EPN
ဖားကန့်၊ ဇွန်၊ ၂၇
ယခုလ ၂၅ ရက်တွင် ဖားကန့်၌ဖမ်းဆီးထားသော တရုတ်နိုင်ငံသား
နှစ်ဦးနှင့်မြန်မာနိုင်ငံသားနှစ်ဦးသည်
ဖားကန့်ဒေသသို့လမ်းမှားဝင်ရောက်လာခြင်းဖြစ်ကြောင်း
ဖားကန့်တရားရုံးမှဆုံးဖြတ်ကာ ထိုလေးဦးကို ဒဏ်ငွေ
ကျပ်သုံးသိန်းစီချမှတ်ခဲ့ကြောင်း ရဲစခန်းမှတ်တမ်းအရသိရသည်။
တရုတ်နိုင်ငံသား နှစ်ဦးသည် တရားဝင်ဗီဇာဖြင့်မြန်မာနိုင်ငံအတွင်းဝင်ရောက်နေသူများဖြစ်သော်လည်း ဖားကန့်ဒေသသည် ကိုဗစ်-၁၉ ကာလဖြစ်၍ ခရီးသွားဝင်ရောက်မှုပိတ်ပင်ထားသဖြင့် ထိုလေးဦးကို ဒဏ်ငွေ ကျပ်သုံးသိန်းစီပေးဆောင်စေကာပြန်လွှတ်ပြီးဖြစ်ကြောင်းသိရသည်။
ယခုလ ၂၅ရက်၊ နေ့လည် ၁ နာရီ ခွဲခန့်တွင် မန္တလေး၊ မိုးညုင်း ၊ဟိုပင် ၊အင်းတော်ကြီး ၊မကာပင်၊ လမ်းကြောင်းအတိုင်း ယာဥ်အမှတ် ၁စ/၂၄၈၁ ယာဥ် အမျိုးအစားအဖြူရောင် PAJERO ယာဥ်ဖြင့် ယာဥ်မောင်း မင်းဇော် ၃၆ နှစ် မောင်းနှင်လာသော မော်တော်ယာဥ်အား မကာပင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ရပ်တန့် စစ်ဆေးရာ တရုတ်နိုင်ငံသား ၂ဦး ဖြစ်သော Mr Teng Zman Feng (PP) အမှတ် E 6608788 တရုတ်နိုင်ငံသား ၅၆နှစ် ၊ဗီဇာအမှတ် A908162၊ ဗီဇာ သက်တမ်း ၁၈ ၊၅ ၊၂၀၂၀ မှ ၁၇၊ ၁၁ ၊၂၀၂၀ ထိ။
Mr Qi Xing (Pp )အမှတ် EB 1233226 တရုတ်နိုင်ငံသား ၄၆ နှစ်၊ ဗီဇာ အမှတ် IA898044 ၊ဗီဇာသက်တမ်း ၃၀ ၊၄၊ ၂၀၂၀ မှ ၁၀၊ ၁၀၊ ၂၀၂၀ ထိရှိနေခြင်းဖြစ်သည်။
တရုတ်နိုင်ငံသားနှစ်ဦးအား ခေါ်ဆောင်လာသူ မောင်ထွန်းရှင် နှင့် ယာဥ်မောင်း ဦးမင်းဇော် အား လဝက အက်ဥပဒေပုဒ်မ ၁၃ (၅) အရ အရေးယူပေးပါရန် ဒု လဝက မှူး ဦးဂျေယိုတာ (လဝက ၁၃၂၁၁)မှ တရားလို ပြုလုပ်ကာ ဖားကန့်တရားရုံး သို့ ယမန်နေ့ တွင် တရားစွဲဆိုခဲ့ရာ တရားရုံးမှ လေးဦးကို စစ်ဆေးရာ တရားရုံးမှ ပြစ်မှုထင်ရှားသဖြင့် ဒဏ်ငွေ ၃သိန်းကျပ် စီး ပေးဆောင်ရန် တရားရုံးမှ အမိန့်ချမှတ်သည်။
ပြစ်ဒဏ်ကျခံပြီးသော တရုတ်နိုင်ငံသား နှစ်ဦးကို မန္တလေး လဝက နှင့်ချိတ်ဆက်ပို့ဆောင်ကာ ပြည်ပသို့ပြန်လည်ပို့ဆောင်မည်ဟုသိရသည်။
နောနော်

No comments:
Post a Comment