EPN
မိုးညှင်း၊ မတ် ၃၁
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ လုံးစန့်ကျေးရွာတွင်
ဆိုင်ကယ်စီးလာသူအမျိုးသားတစ်ဦးထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိသဖြင့်
ဥပဒေနှင့်အညီ အရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ်လ (၃၀)ရက်နေ့ နေ့လယ် (၂)နာရီအချိန်ခန့်တွင် မိုးညှင်းမြို့ မူးယစ်တပ်ဖွဲ့စု (၃)မှ ရဲအုပ် နေလင်းထွန်းနှင့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါးသတင်းအရ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ လုံးစန့်ကျေးရွာအနီး စောင့်ဆိုင်းနေစဉ် လုံးစန့်ကျေးရွာဘက်မှ ရွာသစ်ကျေးရွာဘက်သို့ ဦးလှကြိုင် မောင်းနှင်လာသော KENBO-125 အမျိုးအစား
ဆိုင်ကယ်အား တားဆီးစစ်ဆေးရာ ဦးလှကြိုင်လွယ်ထားသော လွယ်အိတ်အတွင်းမှ ရောင်စုံဆပ်ပြာခွက်များအတွင်း ဘိန်းဖြူဟုယူဆရသော ဖြူ/ဝါမှုန့်အလေးချိန် (၁၀)ဂရမ်စီပါ ဆပ်ပြာခွက် (၄)ခွက် စုစုပေါင်း ဘိန်းဖြူအလေးချိန် (၄၀)ဂရမ်နှင့် စိတ်ကြွဆေးပြားဟုယူဆရသည့် တံဆိပ်မပါ ပန်းရောင်ဆေးပြား (၇၅)ပြားတို့အား ရှာဖွေတွေ့ရှိရသဖြင့် ရဲအုပ် နေလင်းထွန်းက သက်သေခံပစ္စည်းများအား သက်သေများရှေ့တွင် ဥပဒေနှင့်အညီ သိမ်းဆည်းခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးလှကြိုင် (၃၂)နှစ်၊ (ဘ) ဦးမောင်ကန်၊ အောင်ချမ်းသာရပ်ကွက်၊ အုတ်ကျင်းဒေသစိတ်၊ မိုးညှင်းမြို့ နေထိုင်သူအား လုံးတုံနယ်မြေရဲစခန်းမှ မယ(ပ)၁၉/၂၀၂၀၊ ပုဒ်မ-၁၉(က) ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
မင်္ဂလာဦး

No comments:
Post a Comment