Search

Tuesday, May 5, 2020

တနိုင်းမြို့၌ ညမထွက်ရအမိန့် ဖောက်ဖျက်သူ သုံးဦးကို အရေးယူ

တနိုင်းမြို့၌ ညမထွက်ရအမိန့် ဖောက်ဖျက်သူ သုံးဦးကို အရေးယူ



EPN
တနိုင်း၊ မေ ၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊တနိုင်းမြို့၌ ညမထွက်ရအမိန့် ဖောက်ဖျက်ကျူးလွန်သူ အမျိုးသား သုံးဦးကို အရေးယူထားကြောင်း တနိုင်းမြို့မရဲစခန်းမှ သိရသည်။


ညမထွက်ရ အမိန့်ဖောက်ဖျက် ကျူးလွန်ထားသည့် အဆိုပါသုံးဦးအနက် နှစ်ဦးကို တနိုင်းမြို့နယ် တရားရုံးက ရာဇသတ်ကြီးပုဒ်မ-၁၈၈ အရ ထောင်ဒဏ်တစ်လစီနှင့် ကျန်တစ်ဦးမှာ အသက်(၁၈)နှစ်အောက် ဖြစ်သောကြောင့် ကလေးသူငယ်အခွင့်အရေး ဥပဒေအရ ငွေဒဏ် (၅)သောင်းချမှတ်လိုက်ကြောင်း တနိုင်းမြို့မရဲစခန်းမှ သိရသည်။

''သူတို့က တစ်ညထဲ ကျူးလွန်ထားတဲ့သူတွေ။ လော​လော ဆယ်တော့ တနိုင်းအချုပ်ထဲမှာပဲ။​ သူတို့ကို မြစ်ကြီးနားထောင်ပို့ရမှာလေး'' ဟု ရဲမှူးဝင်းညွှန့်က ပြောသည်။

လက်ရှိ တနိုင်းမြို့နယ်အတွင်း၌ မှုခင်းကျဆင်းရေးနှင့် COVID-19 ထိန်းချုပ်ကာကွယ်ရေး အတွက် ညမထွက်ရ အမိန့်ကျူးလွန်သူ မရှိစေရေးတို့အတွက် မြို့နယ် COVID-19 ထိန်းချုပ်ကာကွယ်ကုသရေး အဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များပူးပေါင်းကာ ညစဥ် လုံခြုံရေးလုပ်ငန်းများဆောင်ရွက် လျက်ရှိနေကြောင်း သိရသည်။

သတင်း - လွမ်းအောင်
ဓါတ်ပုံ - စည်သူ

No comments:

Popular Posts