တီးတိန်မြို့တွင် COVID-19ရောဂါကာကွယ်ထိန်းချုပ်ရန် ဆေးဖြန်း
EPN
ကလေး၊မတ် ၂၇
ချင်းပြည်နယ် တီးတိန်မြို့တွင် COVID-19ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် မြို့တွင်း ဆေးဖြန်းခြင်းကို ယနေ့ နံနက်ပိုင်းကစတင်ဆောင်ရွက်နေကြောင်း သိရသည်။
COVID-19ရောဂါကာကွယ်ထိန်းချူပ်ရေးအတွက် ချင်းပြည်နယ်COVID-19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေးကော်မတီဦးဆောင်ပြီး ဌာနဆိုင်ရာများနှင့်တီးတိန်လူငယ်များပူးပေါင်း၍ မြို့တွင်းဆေးဖြန်းခြင်း ဆောင်ရွက်နေပြီး ၎င်းအပြင် ပညာပေးလက်လမ်းစာစောင်များ ဖြန့်ဝေခြင်း၊ မြို့အဝင်အထွက်များတွင် ကျန်းမာရေးစစ်ဆေးခြင်း၊ လက်ဆေးရန်စီစဉ်ပေးခြင်း၊ အဝင်အထွက်စာရင်းယူမှုများဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
"အဓိကတော့ အခုလိုမြို့တွင်းဆေးဖြန်းတာဟာ COVID-19ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ဆောင်ရွက်တာဖြစ်တယ်"ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးပေါင်လွန်မင်းထန်ကပြောသည်။
မတ်လ ၁၃ ရက်က အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သူ ၃၆ နှစ်အရွယ် အမျိုးသားသည် ကိုရိုနာဗိုင်းရပ်ပိုး တွေ့ရှိသဖြင့် မတ် ၂၃ မှစ၍ ချင်းပြည်နယ်၊ တီးတိန်မြို့၊ ပြည် သူ့ ဆေး ရုံတွင် သီးသန့်ခန်းဖြင့် စောင့်ကြည့်ကုသပေးလျက်ရှိရာ ပိုးတွေ့သူအား ကျန်းမာလျက်ရှိကြောင်း သိရသည်။
လက်ရှိအချိန်တွင် ချင်းပြည်နယ် တီးတိန်မြို့နယ် ပြည်သူ့ဆေးရုံတွင်(COVID-19)ရောဂါပိုး တွေ့ရှိသည့် လူနာနှင့်ဆက်ဆံခဲ့သူများကို မြို့နယ်အဆင့်တာဝန်ရှိသူများက စစ်ဆေးနေပြီး ၎င်းနေထိုင်ခဲ့သည့် တီးတိန် မြို့နယ် ကက်သဲလ်ရွာကိုလည်း Load Downချထားပြီး အနီးကပ်ကျန်းမာရေး စောင့်ရှောက်ပေးလျက်ရှိ ကြောင်း သိရသည်။
ထို့အပြင် ကပ်တဲလ်ကျေးရွာကို COVID-19ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ဆေးဖြန်းထားကြောင်း သိရသည်။
သူရိယထက်
Search
Subscribe to:
Post Comments (Atom)
Popular Posts
-
EPN Brief News မြစ်ကြီးနား၊ ဖေဖေါ်ဝါရီ ၂၀ ကချင်ပြည်နယ် ခေါင်လန်ဖူးဒေသခံများအတွက် လီဆူရိုးရာ ဝတ်ဆုံ ၂၀စုံကို ကချင်ပြည်နယ် လီဆူတိုင်းရင...
-
ဒေသတွင်း၌ လူငယ်များအလုပ်အကိုင်ရရှိစေရန် SPIC/ACHC ကုမ္ပဏီမှ အသက်မွေးဝမ်းကြောင်း သင်တန်း အခမဲ့ဖွင့်လှစ်ပေး EPN မြစ်ကြီးနား၊ စက်တ...
-
" မြန် မာ နိုင် ငံ ကို ပေး သင့် တဲ့ နစ် နာ ကြေး အ လျော် " (ဆောင်း ပါး) ရ ခိုင် ဒေ သ က မွတ် စ လင် ဘ င်္ဂါ လီ ပြ ဿ နာ ကြောင်...
-
မိုးညှင်းမြို့ ပုညရှင်စက္ခုပါလမျက်စိဆေးရုံနှင့် သင်္ဃမိတ္တာသီလရှင်တိုက်တွင် Covid-19 Quarantine ဝင်နေသူများအား စတီဒီယို တီးဝိုင်းနှင့်ဖျော...
-
စစ်မဲ့ဇုန်အတွင်း မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား EPN နိုင်ငံတကာ၊ မေ ၃ ယမန်နေ့က မြော...
No comments:
Post a Comment