EPN
နိုင်ငံတကာ၊ ဇွန် ၂၅
ယူကရိန်းနိုင်ငံတွင် ယခုသီတင်းအပတ်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားရာ
လူသုံးဉီးသေဆုံးခဲ့ပြီး ရာနှင့်ချီ သည့် လူအများအပြား
အိုးအိမ်များစွန့်ပစ်ပြေးခဲ့ရကာ အရေးပေါ်အခြေအနေနှင့် ကြုံတွေ့နေရကြောင်း
ဝန်ကြီး ချုပ် ဒင်းနစ်ရှမီဂါက ပြောကြားခဲ့သည်။
ယခုအပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နိုင်ငံအနောက်ပိုင်းရှိ ရွာပေါင်း ၂၀၀ တွင် ဘေးကြုံတွေ့ခဲ့ ရပြီး အိမ်ခြေ ၅၀၀၀ပျက်စီးသွားခဲ့ပြီး လူပေါင်း ၈၀၀ကို ဘေးကင်းရာသို့ ရွေ့ပြောင်းပေးခဲ့ရကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ပြည်ထဲရေးဝန်ကြီးဌာနနှင့်အရေးပေါ် ဌာနအကြီးအကဲတို့က ဘေးအန္တရာယ်ကျရောက်သည့် ဇုန်များသို့ သွား ရောက်အကူအညီပေးခဲ့သည်ဟု ဆိုသည်။
ရိုမေးနီးယားနယ်စပ်ရှိ အိုင်ဗင် - ဖရန့်ကတ်စ်တွင် ရေကြီးနစ်မြုပ်မှု အဆိုးဝါးဆုံးဖြစ်ပေါ်ခဲ့ပြီး ဂယ်လစ်မြို့ရှိဆေး ရုံတစ်ရုံတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည့် လူနာများရှိနေသည့်အတွက် အခြေအနေမှာ ရှုပ်ထွေးမှု များဖြစ်ပေါ်နေကြောင်း ဝန်ကြီးချုပ်က ထပ်မံ ပြောကြားခဲ့သည်။
ကီလိုမီတာ ၁၀၀ကျော် ရွာသွန်းမှုကြောင့် လမ်းများနှင့် တံတားပေါင်း ၉၀ ပျက်စီးခဲ့သည်။ ရေလွမ်းမိုးမှု ဖြစ်ပေါ် နေသည့် နေရာဒေသများသို့ အစားအစာများကို ရဟတ်ယာဉ်များဖြင့် စတင်ပေးပို့နေပြီဖြစ်ကြောင်း အာဏာပိုင် များက ပြောကြားခဲ့သည်။
ယူကရိန်းနိုင်ငံအနောက်ပိုင်းတွင် ၂၀၀၈ ခုနှစ်အတွင်း ရေကြီးရေလျှံမှုများကြောင့် လူပေါင်း ၃၉ဉီးသေဆုံးခဲ့ရာ လူ သေဆုံးမှုများက ယခုပမာဏထက် ပိုမိုများပြားခဲ့သည်။
--ကိုးကား--
အေအက်ဖ်ပီ
Ref; Ukraine flooding 'critical' with three dead and hundreds evacuated

No comments:
Post a Comment