Search

Tuesday, April 28, 2020

ပါကစ္စတန်တွင် ပြည်နယ်အုပ်ချုပ်ရေးမှူး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရ

ပါကစ္စတန်တွင် ပြည်နယ်အုပ်ချုပ်ရေးမှူး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရ



EPN
နိုင်ငံတကာ၊ ဧပြီ ၂၈

ပါကစ္စတန်တောင်ပိုင်း ဆင်းပြည်နယ် အုပ်ချုပ်ရေးမှူး အမ်မရန်အစ္စမေးလ်က သူ့တွင် ကိုဗစ်-၁၉ ရောဂါ ပိုး တွေ့ရှိခဲ့ပြီး နေအိမ်၌ သီးသန့်ခွဲ၍နေထိုင်ခဲ့ကြောင်း ယမန်နေ့နှောင်းပိုင်းတွင် အတည်ပြုပြောကြားခဲ့သည်။
“ကျွန်တော့်မှာ ကိုဗစ်-၁၉ ရောဂါပိုး စမ်းသပ်တွေ့ရှိခဲ့ပါတယ်” ဟု အမ်မရန်အစ္စမေးလ်က တွစ်တာ၌ ရေး သားခဲ့သည်။ ဝန်ကြီးချုပ် အမ်မရန်ခန်းက ဘဝတွင် အခက်ခဲဆုံး အခြေအနေများတွင် တိုက်ပွဲဝင်ရန် ပြည်သူများ ကို သင်ပြပေးခဲ့ကြောင်း ၄င်းက ပြောသည်။


သူ၏ စမ်းသပ်ချက်နမူနာများကို ဧပြီလ ၂၆ ရက်က ဓာတ်ခွဲခန်းတစ်ခုသို့ ပို့ဆောင်ခဲ့ပြီး ယမန်နေ့ညပိုင်း တွင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သောရက်များအတွင်း တွေ့ဆုံခဲ့သူများကို အကြောင်းကြားခဲ့ ပြီး မိသားစုဝင်များကိုလည်း ဗိုင်းရပ်စ်ပိုး ကူးစက်မှုရှိ မရှိ စမ်းသပ်စေမည်ဟု အစ္စမေးလ်က ဒေသန္တရမီဒီယာများ သို့ ပြောကြားသည်။

“မနေ့က ကျွန်တော့်မိခင်ကြီး ကျွန်တော့်ဆီလာပြီး အတူတူ “အက်ဖ်တာ” နေ့လည်စာ သုံးဆောင်ခဲ့ပါတယ်။ နောက်ပိုင်း ကျွန်တော် ဖျားနာလာခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုပြုလုပ်ရမယ်လို့ တွေးမိခဲ့ပါတယ်။ ပြီးခဲ့တဲ့ညပိုင်းကတည်းက ကျွန်တော် သီးသန့်ခွဲနေခဲ့ပါတယ်” ဟု သူက ဆိုသည်။

သူ၏ကျန်းမာရေးက ကောင်းမွန်ပြီး စိုးရိမ်စရာမရှိကြောင်း အစ္စမေးလ်က ပြောသည်။ ပါကစ္စတန်နိုင်ငံ တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဆက်လက်မြင့်တက်နေပြီး မေလနှင့် ဇွန်လအတွင်း အမြင့်ဆုံးအဆင့် ကူးစက် မည်ကို ကျွမ်းကျင်သူများက စိုးရိမ်လျက်ရှိသည်။

ယမန်နေ့ညပိုင်းအထိ ပါကစ္စတန်နိုင်ငံ၌ အတည်ပြု ကူးစက်မှုအရေအတွက် ၁၃၉၁၅ မှုရှိသည်။ ပါကစ္စ တန်နိုင်ငံတွင် ဒုတိယအဆိုးရွားဆုံး ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ဆင်းပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၄၉၉၆ မှုရှိကြောင်း ကြေညာခဲ့သည်။

--ကိုးကား--ဆင်ဟွာ
Ref; Governor of Pakistan's Sindh tests positive for COVID-19

No comments:

Popular Posts