Search

Tuesday, March 31, 2020

ဝိုင်းမော်မြို့နယ်တွင် ပြည်ပမှ ပြန်လည်ပြီး Home Quarantine နေထိုင်သူ ၂၀၀ကျော်ရှိ

ဝိုင်းမော်မြို့နယ်တွင် ပြည်ပမှ ပြန်လည်ပြီး Home Quarantine နေထိုင်သူ ၂၀၀ကျော်ရှိ


EPN
မြစ်ကြီးနား၊ မတ် ၃၁



ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းတွင် ပြည်ပနိုင်ငံများမှ ဝင်ရောက်လာပြီး Home Quarantine အဖြစ်နေထိုင်သူ စုစုပေါင်းလူဦးရေ (၂၀၀)ကျော်အထိရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။


ယမန်နေ့ (မတ် ၃၀)ရက်နေ့အထိရှိထားသည့် စာရင်းအရ ဝိုင်းမော်တစ်မြို့နယ်လုံးတွင် တရုတ်၊ ထိုင်း၊ အိန္ဒိယ၊​ ဖိလစ်ပိုင်၊ မလေးရှာနိုင်ငံများသို့ကြောင်း အမျိုးမျိုးသွား ရောက်ပြီး ပြည်တော်​ပြန်လည်ဝင်ရောက်လာသူများကို မတ်လ(၂၆) ရက်နေ့က စတင်ကာ Home Quarantine အဖြစ်ထားရှိကာ ကျန်းမာရေး စောင့်ကြည့်စစ်ဆေးခြင်းပေးနေပြီး စုစုပေါင်းလူဦးရေ(၂၂၅)ဦး ရှိကြောင်း ဝိုင်းမော်မြို့နယ်အုပ်ချုပ်ရေးဦးထွန်းထွန်းက ဆိုသည်။



''လောလောဆယ်တော့ ဒီ Home Quarantine လူတွေကို ကျန်းမာရေး ပုံမှန်စစ်ဆေးပြီးစောင့်ကြည့်နေတယ်။''ဟု ဝိုင်းမော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းက ပြောသည်။
ဤသို့ Quarantine ထားရှိ စောင့်ကြည့်ရာ၌ နေအိမ်အတွင်းနှင့် အချို့ကျေးရွာ/ရပ်ကွက်များတွင် စာသင်ကျောင်းများ၌ထားရှိကာစောင့်ကြည့်နေပြီး လူဦးရေ(၃၅)ဦးကို စာသင်ကျောင်း(၆) ကျောင်း၌ထားရှိစောင့်ကြည့်နေကြောင်း သိရသည်။


''ကျွန်တော်တို့ဆီမှာကတော့ (၂၇)ရက်နေ့မှာရော်လာပြီးမှ းသတင်းပို့တဲ့သူတွေပြည်တော်ပြန်တွေပေါ့ သူတို့ကို ခတ်ချို အထက်တန်းကျောင်းမှာ သီးသန့်ထားထားပြီးစောင့်ကြည့်နေပါတယ်။ နေ့တိုင်း မနက်တစ်ခေါက် ညတစ်ခေါက် အပူချိန်တိုင်းပေးနေပါတယ်''ဟု ခတ်ချိုရေးရွာအုပ်ချုပ်ရေးမှူး ဦးလောဆွန်းက ပြောသည်။


အဆိုပါ ပြည်ပမှ ဝင်ရောက်လာသူများအနက် ထိုင်းနိုင်ငံမှ အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ တရုတ်နိုင်ငံနှင့် အိန္ဒိယ၊မလေးရှား ဖိလစ်ပိုင်တို့မှ ပြန်လာသူများမှာအနည်းငယ်ရှိကြောင်း ဝိုင်းမော်မြို့နယ်အုပ်ချုပ်ရေးမှူရုံးမှ သိရသည်။


လွမ်းအောင်

No comments:

Popular Posts