EPN
နိုင်ငံတကာ၊ ဧပြီ ၂၄
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုဒဏ်ခံရသည့် အိမ်ထောင်စုများအားလုံးသို့
ကယ်ဆယ်ရေးထောက်ပံ့ကြေး ပံ့ ပိုးကူညီရန် တောင်ကိုရီးယားနိုင်ငံက
ဆုံးဖြတ်ခဲ့ကြောင်း စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ယနေ့ ပြော
ကြားလိုက်သည်။
အောက်ခြေမှ ၇၀ ရာခိုင်နှုန်း ဝင်ငွေရှိသည့်အုပ်စုမှ မိသားစုဝင် လေးဦးရှိသည့် အိမ်ထောင်စုတစ်ခုသို့ အ စိုးရထောက်ပံ့ကြေး ဝမ်တစ်သန်း (ဒေါ်လာ ၈၁၀) ပေးရန် အစိုးရက ပြီးခဲ့သည့်အပတ်တွင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၁ ဘီလီယံနှင့်ညီမျှသည့် ဝမ် ၇ ဒသမ ၆ ထရီလီယံတန်ကြေးရှိ နောက်ဆက်တွဲ ဘတ်ဂျက်ဉပဒေကြမ်းကို အမျိုးသားလွှတ်တော်သို့ တင်သွင်းခဲ့သည်။
ထောက်ပံ့ကြေးများကို ဝင်ငွေ၊ ပိုင်ဆိုင်မှုမခွဲခြားဘဲ အိမ်ထောင်စုအားလုံးအတွက် ပေးအပ်မည်ဟု ယခုလ အစောပိုင်း လွှတ်တော်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအတွင်း အာဏာရ ဒီမိုကရက်တစ်ပါတီက အခိုင်အမာပြော ကြားခဲ့သည်။
သမ္မတရုံး၊ အစိုးရနှင့် အာဏာရပါတီကြား ညှိနှိုင်းတိုင်ပင်မှုများ ပြုလုပ်ပြီးနောက် တောင်ကိုရီးယားနိုင်ငံ က အိမ်ထောင်စုအားလုံးသို့ ထောက်ပံ့ကြေးပေးအပ်ရန် ဆုံးဖြတ်ခဲ့သည်။ သို့သော်လည်း ထိပ်တန်း ၃၀ ရာခိုင်နှုန်း ဝင်ငွေရှိသူအုပ်စုဝင်များက ထောက်ပံ့ကြေး မလျောက်ထားရန် သို့မဟုတ် ရရှိသည့်ထောက်ပံ့ကြေးကို ဆန္ဒအ လျောက် လှူဒါန်းရန် အစိုးရက တောင်းဆိုခဲ့သည်။
မိသားစုဝင်တစ်ဦးရှိသည့် အိမ်ထောင်စုတိုင်းကို ဒေါ်လာ ၃၂၀၊ မိသားစုဝင်နှစ်ဉီးရှိသည့် အိမ်ထောင်စုတိုင်း ကို ဒေါ်လာ ၄၉၀ နှင့် မိသားစုဝင်သုံးဦးရှိသည့် အိမ်ထောင်စုတိုင်းကို ဒေါ်လာ ၆၅၀ ထောက်ပံ့မည်ဖြစ်သည်။
--ကိုးကား--ဆင်ဟွာ
Ref; S. Korea to provide all households with relief grants over COVID-19 outbreak

No comments:
Post a Comment