ဖားကန့် မှော်ဝမ်းကြီးတွင် နေအိမ်ခြံဝန်းတစ်ခုအား မီးလောင်ကျွမ်းမှုဖြစ်ပေါ်
EPN
ဖားကန့်၊ဧပြီ ၁၇
ဖားကန့်မြို့နယ်၊မှော်ဝမ်းရပ်ကွက်၊မှော်ဝမ်းကြီးမှော်ကျေးရွာရှိ
နေအိမ်ခြံဝင်းတစ်ခုအား ဧပြီလ (၁၆)ရက် ည (၇း၀၀)နာရီ အချိန်ခန့်က မီး လောင်
ကျွမ်းသည့် ဖြစ်စဥ်တစ်ခု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ
မှော်ဝမ်းကြီးကျေးရွာနေ ဦးဘရန်အောင်၏ နေအိမ်အောက်ထပ်တွင်
အိမ်ခန်းဌားနေထိုင်သော ဦးမာလအိပ်ခန်းမှ မီးစတင်လောင်
ကျွမ်းရခြင်းဖြစ်ကြောင်း မှတ်တမ်းများတွင် ဖော်ပြပါရှိသည်။
အဆိုပါ
မီးလောင်ကျွမ်းမှုကြောင့် ယင်းနေအိမ်ခြံဝင်းအတွင်း
အိမ်ခန်းဌားရန်ဆောက်လုပ်ထားရှိသည့် (၁၈×၁၈)ပေ ပတ်လည်
သွပ်မိုး၊ထရံကာပျဥ်ခင်း( ၂ )ထပ် အဆောက်အဦး( ၁ ) လုံး၊( ၂၄×၈ )ပေ ပတ်လည်
သွပ်မိုး၊ထရံကာ၊မြေစိုက်(၁)ထပ်အဆောက်အဦး (၁)လုံး၊မီးဖိုဆောင်
(၁)ဆောင် မီးလောင်ဆုံးရှုံးခဲ့ပြီး၊ဆုံးရှုံးမှု တန်ဖိုးစုစုပေါင်းမှာ
(၁၀၅၀၀၀၀) ကျပ်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှု
ဖြစ်ပွားရာသို့
မြို့နယ်ဌာနဆိုင်ရာအဖွဲ့၊မော်ဝမ်းရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ဖားကန့်မြို့မရဲစခန်းမှ
ဒုရဲမှူး မင်းဇော် ဦးစီးတပ်ဖွဲ့ဝင်များ၊သန္ဓေ/အရန်
မီးသတ်တပ်ဖွဲ့များ၊ကျေးရွာနေပြည်သူများ စုစုပေါင်းအင်အား (၁၅၀)ဦးခန့်မှ
မီးသတ်ယာဥ်(၅)စီး၊ရေသယ်ယာဥ်( ၂ )စီးတို့ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ည
(၈း၀၀)နာရီအချိန်ခန့်မှာ မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် ဦးမာလ(၄၃)နှစ်(အိမ်ဌား)အား ပုဒ်မ-၂၈၅
ဖြင့်အမှုဖွင့်အရေးယူရန် စီစဥ်ဆောင်ရွက်နေကြောင်းသိရပြီး၊မီးလောင်
ကျွမ်းမှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်
ရာရရှိသေဆုံးမှုမရှိခဲ့ကြောင်း သိရသည်။
သတင်း#နောင်ရိုး
ဓါတ်ပုံ#ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး
Search
Subscribe to:
Post Comments (Atom)
Popular Posts
-
EPN Brief News မြစ်ကြီးနား၊ ဖေဖေါ်ဝါရီ ၂၀ ကချင်ပြည်နယ် ခေါင်လန်ဖူးဒေသခံများအတွက် လီဆူရိုးရာ ဝတ်ဆုံ ၂၀စုံကို ကချင်ပြည်နယ် လီဆူတိုင်းရင...
-
ဒေသတွင်း၌ လူငယ်များအလုပ်အကိုင်ရရှိစေရန် SPIC/ACHC ကုမ္ပဏီမှ အသက်မွေးဝမ်းကြောင်း သင်တန်း အခမဲ့ဖွင့်လှစ်ပေး EPN မြစ်ကြီးနား၊ စက်တ...
-
" မြန် မာ နိုင် ငံ ကို ပေး သင့် တဲ့ နစ် နာ ကြေး အ လျော် " (ဆောင်း ပါး) ရ ခိုင် ဒေ သ က မွတ် စ လင် ဘ င်္ဂါ လီ ပြ ဿ နာ ကြောင်...
-
မိုးညှင်းမြို့ ပုညရှင်စက္ခုပါလမျက်စိဆေးရုံနှင့် သင်္ဃမိတ္တာသီလရှင်တိုက်တွင် Covid-19 Quarantine ဝင်နေသူများအား စတီဒီယို တီးဝိုင်းနှင့်ဖျော...
-
စစ်မဲ့ဇုန်အတွင်း မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား EPN နိုင်ငံတကာ၊ မေ ၃ ယမန်နေ့က မြော...
No comments:
Post a Comment