Search

Saturday, May 16, 2020

ယခုနှစ်မကုန်မီ ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်လုပ်ရန် ကြိုးပမ်းမည်ဟု ဒေါ်နယ်ထရမ့် ပြော

ယခုနှစ်မကုန်မီ ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်လုပ်ရန် ကြိုးပမ်းမည်ဟု ဒေါ်နယ်ထရမ့် ပြော



EPN
နိုင်ငံတကာ၊ မေ ၁၆

ယခုနှစ်မကုန်မီ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတစ်မျိုး စမ်းသပ်ထုတ်လုပ်ရန် အစိုးရအဖွဲ့က ကြိုးပမ်း မှုများ အရှိန်မြှင့်လုပ်ဆောင်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်။


ဒေါ်နယ်ထရမ့်က ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်လုပ်မည့် စီမံကိန်းကို ယမန်နေ့က အိမ်ဖြူတော်၌ ကြေ ညာခဲ့သည်။ ရည်ရွယ်ချက်မှာ စမ်းသပ်ပြီး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတစ်မျိုး ဖြစ်နိုင်သမျှ မြန်မြန်ဆန်ဆန် ထုတ်လုပ်၊ ဖြန့်ဖြူးရန်ဖြစ်ကြောင်း ၄င်းက ပြောသည်။

“ကျွန်တော်တို့ ဒီနှစ်မကုန်မီ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထုတ်လုပ်တာကို မြင်တွေ့ချင်ပါတယ်” ဟု သူက ဆိုသည်။ ယခုကြိုးပမ်းမှုမှာ မန်ဟတ်တန်စီမံကိန်းနောက်ပိုင်း အမေရိကန်နိုင်ငံ ကြုံတွေ့ခဲ့ရသည့် အခြားစီ မံကိန်းများနှင့် ကွာခြားမှုရှိကြောင်း ဒေါ်နယ်ထရမ့်က ပြောသည်။

ဒေါ်နယ်ထရမ့်က ပထမဆုံးသော အဏုမြူဗုံးတည်ဆောက်သည့် ဒုတိယကမ္ဘာစစ်အစီအစဉ်ကို ရည်ညွှန်း ခဲ့ခြင်းဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စမ်းသပ်ထုတ်လုပ်ရန် ငွေကြေးထောက်ပံ့မှု အပြည့်အဝပေးရန် နှင့် ဉပဒေပိုင်းဆိုင်ရာ အတည်ပြုမှုများအတွက် လုပ်ငန်းစဉ်များ ရှင်းလင်းလွယ်ကူစေရန် ၄င်းက ကတိပြုခဲ့သည်။

သို့သော်လည်း ကာကွယ်ဆေး ထုတ်လုပ်နိုင်မှု အလားအလာနှင့်ပတ်သက်၍ သိပ္ပံပညာရှင်များက သံသ ယရှိမှု ဖော်ပြခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် ကာကွွယ်ဆေးထုတ်လုပ်မှုမှာ အစောဆုံး လာမည့်နှစ်အထိ ကြာမြင့်မည် ဟု လူအများစုက ထင်သည်။

--ကိုးကား--
အင်န်အိတ်ချ်ကေ
Ref; Trump tours coronavirus vaccine by year-end

No comments:

Popular Posts