Search

Saturday, June 27, 2020

အမေရိကန်နိုင်ငံရှိ ကြက်သားထုပ်ပိုးစက်ရုံတစ်ခု၌ အလုပ်သမားများ အစုလိုက် အပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

အမေရိကန်နိုင်ငံရှိ ကြက်သားထုပ်ပိုးစက်ရုံတစ်ခု၌ အလုပ်သမားများ အစုလိုက် အပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ



EPN
နိုင်ငံတကာ၊ ဇွန် ၂၈

အမေရိကန်နိုင်ငံ၊ မစ်ဆော်ရီပြည်နယ်အနောက်တောင်ပိုင်းရှိ ကြက်သားထုပ်ပိုးစက်ရုံတစ်ခုရှိ အလုပ်သ မား ၃၇၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး စမ်းသပ်တွေ့ရှိခဲ့ကြောင်း အစားအစာကုမ္ပဏီ Tyson Foods က ကြေညာခဲ့ သည်။

ဇွန်လ ၁၇ ရက်မှ ၁၉ ရက်အတွင်း နိုရယ်လ်မြို့ရှိ အဆိုပါစက်ရုံမှ အလုပ်သမား ၁၁၄၂ ဦးအား ကိုရိုနာဗိုင်း ရပ်စ်ပိုး ရှိ မရှိ စမ်းသပ်ရာတွင် အလုပ်သမား ၂၉၁ ဦးတွင် ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ကြောင်း ကုမ္ပဏီက ထုတ်ပြန်ချက် တစ်ခုအတွင်း ပြောကြားခဲ့သည်။


ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၂၉၁ ဦးအနက် ပိုးတွေ့ရှိသူ ၂၄၉ ဦး သို့မဟုတ် ၈၅ ရာခိုင်နှုန်းက ရောဂါလက္ခဏာ မပြသကြောင်း သိရသည်။

ကျန်းမာရေးအာမခံလုပ်ငန်းများ သို့မဟုတ် ပြည်နယ် ကျန်းမာရေးဌာနက လုပ်ဆောင်ခဲ့သည့် သီးခြား စမ်းသပ်မှုများအတွင်း အဆိုပါစက်ရုံမှ နောက်ထပ် အလုပ်သမား ၈၀ ဦးတွင်း ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ကြောင်း Tyson Foods က ပြောသည်။

ယခုသီတင်းပတ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ လူနာအရေအတွက် မြင့်တက်လာခြင်းက စက်ရုံ၌ ပမာဏများပြားစွာ စမ်းသပ်မှုလုပ်ဆောင်ခြင်းကြောင့်ဖြစ်သည်ဆိုသော သံသယများကို ကြေညာချက်က အတည် ပြုလိုက်သည်။

--ကိုးကား--
အိန္ဒိယတူဒေး
Ref; 371 test positive for Covid-19 at chicken processing plant in United States

No comments:

Popular Posts