EPN
ဟိုပင်၊ ဧပြီ ၂၇
မိုးညှင်းမြို့နယ် ဟိုပင်မြို့တွင် ယနေ့ ဧပြီ ၂၇ရက်၊ နံနက်ပိုင်းက
မြို့အဆင့် COVID - 19 ကူးစက်ရောဂါ ကာကွယ်ရေးကော်မတီအဖွဲ့၀င်များက
နှာခေါင်းကာ Mask မတပ်ဆင်ထားသည့် ပြည်သူများကို
ရောဂါကူးစက်မှုမဖြစ်ပွားစေရန် အတွက် အသိပညာပေးကာ Mask များ
အခမဲ့တပ်ဆင်ပေးဝေခဲ့ကြောင်း မြို့အုပ်ချုပ်ရေးရုံးမှ သိရသည်။
ပြည်သူလူထုအနေနှင့် လိုက်နာမှု အားနည်းနေသေးသည့်အတွက် ကူးစက်ရောဂါကာကွယ်ရေး အပြင်ထွက်သူတိုင်း မဖြစ်မနေ Mask တပ်ကြရန် အတွက် အသိပညာပေးရခြင်း ဖြစ်ကြောင်း မြို့အုပ်ချုပ်ရေးမှူးက ဆိုသည်။
"mask မပါပဲ အပြင်မထွက်ဖို့လည်း ညတိုင်းလိုက်လံ အသိပေးတယ်။ ဒါလည်းလိုက်နာမှုအားနည်းနေတာ တွေ့ရလို့ ခုလို mask တွေအခမဲ့လိုက်လံဝေငှခြင်းနဲ့ ပညာပေးလုပ်နေရတယ်။ mask မပါတဲ့သူတွေနဲ့ မတပ်သူတွေကိုပညာပေးရင်း နာမည်စာရင်းယူထားတယ်။ နောက်မလိုက်နာရင် အရေးယူသွားမှာဖြစ်တယ်" ဟု မြို့အုပ်ချုပ်ရေးမှူး ဦးဝေလင်းအောင်က ပြောသည်။
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့တွင် မြို့အဆင့်ကူးစက်ရောဂါကာကွယ်တားဆီးရေးကော်မတီအဖွဲ့၀င်များသည် Mask အခုရေ ၁၅၀၀ ကို အဖွဲ့(၄)ဖွဲ့ဖြင့်လူစည်းကာရာနေရာလေးခုတွင် mask မပါသည့် ပြည်သူများအတွက် အသိပညာပေး လုပ်ငန်းများ စတင်လုပ်ဆောင်နေကြောင်း သိရသည်။
မိုးဟိန်း

No comments:
Post a Comment