မန္တလေးက ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါပိုးရှိသူ ၏ နေအိမ်ပတ်ဝန်းကျင်တွင် ဆေးဖြန်း
EPN
မန္တလေး၊ မတ် - ၂၇
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာတန်ဖိုးနည်းအိမ်ရာတွင် နေထိုင်သည့် အမေရိကန်နိုင်ငံသား ခံယူထားသော မြန်မာလူမျိုး အသက် (၃၃) နှစ်ရွယ် အမျိုးသားတွင် ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ပြီး ၎င်းနေထိုင်ရာ အိမ်နှင့် ပတ်ဝန်းကျင်တွင် ပိုးသတ်ဆေးဖြန်းခြင်းများဆောင်ရွက်လျှက်ရှိသည် ။
အဆိုပါ ပိုးတွေ့ရှိသူအနေဖြင့် ရန်ကုန်မြို့သို့ (၁၉-၃-၂၀၂၀) ရက်နေ့တွင် ပြန်လည် ရောက်ရှိခဲ့ပြီး (၂၂-၃-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် မောပန်းခြင်း လက္ခဏာ များ ခံစားခဲ့ရသဖြင့် (၂၅-၃-၂၀၂၀) ရက်နေ့တွင် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လာရောက် ပြသခဲ့ရာ ကန်တော်နဒီဆေးရုံသို့ လွှဲပြောင်း၍ စောင့်ကြည့်လူနာအဖြစ် သီးသန့်ခန်းတွင် ထားရှိ၍ ကုသမှုပေးလျက်ရှိသည်။
``ဆေးစစ်တယ် အိမ်မှာပဲ ၁၄ ရက်နေဖို့စောင့်ကြည့်တယ်။ အဲ့လိုနေရင်းနဲ့မှ သူက ကျန်းမာရေးမကောင်းလို့ ဆိုပြီး ဆေးရုံကြီးရောက်တာ ။ ဒီကြားထဲမှာ လိုက်စုံစမ်းတဲ့အခါ ဆေးခန်းတွေသွားခဲ့တယ်။ ဒီဆေးခန်းတွေ လည်း လိုက်စုံစမ်းနေတယ် ။´´ ဟု ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်အောင်မိုး က ပြောသည်။
အဆိုပါလူနာသည် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ (၁၉-၃-၂၀၂၀)ရက်နေ့၊ ညနေ (၆) နာရီတွင် Qatar Airline ဖြင့် ပြန်လည်ရောက်ရှိခဲ့ပြီး တောင်ဥက္ကလာမြို့နယ်တွင် တစ်ည အိပ်နေထိုင်ခဲ့ကြောင်း (၂၀-၃-၂၀၂၀)ရက်နေ့၊ ည(၁၀)နာရီတွင် ရန်ကုန်မြို့မှ မန္တလေး မြို့သို့ ခိုင်မန္တလေး အဝေးပြေးမှန်လုံယာဉ်ဖြင့် သွားရောက်ခဲ့ပြီး ကားဂိတ်မှ ချမ်းမြသာစည် မြို့နယ်ရှိနေအိမ်သို့ သုံးဘီးယာဉ်ဖြင့် သွားရောက်ခဲ့ကြောင်း သိရှိရပါသည်။
သုံးဘီးမောင်းသမားအနေဖြင့်လည်း ဆေးစစ်ရန်ဆောင်ရွက်လျှက်ရှိပြီး ပိုးတွေ့သူ၏ မိသားစုဝင်များကို လည်း ဆက်လက်စစ်ဆေးမှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်အောင်(မန္တလေး)
Search
Subscribe to:
Post Comments (Atom)
Popular Posts
-
EPN Brief News မြစ်ကြီးနား၊ ဖေဖေါ်ဝါရီ ၂၀ ကချင်ပြည်နယ် ခေါင်လန်ဖူးဒေသခံများအတွက် လီဆူရိုးရာ ဝတ်ဆုံ ၂၀စုံကို ကချင်ပြည်နယ် လီဆူတိုင်းရင...
-
ဒေသတွင်း၌ လူငယ်များအလုပ်အကိုင်ရရှိစေရန် SPIC/ACHC ကုမ္ပဏီမှ အသက်မွေးဝမ်းကြောင်း သင်တန်း အခမဲ့ဖွင့်လှစ်ပေး EPN မြစ်ကြီးနား၊ စက်တ...
-
" မြန် မာ နိုင် ငံ ကို ပေး သင့် တဲ့ နစ် နာ ကြေး အ လျော် " (ဆောင်း ပါး) ရ ခိုင် ဒေ သ က မွတ် စ လင် ဘ င်္ဂါ လီ ပြ ဿ နာ ကြောင်...
-
မိုးညှင်းမြို့ ပုညရှင်စက္ခုပါလမျက်စိဆေးရုံနှင့် သင်္ဃမိတ္တာသီလရှင်တိုက်တွင် Covid-19 Quarantine ဝင်နေသူများအား စတီဒီယို တီးဝိုင်းနှင့်ဖျော...
-
စစ်မဲ့ဇုန်အတွင်း မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား EPN နိုင်ငံတကာ၊ မေ ၃ ယမန်နေ့က မြော...
No comments:
Post a Comment