ကလေးမြို့နယ် မော်လိုက်ကလေးအကျဉ်းထောင်မှ အကျဉ်းသား ၅၆၆ ဦးလွတ်မြောက်
EPN
ကလေး၊ဧပြီ - ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် မော်လိုက်ကလေးအကျဉ်းထောင်မှ
အကျဉ်းသား ၅၆၆ ဦး နှစ်ဆန်းတစ်ရက်နေ့ နိုင်ငံတော်သမ္မတ
လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ယနေ့ နံနက်ပိုင်းက လွတ်မြောက်ခဲ့ကြောင်း
88ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း(ကလေးမြို့)ဦးဘကြူးကပြောသည်။
"မော်လိုက်ကလေးထောင်ကနေ အကျဉ်းသား ၅၆၆ ဦးလွတ်မြောက်တယ်။အဲဒီထဲမှာ
အိန္ဒိယနိုင်ငံသား ၃၁ နဲ့တရုတ် ၁ ဦးတို့လဲပါဝင်ပါတယ်။"ဟု ၎င်းကပြောသည်။
မော်လိုက်ကလေးအကျဉ်းထောင်မှ အကျဉ်းသား ၅၆၆ ဦး လွတ်မြောက်လာသူများကို
88ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း(ကလေးမြို့)မှ
Maskနှင့်လက်ဆေးရည်များကို ပေးဝေခဲ့ခြင်းဖြစ်သည်။
ထို့အပြင်
မော်လိုက်ကလေးထောင်မှ လွတ်မြောက်လာသည့် အကျဉ်းသားများကို ပို့ပေးရန်အတွက်
အရပ်အဖက်အဖွဲ့များနှင့်ဒေသခံများတို့က ပူးပေါင်းပြီး ကားများဖြင့်
ပို့ဆောင်ပေးမည်ဖြစ်သည်။
"လွတ်မြောက်လာတဲ့သူတွေကို နယ်ဒေသတွေဆီ
ပို့ဖို့အတွက် ကားတွေစီစဉ်ပေးထားပါတယ်။ဒီလိုအချိန်မှာ
ကျန်ရက်မှာစိုးလို့မြို့ကလူတွေက ကားတွေစီစဉ်ပို့ပေးကြတယ်"ဟု ၎င်းကပြောသည်။
မြန်မာနှစ်သက်မင်္ဂလာအခါသမယအထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့်လူသားချင်းစာနာထောက်ထားမှုကို
အလေးထားသောအားဖြင့်လည်းကောင်း နိုင်ငံတော်သမ္မသည်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄၊ပုဒ်မခွဲ
(က)အရ အကျဉ်းထောင်၊စခန်းအသီးသီးရှိ အကျဉ်းသား၊သူ စုစုပေါင်း ၂၄၈၉၆
ဦးတို့အား စည်းကမ်းသတ်မှတ်ချက်မထားဘဲ
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း ယနေ့ နိုင်ငံတော်သမ္မတရုံးမှ
ထုတ်ပြန်လိုက်သည်။
သူရိယထက်
ဓာတ်ပုံ-ကျော်သက်ဝင်း
Search
Subscribe to:
Post Comments (Atom)
Popular Posts
-
EPN Brief News မြစ်ကြီးနား၊ ဖေဖေါ်ဝါရီ ၂၀ ကချင်ပြည်နယ် ခေါင်လန်ဖူးဒေသခံများအတွက် လီဆူရိုးရာ ဝတ်ဆုံ ၂၀စုံကို ကချင်ပြည်နယ် လီဆူတိုင်းရင...
-
ဒေသတွင်း၌ လူငယ်များအလုပ်အကိုင်ရရှိစေရန် SPIC/ACHC ကုမ္ပဏီမှ အသက်မွေးဝမ်းကြောင်း သင်တန်း အခမဲ့ဖွင့်လှစ်ပေး EPN မြစ်ကြီးနား၊ စက်တ...
-
" မြန် မာ နိုင် ငံ ကို ပေး သင့် တဲ့ နစ် နာ ကြေး အ လျော် " (ဆောင်း ပါး) ရ ခိုင် ဒေ သ က မွတ် စ လင် ဘ င်္ဂါ လီ ပြ ဿ နာ ကြောင်...
-
မိုးညှင်းမြို့ ပုညရှင်စက္ခုပါလမျက်စိဆေးရုံနှင့် သင်္ဃမိတ္တာသီလရှင်တိုက်တွင် Covid-19 Quarantine ဝင်နေသူများအား စတီဒီယို တီးဝိုင်းနှင့်ဖျော...
-
စစ်မဲ့ဇုန်အတွင်း မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား EPN နိုင်ငံတကာ၊ မေ ၃ ယမန်နေ့က မြော...
No comments:
Post a Comment