EPN
နိုင်ငံတကာ၊ မေ ၅
နိုင်ဂျာနိုင်ငံ အလုပ်သမားနှင့် အလုပ်အကိုင်ဝန်ကြီး မိုဟာမက်ဘင်အိုမာမှာ
ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် ကွယ်လွန်ခဲ့ကြောင်း
နိုင်ငံပိုင်ရုပ်သံဌာန Tele Sahel က မေလ ၄ ရက်တွင် ကြေညာခဲ့ သည်ဟု
အနာဒိုလူသတင်းဌာနက ဖော်ပြခဲ့သည်။
မိုဟာမက်ဘင်အိုမာသည် မေလ ၃ ရက်က နိုင်ဂျာနိုင်ငံ၏မြို့တော် နီယာမေမြို့ရှိ ဆေးရုံတစ်ရုံ၌ ကွယ်လွန်ခဲ့ကြောင်း သူ၏ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ (PSD) က ကြေညာခဲ့သော်လည်း မည်သည့်ရော ဂါကြောင့် သေဆုံးခဲ့သည်ကို မဖော်ပြခဲ့ပေ။
အသက် ၅၅ နှစ်အရွယ် ဝန်ကြီး မိုဟာမက်ဘင်အိုမာ၏ မကြာသေးမီက တိုင်းပြည်သို့ပေးပို့သည့် သဝမ်လွှာတွင် အလုပ်သမားများ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ကြရန် တိုက်တွန်းခဲ့ကြောင်း Tele Sahel ရုပ်သံဌာနက ဖော်ပြခဲ့သည်။
“ကိုဗစ်-၁၉ ရောဂါဟာ တစ်ကယ်ကိုရှိတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ လူတွေကို သေစေနိုင်တဲ့ ကြောက်မက်ဖွယ်ရာ ရောဂါတစ်မျိုးဖြစ်ပါတယ်” ဟု ဘင်အိုမာက ပြောကြားခဲ့သည်။
“ဒီဗိုင်းရပ်စ်ကူးစက်မှု ရပ်တော့လို့ပြောဖို့ ကျွန်တော်တို့ ကိုယ့်ကိုကိုယ် နားလည်သဘောပေါက် ရမှာ ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်ကို ဖျက်ဆီးရာမှာ စည်းမျဉ်းရှိခြင်းက တစ်ခုတည်းသော လက်နက်ဖြစ် ပါလိမ့်မယ်” ဟု ၄င်းက ဆိုသည်။
--ကိုးကား--
ဘနားမား
Ref; Niger’s Labour Minister dies from COVID-19

No comments:
Post a Comment