EPN
နိုင်ငံတကာ၊ မေ ၁၆
အစိုးရ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါပြဿနာ ကိုင်တွယ်ဖြေရှင်းမှုတွင်
သဘောထားကွဲလွဲမှုများ ကြောင့် မကြာသေးမီက ခန့်အပ်ခံခဲ့ရသည့် ဘရာဇီး
ကျန်းမာရေးဝန်ကြီး ဒေါက်တာ နယ်လ်ဆင်တိချ်သည် ယမန် နေ့က
ရာထူးမှနှုတ်ထွက်ခဲ့ကြောင်း သိရသည်။
ဘရာဇီးသမ္မတ ဂျာဘိုလ်ဆိုနာရိုက ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကို မည်သို့တုံ့ပြန်သင့်သည်ဆိုသော အငြင်းပွားမှုများကြောင့် ကျန်းမာရေးဝန်ကြီးဟောင်း လူးဝစ်ဇ်ဟင်းနရစ်မန်ဒက်တာကို ရာထူးမှထုတ်ပယ်ပြီး နောက် နယ်လ်ဆင်ကို ဧပြီလ ၁၇ ရက်တွင် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
နယ်လ်ဆင်မှာ ပုဂ္ဂိုလ်ရေးအကြောင်းပြချက်များကြောင့် နှုတ်ထွက်ခဲ့ခြင်းဖြစ်ပြီး သမ္မတ ဘိုလ်ဆိုနာရိုက ကျန်းမာရေးဝန်ကြီး နှုတ်ထွက်မှုအပေါ် မှတ်ချက်မပေးခဲ့ကြောင်း အစိုးရအဖွဲ့ အကြီးအကဲ ဘရာဂါနတ်တိုက သ တင်းထောက်များသို့ ပြောကြားခဲ့သည်။
ဘရာဇီးနိုင်ငံ၏ စီးပွားရေးလိုအပ်ချက်များ ထိန်းရန်နှင့် ကိုဗစ်-၁၉ ကပ်ရောဂါအရေး ကိုင်တွယ်ရန် ရည် ရွယ်ချက်ဖြင့် ဝန်ကြီးတာဝန်ယူခဲ့ခြင်းဖြစ်ကြောင်း နယ်လ်ဆင်က ပြောသည်။ သမ္မတ ဘိုလ်ဆိုနာရိုက တစ်ဉီးနှင့် တစ်ဉီး ခပ်ခွာခွာနေအစီအမံများကို ဆန့်ကျင်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ မြင့်တက်လင့်ကစား စီးပွားရေး ပြန်လည်စတင်ရန် တွန်းအားပေးခဲ့သည်။
နယ်လ်ဆင်က ကိုရိုနာဗိုင်းရပ်စ် လူနာများသို့ ငှက်ဖျားဆေး ကလိုရိုကွင်း ပေးဝေမှုကို ကန့်ကွက်ခဲ့သည်။ ဘရာဇီး ကျန်းမာရေးဝန်ကြီးဌာနက အရေးပေါ်အခြေအနေများတွင် ကိုရိုနာဗိုင်းရပ်စ် လူနာများအတွက် ကလိုရို ကွင်းဆေးဝါး အသုံးပြုရန် ယခင်က ခွင့်ပြုခဲ့သည်။
ကိုဗစ်-၁၉ လူနာများ ကုသရာတွင် ကလိုရိုကွင်းဆေး အသုံးပြုမှုနှင့်ပတ်သက်၍ စည်းမျဉ်းများ ဖြေလျော့ မည်ဟု မေလ ၁၄ ရက်ကကျင်းပသည့် ဗွီဒီယိုကွန်းဖရင့်တစ်ခုအတွင်း သမ္မတ ဘိုလ်ဆိုနာရိုက စီးပွားရေးလုပ်ငန်း ရှင်များသို့ ပြောကြားခဲ့သည်။
--ကိုးကား--
အေပီ
Ref; Second Brazilian health minister resigns in a month amid coronavirus pandemic

No comments:
Post a Comment