EPN
နိုင်ငံတကာ၊ ဧပြီ ၂၄
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်မှာ စိုးရိမ်ဖွယ်ရာ
ဖျားနာနေသည်ဆိုသော သတင်းများမှာ မမှန် ကန်ဟု ယုံကြည်ကြောင်း အမေရိကန်သမ္မတ
ဒေါ်နယ်ထရမ့်က ပြောကြားသည်။
သူနှင့် ကင်ဂျုံအန်တို့မှာ ကောင်းမွန်သော ဆက်ဆံရေးတစ်ရပ်ရှိပြီး ကင်ဂျုံအန် ကျန်းမာရေးကောင်းမွန်သည်ဟု မျှော်လင့်ပါကြောင်း ယမန်နေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။
ကင်ဂျုံအန်သည် ခွဲစိတ်ကုသမှုခံယူပြီးနောက် ကျန်းမာရေးအခြေအနေမှာ စိုးရိမ်ဖွယ်ရာအခြေအနေ ရှိနေသည့်အတွက် အမေရိကန်အစိုးရက အခြေအနေကို အနီးကပ်စောင့်ကြည့်လျက်ရှိသည်ဟု အစိုးရသတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ စီအင်န်အင်န်သတင်းဌာနက အစောပိုင်တွင် ဖော်ပြခဲ့သည်။
သတင်းအဟောင်းများကို အခြေခံပြီး ဖော်ပြခဲ့ခြင်းဖြစ်သည်ဟု ဒေါ်နယ်ထရမ့်က ဆိုသည်။ စီအင်န်အင်န် သတင်းဌာနက ဖော်ပြခဲ့သည့်သတင်းမှာ သတင်းတုဖြစ်ကြောင်း ၄င်းက ပြောသည်။
မြောက်ကိုရီးယား တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ခြင်းရှိ မရှိ မှတ်ချက်ပေးရန် ဒေါ်နယ်ထရမ့်က ငြင်းဆန်ခဲ့ သည်။ မြောက်ကိုရီးယားမီဒီယာများက ကင်ဂျုံအန်၏ လှုပ်ရှားမှုများနှင့်ပတ်သက်ပြီး သတင်းမဖော်ပြသည်မှာ တစ်ပတ်ကျော် ကြာခဲ့ပြီဖြစ်သည်။
--ကိုးကား--အင်န်အိတ်ချ်ကေ
Ref; Trump thinks reports on Kim's illness incorrect

No comments:
Post a Comment