EPN
မြစ်ကြီးနား၊ မတ် ၂၈
လတ်တလောမြန်မာနိုင်ငံတွင် ဖြစ်ပွားလျှက်ရှိသည့် COVID-19 ရောဂါ
ကာကွယ်ရေးအတွက် လိုအပ်သော ပစ္စည်များ ၀ယ်ယူနိုင်ရန်အတွက် ၀ါးရှောင်ဆရာတော်
ဦးဝိဇယ ဦးဆောင်သော အလှူရှင်များမှ ယနေ့ မတ်လ ၂၈ ရက်နေ့က မြစ်ကြီးနား
ပြည်သူ့ဆေးရုံသို့ အလှူငွေကျပ်သိန်း တစ်ရာ့သုံးဆယ် လှူဒါန်းခဲ့ကြောင်း
သိရသည်။
လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်မှ ၀ါးရှောင်ဆရာတော် ဦးဝိဇယက ယခုကဲ့သို့ မိန့်ကြားသည်။
“မြစ်ကြီးနားမြို့ခံ အလှူရှင်များနဲ့ အနယ်နယ်အရပ်မှ အလှူရှင်များ ပါဝင်လှူဒါန်းခဲ့ကြတာဖြစ်ပါတယ်၊ ငွေသားလှူဒါန်းဖို့အတွက် မြစ်ကြီးနားပြည်သူ့ဆေးရုံကို ဆက်သွယ်ခဲ့တာ တာဝန်ခံက ငွေသားဆို လက်မခံဘူး၊ ဒါကြောင့် Covid 19 ရောဂါ ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ စက်ကိရိယာတွေ၊ ဆေးဝါဆိုင်ရာ ပစ္စည်းများကိုသာ မှာယူစေပြီး အခုလို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်” ဟု ၀ါးရှောင်ဆရာတော်က မိန့်ကြားသည်။
ယခုလှူဒါန်းမှုကို ပြည်နယ်အထူးကုသမားတော်ကြီး ဒေါက်တာနေ၀င်းက လက်ခံရယူပေးခဲ့ပြီး Covid19 ကာကွယ်ရေးအတွက် ဆရာတော်အနေနှင့် အလှူရှင်တွေ စုပေါင်းအားဖြင့် ယခုကဲ့သို့ စွမ်းဆောင်ပေးခဲ့ သည့်အပေါ် အလွန်တရာကျေးဇူးတင်ပါကြောင်းနှင့် အလှူရှင်များအားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
သတင်း/ဓါတ်ပုံ - သားသား

No comments:
Post a Comment