EPN
နိုင်ငံတကာ၊ ဧပြီ ၂၄
ပါရှားပင်လယ်ကွေ့အတွင်းရှိ အီရန်ရေယာဉ်များ၏ လုံခြုံရေးကို
ခြိမ်းခြောက်ပါက အမေရိကန်စစ် သင်္ဘောများအား တိုက်ခိုက်ရန် တပ်များကို
အမိန့်ပေးခဲ့ကြောင်း အီရန်နိုင်ငံ အစ္စလာမ္မစ်တော်လှန် ရေးအစောင့်တပ်ဖွဲ့၏
အကြီးအကဲက ပြောကြားခဲ့သည်။
ကြာသပတေးနေ့က အီရန်အစိုးရပိုင် မီဒီယာများနှင့် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အီရန်နိုင်ငံ ၏ ဗိုလ်ချုပ်ကြီးဖြစ်သူ ဟူစိန်ဆလမ်မီက အဆိုပါမှတ်ချက်စကား ပြောကြားခဲ့ခြင်းဖြစ်သည်။
အီရန်နိုင်ငံ၏ စစ်တပ်နှင့် သင်္ဘောများအား ခြိမ်းခြောက်နေသည့် အမေရိကန်နိုင်ငံ၏ မည်သည့်အကြမ်း ဖက် အင်အားစုများကိုမဆို ဖျက်ဆီးပစ်ရန် မိမိ၏ ရေတပ်အဖွဲ့အား ညွှန်ကြားခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်ရေတပ်အနေဖြင့် အမေရိကန်သင်္ဘောများအားနှောင့်ယှက်ဖျက်စီးသည့် မည်သည့် အီရန် တပ်ဖွဲ့ကိုမဆို တိုက်ခိုက်မည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ တွစ်တာပေါ်တွင် ပြောဆိုခဲ့သည် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ သတိပေးချက်ကို ဆလမ်မီက တုံပြန်ခဲ့ခြင်းဖြစ်သည်။
ဒေါ်နယ်ထရမ့်၏ တွစ်တာရေးသားမှုကြောင့် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆန္ဒပြရန်စီစဉ်ခဲ့သည့် ဆွစ်ဇာလန် သံအမတ်ကြီးအား ဆင့်ခေါ်ခဲ့သည်။
ပြီးခဲ့သည့်အပတ်က အီရန်တော်လှန်ရေးအစောင့်တပ်မှ ရေယာဉ် ၁၁ စီးသည် အမေရိကန်ရေတပ်နှင့် ပင် လယ်ကွေ့ရှိ ကမ်းခြေစောင့်တပ်ဖွဲ့များနှင့် လွန်စွာနီးကပ်စွာ ရောက်ရှိခဲ့ကြောင်း တင်းမာမှုများ မြင့်တက် လာခဲ့ကြောင်း အမေရိကန်တပ်ဖွဲ့က ထုတ်ဖော်ပြောကြားခဲ့သည်။
--ကိုးကား--အင်န်အိတ်ချ်ကေ
Ref; Iran threatens to destroy US ships in Persian Gulf

No comments:
Post a Comment