဏီနှင့်ယခုကဲ့သို့ လုပ်ခပြသာနာတက်နေသောကြောင့် အလုပ်ရပ်နားထားသည်မှာ တစ်လနီးပါးကြာမြင့်နေပြီဖြစ်ပြီး ကျန်သည့်ကုမ္ပဏီများတွင်လည်း သွားရောက်လုပ်ကိုင်ခွင့်မရအောင် အဆိုပါကုမ္ပဏီအနေဖြင့် ကျန်ကုမ္ပဏီများကို ကြိုအသိပေးမှုများပြုလုပ်ထားကြောင်း ဒေါ်နီနီအောင်က ထည့်သွင်းပြောဆိုသည်။
“သူတို့နဲ့ ကျွန်မတို့နဲ့ ပြသာနာဖြစ်တဲ့အခါ ကြတော့ အလုပ်မလုပ်ပဲနေရတယ်။ ပြီးတော့အပြင်က ကုမ္ပဏီတွေမှာပေါ့ အလုပ်ထွက်လုပ်တဲ့အချိန်မှာ ကျွန်မတို့အလုပ်သမားအားလုံးကို ပိတ်လိုက်တယ်။ ဒီအလုပ်သမားတွေက အကျင့်ပျက်တဲ့ အလုပ်သမားတွေပေါ့ အဲ့လိုစွပ်စွဲပြီးမှ ကျွန်မတို့ပုံတွေနဲ့ တင်ပြီး သူတို့သုံးတဲ့ Wechat အားလုံးဖြန့်တယ်အလုပ်မရအောင်ပေါ့။” ဟု ၎င်းကထည့်သွင်းပြောဆိုခဲ့သည်။
ယင်းအလုပ်သမားများမှာ အနယ်နယ်အရပ်ရပ်မှ လာရောက်လုပ်ကိုင်ကြသူများ ဖြစ်ပြီးစစ်ကိုင်းတိုင်းဒေသကြီးမှ အများဆုံးပါဝင်ကြောင်း သိရသည်။
လွမ်းအောင်
Subscribe to:
Post Comments (Atom)
Popular Posts
-
EPN Brief News မြစ်ကြီးနား၊ ဖေဖေါ်ဝါရီ ၂၀ ကချင်ပြည်နယ် ခေါင်လန်ဖူးဒေသခံများအတွက် လီဆူရိုးရာ ဝတ်ဆုံ ၂၀စုံကို ကချင်ပြည်နယ် လီဆူတိုင်းရင...
-
ဒေသတွင်း၌ လူငယ်များအလုပ်အကိုင်ရရှိစေရန် SPIC/ACHC ကုမ္ပဏီမှ အသက်မွေးဝမ်းကြောင်း သင်တန်း အခမဲ့ဖွင့်လှစ်ပေး EPN မြစ်ကြီးနား၊ စက်တ...
-
" မြန် မာ နိုင် ငံ ကို ပေး သင့် တဲ့ နစ် နာ ကြေး အ လျော် " (ဆောင်း ပါး) ရ ခိုင် ဒေ သ က မွတ် စ လင် ဘ င်္ဂါ လီ ပြ ဿ နာ ကြောင်...
-
မိုးညှင်းမြို့ ပုညရှင်စက္ခုပါလမျက်စိဆေးရုံနှင့် သင်္ဃမိတ္တာသီလရှင်တိုက်တွင် Covid-19 Quarantine ဝင်နေသူများအား စတီဒီယို တီးဝိုင်းနှင့်ဖျော...
-
စစ်မဲ့ဇုန်အတွင်း မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား EPN နိုင်ငံတကာ၊ မေ ၃ ယမန်နေ့က မြော...
No comments:
Post a Comment