EPN
နိုင်ငံတကာ၊ ဇွန် ၂၇
တရုတ်နိုင်ငံအနောက်တောင်ပိုင်းတွင် မိုးသက်မုန်တိုင်းများ
တိုက်ခတ်မှုကြောင့် လူသုံးဦး သေဆုံးကာ ၁၂ ဦး ပျောက်ဆုံးနေကြောင်း
အာဏာပိုင်များက ပြောသည်။
ကားနှစ်စင်း မြစ်တစ်စင်းအတွင်းသို့ ထိုးကျခဲ့ရာ လူနှစ်ဦး သေဆုံးခဲ့ပြီး သုံးဦး ပျောက်ဆုံးခဲ့ကြောင်း စီချွမ် ပြည်နယ်၊ မီယန်နီစီရင်စုအစိုးရက ပြောကြားသည်။
ယီဟိုင်းမြို့နယ်တွင် နောက်ထပ် လူတစ်ဦး သေဆုံးခဲ့ပြီး ကိုးဦး ပျောက်ဆုံးနေကြောင်း ဆိုရှယ်လ်မီဒီယာ ရှိ ပို့တစ်ခုအရ သိရသည်။ မီယန်နီစီရင်စုမှာ စီချွမ်ပြည်နယ်၏မြို့တော် ချန်ဒူးမြို့၏ အနောက်တောင်ဘက် ကီလိုမီ တာ ၂၈၀ ခန့် (၁၇၅ မိုင်) အကွာတွင် တည်ရှိသည်။
ဒေသခံပြည်သူ ၇၅၀၀ ခန့်ကို နေအိမ်များမှ ဘေးလွတ်ရာရွှေ့ပြောင်းခဲ့သည်။ မြစ်များ ရေလျှံကာ မြို့များ၊ စိုက်ပျိုးမြေများ ရေကြီးရေလျှံစေသည့် တရုတ်နိုင်ငံတောင်ပိုင်း၌ ယခုနှစ်အတွင်း ရာသီမိုးရွာသွန်းမှုကြောင့် လူ ၂၀ ဦးကျော် သေဆုံးခဲ့ပြီဖြစ်သည်။
မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံ၏ အဆိုးရွားဆုံး ရေကြီးရေလျှံမှုမှာ ၁၉၉၈ ခုနှစ်တွင် ဖြစ်ပွားခဲ့ ခြင်းဖြစ်ပြီး လူ ၂၀၀၀ ကျော် သေဆုံးခဲ့ကာ နေအိမ် ၃ သန်းနီးပါး ပျက်စီးခဲ့ရသည်။
စီချွမ်၊ ကွေ့ကျိုး၊ ဟူနန်၊ ရှန်စီ၊ ဟီနန်နှင့် ဟူပေအပါအဝင် ပြည်နယ်အများစုတွင် နောက်ထပ် မိုးသည်း ထန်စွာ ရွာသွန်းမှုများ ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းထားသည်။
--ကိုးကား--
အေပီ
Ref; Storms leave 3 dead, 12 missing in southwest China

No comments:
Post a Comment