Search

Tuesday, May 5, 2020

မြစ်ကြီးနား၌ Facility Quarantine ထားရှိသူများအား ကိုယ်ကာယလေ့ကျင့်ခန်းအကများဖြင့် အားကစားပြုလုပ်

မြစ်ကြီးနား၌ Facility Quarantine ထားရှိသူများအား ကိုယ်ကာယလေ့ကျင့်ခန်းအကများဖြင့် အားကစားပြုလုပ်



EPN
မြစ်ကြီးနား၊ မေ ၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်တွင် Facility Quarantine ထားရှိသူများကို ၎င်းတို့၏ ကျန်းမာရေးအတွက် ကိုယ်ကာယလေ့ကျင့်ခန်းအဖြစ် ကိုယ်ကာယလေ့ကျင့်ခန်းအကများဖြင့် နေ့စဥ် လေ့ကျင့်များပြုလုပ်ပေးနေကြောင်း သိရသည်။


ယင်းအစီအစဥ်ကို ကချင်​​ပြည်နယ် ပြည်နယ်အား/ကာနှင့် တရားလွှတ်တော်ရှေ့နေဦးတင်ထွန်းသိန်း ဦးဆောင်သည့် COVID-19 ကူညီပေးရေး မြစ်ကြီးနားအခြေပြုအဖွဲ့တို့ ဦးစီးကာ နေ့စဥ် ည(၅)နာရီအချိန်မှ စတင်ကာ FQ ထားရှိသည့် နေရာများတွင် လှည့်လှည်ကာ ဆောင်ရွက်ပေးနေကြောင်း COVID-19ကူညီပေးရေး မြစ်ကြီးနားအခြေပြုအဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဦးခွန်မြတ်မင်းအောင်က ယခုကဲ့သို့ဆိုသည်။

''ဒီ Quarantine နေရတဲ့ သူတွေက တစ်နေကုန်ဆိုတော့ စိတ်ပိုင်းဆိုင်ရာအရငြီးငွေ့တာတွေရှိတယ်။ ကျန်းမာရေးအရထုံထိုင်းတာတွေရှိတယ်။ အဲ့တော့သူတို့ရဲ့စိတ်ပိုင်းနဲ့ ကျန်းမာရေးအရ ညီညွတ်အောင်ဆိုပြီး ကျွန်တော်တို့ အားကာနှင့် ပူးပေါင်းပြီးတော့မှ ညနေတိုင်း ဒီ Quarantinr Center တွေမှာ လိုက်လံပြီးမှ ဖျော်ဖြေပေးတာဖြစ်တယ်။ အားကစားအနေနဲ့လည်း ဝင်ရောက်ပူးပေါင်းတာဖြစ်တယ်။'' ဟု ဦးခွန်မြတ်မင်းအောင်က ပြောသည်။

ယင်းအစီအစဥ်ကို မြစ်ကြီးနားမြို့ပေါ် FQ ထားရှိသည့် သားဖွားသင်တန်းကျောင်း၊ သူနာပြုကျောင်း၊ ပညာရေးကောလိပ်၊ မြစ်ကြီးနားတက္ကသိုလ်တို့၌ အချိန်ကန့်သတ်ကာ အလှည့်ကျစီ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

လွမ်းအောင်

No comments:

Popular Posts