EPN
ဗန်းမော်၊ မေ ၅
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ပြည်သူနှင့် ဌာနဆိုင်ရာ အဓိက
ထိတွေ့မှုများသော နေရာဖြစ်သည့် ခရိုင်စုပေါင်းရုံးကြီး၌
COVID-19ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် နယ်မြေခံ တပ်မတော်နှင့်
မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ပိုးသတ်ဆေးဖြန်းခြင်းေ ဆာင်ရွက် ခဲ့ကြောင်း
သိရသည်။
မေ ၅ ရက် ညနေ ၅ နာရီက အမှတ်(၁၁)စစ်မြေပြင် ဆေးတပ်ရင်း တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ငွေစိုးထွန်းနှင့် တပ်မတော်သားများ၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးစိုးမင်းခိုင် နှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ရုံးစိုက်ရာ နေရာဖြစ်သည့် စုပေါင်းရုံးကြီးဝင်း အတွင်းရှိ ရုံးဌာနအခန်းများ၊ လျှောက်လမ်းများအပြင် ရုံးပတ်ဝန်းကျင်နေရာများ၌ ပိုးသတ်ဆေးဖြန်းပေးခြင်းများ ဆောင်ရွက် ခဲ့သည်။
အဆိုပါရုံးပတ်ဝန်းကျင်တလျှောက် ပိုးသတ်ဆေးဖြန်းပေးခြင်း ဆောင်ရွက်ရာ၌ ပိုးသတ်ဆေး ရောနှောထား သည့် နယ်မြေခံ တပ်မတော်ပိုင် ဂါလံ(၁၄၀၀)ဆံ့ ရေသယ်ယာဉ် (၁)စီး၊ ခရိုင်မီးသတ် တပ်ဖွဲ့ပိုင် ဂါလံ (၈၀၀)ဆံ့ ရေသယ်ယာဉ် (၁)စီးတို့ဖြင့် ပူးပေါင်း ဆောင်ရွက်ရာသို့ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးထွေးမြင့် လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ချိုမောင်

No comments:
Post a Comment