သတင်းအရ ရှာဖွေရာ ပဲစင်ပေါ်၌ ပဲရွက်များဖြင့် ဖုံးအုပ်ထားသည့် စိတ်ကြွဆေးပြား ၅၀၀ ကျော် ဖမ်းဆီးရမိ
EPN
ဗန်းမော်၊ မတ် ၁၉
ကချင်ပြည်နယ်၊ ရွှေကူမြို့တွင် သတင်းအရရှာဖွေရာ ပဲစင်ပေါ်၌
ပဲရွက်များဖြင့် ဖုံးအုပ်ထားသည့် စိတ်ကြွဆေးပြား ၅၀၀
ကျော်ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်တပ်ဖွဲ့စု (၁)(ဗန်းမော်)မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု (၁ ) (ဗန်းမော်)၊ ရွှေကူ(လှုပ်ရှား)မှ ဒုရဲအုပ် ဖြိုးသူရအောင်နှင့် တပ်ဖွဲ့ဝင်များ၊ ကျောက်ကြီးရဲကင်းစခန်းမှ ဒုရဲအုပ် နိုင်ဝင်းသိန်းနှင့်တပ်ဖွဲ့ဝင်များသည်သက်သေများနှင့်အတူ မတ်လ ၁၉ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်က မူးယစ်ဆေးဝါးသတင်းအရ ရွှေကူမြို့နယ်၊ ရွှေဘုံသာကျေးရွာအုပ်စု၊ နောင်ကုတ်ကျေးရွာနေ အေးအေးမော် ၏ နေအိမ်ကို ဝရမ်းအမှတ် ၁၅/၂၀၂၀ ဖြင့် ဝင်ရောက်ခဲ့ ကြသည်။
အေးအေးမော်ကို နေအိမ်၌တွေ့ ရှိရပြီး စစ်ဆေးရှာဖွေရာ နေအိမ်ခြံဝင်းအတွင်းရှိ ပဲစင်ပေါ်တွင် ပဲရွက်များဖြင့် ဖုံးအုပ်ထားသည့် အဖုံးပါ ခဲရောင်ပလပ်စတစ် ကော်ဗူးကြီးအတွင်းမှ အပြာရောင် ပလပ်စတစ်အိတ်ဖြင့်ထည့်လျှက် တစ်အိတ်လျှင် WY စာတမ်းပါ နီညိုရောင်စိတ်ကြွဆေးပြား ၁၉၅ စီ ပါ ၃ ထုပ်၊ စုစုပေါင်း စိတ်ကြွဆေးပြား ၅၈၅ ပြား၊ အလေးချိန် ၅၂ ဒသမ ၆၅ ဂရမ်၊ တန်ဘိုးငွေကျပ် ၁,၁၇၀,၀၀၀ ၊ ဖုန်းနံပါတ် ၀၉ ၇၇၂၂၅ ၆၆၆၀ နှင့် ၀၉:၆၆၂၃၆၂၂၄၃ SIM card ပါ လက်ကိုင်ဖုန်း တစ်လုံး ၊ မြန်မာငွေ ကျပ် ၁၂,၀၀၀ တို့ ရှာဖွေတွေ့ ရှိခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဒုရဲအုပ် ဖြိုးသူရအောင်က တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် ရွှေကူမြို့မရဲစခန်းက မယ(ပ )၁၄ /၂၀၂၀၊ မူး/စိတ် ပုဒ်မ-၁၉ (က)/၂၁ အရအမှုဖွင့်ပြီး အေးအေးမော် ၄၇ နှစ်၊ (ဘ) ဦးမြင့်သိန်း၊ နောင်ကုတ်ကျေးရွာ၊ ရွှေကူမြို့နယ် နေထိုင်သူနှင့် ကွင်းဆက်ပြစ်မှုကျူးလွန်သူ ထွန်းထွန်း ၃၉ နှစ်၊ (ဘ) ဦးအုန်းလှိုင်၊ ကိုင်းရွာ၊ မဏိသြဂကျေးရွာအုပ်စု၊ ရွှေကူမြို့နယ် နေထိုင်သူတို့ကို အမှုစစ် ရဲအုပ် နိုင်ဝင်းသိန်းက စစ်ဆေးအရေးယူ ဆောင်ရွက်လျှက်ရှိသည်။
အဆိုပါစိတ်ကြွဆေးပြားများကို မတ်လ ၁၅ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်က ဆေးပြားတစ်ထုပ်လျှင် ၄၅၀၀၀ ကျပ်ဖြင့် ဆေးပြား ၃ ထုပ် ဝယ်ယူခဲ့ပြီး တစ်ထုပ်လျှင် ၅၀၀၀၀ ကျပ်ဖြင့် ပြန်လည်ရောင်းချရန် ပဲစင်ပေါ်၌ သိုဝှက်ထားစဉ် ဖမ်းဆီးခံရကြောင်း ရဲစက္ကူ မှတ်တမ်းအရ သိရသည်။
ဗန်းမော်သုခမိန်

No comments:
Post a Comment