Search

Saturday, June 27, 2020

သတင်းအရသွားရောက်ရှာဖွေရာ မှုးယစ်ဆေးဝါးအပြား(၃၀၀)ကျော်ရှားဖွေးဖမ်းဆီရမိ

သတင်းအရသွားရောက်ရှာဖွေရာ မှုးယစ်ဆေးဝါးအပြား(၃၀၀)ကျော်ရှားဖွေးဖမ်းဆီရမိ



EPN
ပုသိမ် ၊ ဇွန် ၂၇

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကမ်းနီးကျေးရွာ ကြိုတံတားအနီးတွင် မှုးယစ်ဆေးဝါသတင်းအရ ဇွန်လ ၂၆ ရက်နေ့ ၂ နာရီခွဲ အချိန်ခန့်တွင် အမှတ်(၄၉)မှုးယစ်တပ်ဖွဲ့စု ၊ရဲတပ်ဖွဲ့ဝင်များ ၊ သ​ေဘာကျင်း နယ်မြေရဲစခန်းမှ ရဲတပ်ဖွ့ဲဝင်များနှင့်အသိသက်သေများလိုက်ပါပြီး သတင်းအရသွားရောက်ရှာဖွေးရာ မှုယစ်ဆေးဝါးအပြား(၃၀၀)ကျော် ရှာဖွေးသိမ်းဆီးရမိခ့ဲကြောင်း အမှတ်.(၄၉)မှုးယစ်တပ်
ဖွဲ့စုရုံးမှသိရသည်။


ဖြစ်စဉ်မှ တောင်သမာန်စားသောက်ဆိုင်တွင်နေထိုင်သူ ဦးနိုင်လတ်အားတွေ့ရှိရပြီး ၎င်းခန္ဓာကိုယ်အား ရှာဖွေရာ ဦးနိုင်လတ်မှ ၎င်းပိုင်ဆိုင်သော စိတ်ကြွရူသွပ်ဆေးပြားများအား မိမိထံမထာရှိဘဲ ဟော့နန်းစံ စားသောက်ဆိုင်တွင် ထိုင်နေသူ မင်းသိန်း(ခ)ကူးမာထံတွင်အပ်နှံထားရှိကြောင်းသိရှိရသဖြင့် ယင်စားေသာက်ဆိုင်သို့ပူးပေါင်းအဖွဲ့သွား ရောက်ပြီးရှာဖွေရာ ကူးမာ မှာ ဆိုင်အတွင်းထိုင်နေသည်ကို တွေ့ရှိပြီး မင်းသိန်း(ခ)ကူးမား ဝတ်ဆင်ထားသော လုံချည်ခါကြားတွင်လိပ်ထား​ေသာ စတစ်ကပ်ခွာ အိပ်အသေး(၂)ထုပ်အတွင်း wy စာတမ်းပါ လိမ်မော်ရောင်စိတ်ကြွရူးသွပ် ဆေးပြားဟုယူဆရသော ဆေးပြား (၂၀၀)ပြားပါ တစ်ထုပ်နှင့် wy စာတမ်းပါ လိမိမော်ရောင် စိတ်ကြွရူသွပ်ဆေးပြားဟုယူဆရသော ဆေးပြာ(၁၉၆)ပြားပါတစ်ထုပ်စုစုပေါင်း (၃၉၆)ပြား ကာလတန်းဖိုးစုစုပေါင်း ကျပ်(၁၁၈၈၀၀၀)ခန့်အား ရှာဖွေတွေ့ရှိခဲ့ရသည်။ နိုင်လတ်နှင့် မင်းသိန်း(ခ)ကူးမား တို့အား ပုသိမ်မြို့နယ် ​သင်ဘော ကျင်းနယ်​ေမြရဲစခန်း မှ မယ(ပ) ၁/၂၀ ၊ မှုး/စိတ် ပုဒ်မ၁၉(က)/၂၁ဖြင့်အရေးယူထားကြောင်းသိ
ရပါတယ်။

ထက်သာ(ပုသိမ်)

No comments:

Popular Posts