မုံရွာမြို့ Win Unity Hotelကို Lock down ချမည်
EPN
မုံရွာ၊မတ် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ Win Unity Hotelကို ယနေ့ ညနေပိုင်းတွင် Lockdownချမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဒေါက်တာဇော်ဝင်းကပြောသည်။
Covid-19 လူနာ ပြင်သစ်ဧည့်လမ်းညွှန်အမျိုးသမီးတစ်ဦးမှ ပြင်သစ်နိုင်ငံသား ဧည့်သည်များနှင့်အတူ မုံရွာ ဝင်းယူနတီဟိုတယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းက ရောက်ရှိခဲ့ပြီးနောက် မုံရွာမြို့အနီးတဝိုက်နေရာနှင့် ဗိုလ်ဝင်းတောင်၊ ရွှေဘတောင်တို့တွင် အလည်အပတ် ရောက်ရှိသွားခဲ့ကြောင်း သိရသည်။
"မုံရွာမြို့ Win Unity Hotelကို မတ် ၂၈ ၊၂၉၊၃၀၊၃၁ရက်အထိပါ။သူ့သွားခဲ့တဲ့ Chindwin Riverကိုလဲ Lock downချမယ်။ မုံရွာဟိုတယ်လဲLockdownချမယ်။ မုံရွာဟိုတယ်ကိုသူမသွားဘူးလို့ပြောတယ်။ ဒါပေမယ့် စစ်ဆေးချက်အရ မနက်စာစားခဲ့တယ်။ဒါပြီးသူသွားတဲ့ဗိုလ်ဝင်းတောင်၊ရွှေဘတောင်တို့ကို လိုက်ဆက်သွယ် နေတယ်။သူတို့ကိုအကြောင်းကြားဖို့၊လိုအပ်ရင်လိုအပ်သလို လုပ်ဖို့ ကျန်းမာရေးရော၊ ရပ်ကျေးအုပ်ချုပ် ရေးမှူးတွေကောအကုန်နေပါတယ်"ဟု၎င်းကပြောသည်။
Win Unity Hotelတွင် COVID- 19 လူနာနှင့်အနီးကပ်တွေ့ရှိသူများကို ဝန်ထမ်းများစာရင်းများပါ တောင်းယူနေပြီး လိုအပ်သလိုဆောင်ရွက်နေကာ ထူးခြားရင်ထူးခြားသလို ဆောင်ရွက်မည်ဖြစ်သည်။
"အကုန်လုံးနီးပါးတော့ရနေပါပြီ။ COVID- 19 လူနာနဲ့တွေ့တဲ့သူတွေကို ကျန်းမာရေးစစ်ဆေးမှုလုပ်မယ်။ သူသွားခဲ့တဲ့နေရာတွေကိုလဲ ဆေးဖြန်းသွားမယ်။အခု Lock down ချဖို့စာပြင်နေတုန်း လုပ်နေပါပြီ"ဟု ဒေါက်တာဇော်ဝင်းကပြောသည်။
Win Unity Hotelကို Lock downချရန် ယနေ့ ညနေပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ အစိုးရအဖွဲ့အတွင်းရေးမှူး ၂ နှင့်ပြည်သူ့ကျန်းမာရေးဌာနတာဝန်ရှိသူများတို့က အစည်းအဝေးပြုလုပ် ခဲ့ကြသည်။
ထိုဧည့်လမ်းညွှန်အမျိုးသမီးတည်းခိုခဲ့သည့် မိမိတို့၏ Win Unity Resort Hotel (Monywa) အား မိဘပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို ရှေးရှုသည့်အနေဖြင့် သတင်းထုတ်ပြန်ကြေငြာချက်များ အပြီးမှာပင် မိမိတို့ကိုယ်တိုင် ပိုးသတ်ဆေးများကို ယနေ့မှစ၍ ဟိုတယ်အနှံ့ပက်ဖြန်းခြင်းနှင့် ဟိုတယ်ရှိ ဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးခြင်းတို့ကို ပြုလုပ်ပေးခဲ့ဲကြောင်း Win Unity Resort Hotel (Monywa) Pageမှရေးသားတင်ပြထားသည်။
သူရိယထက်
ဓာတ်ပုံ - Win Unity Resort Hotel (Monywa)
Search
Subscribe to:
Post Comments (Atom)
Popular Posts
-
EPN Brief News မြစ်ကြီးနား၊ ဖေဖေါ်ဝါရီ ၂၀ ကချင်ပြည်နယ် ခေါင်လန်ဖူးဒေသခံများအတွက် လီဆူရိုးရာ ဝတ်ဆုံ ၂၀စုံကို ကချင်ပြည်နယ် လီဆူတိုင်းရင...
-
ဒေသတွင်း၌ လူငယ်များအလုပ်အကိုင်ရရှိစေရန် SPIC/ACHC ကုမ္ပဏီမှ အသက်မွေးဝမ်းကြောင်း သင်တန်း အခမဲ့ဖွင့်လှစ်ပေး EPN မြစ်ကြီးနား၊ စက်တ...
-
" မြန် မာ နိုင် ငံ ကို ပေး သင့် တဲ့ နစ် နာ ကြေး အ လျော် " (ဆောင်း ပါး) ရ ခိုင် ဒေ သ က မွတ် စ လင် ဘ င်္ဂါ လီ ပြ ဿ နာ ကြောင်...
-
မိုးညှင်းမြို့ ပုညရှင်စက္ခုပါလမျက်စိဆေးရုံနှင့် သင်္ဃမိတ္တာသီလရှင်တိုက်တွင် Covid-19 Quarantine ဝင်နေသူများအား စတီဒီယို တီးဝိုင်းနှင့်ဖျော...
-
စစ်မဲ့ဇုန်အတွင်း မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား EPN နိုင်ငံတကာ၊ မေ ၃ ယမန်နေ့က မြော...
No comments:
Post a Comment