EPN
မြစ်ကြီးနား၊ ဇွန် ၂၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်က မြစ်ကြီးနားတက္ကသိုလ်နှင့်
ပညာရေးကောလိပ်တွင် Quarantine ဝင်နေသူများအတွက်
စားသောက်ကုန်ပစ္စည်းသုံးမျိုးကို SPIC ကုမ္ပဏီက ဇွန်လ (၂၄) ရက်နေ့ တွင်
သွားရောက် ထောက်ပံ့ခဲ့သည်။
ဤသို့ သွားရောက်ထောက်ပံ့ရာတွင် မြစ်ကြီးနားတက္ကသိုလ်ရှိ Quarantine Center အတွက် ဆန်အိတ် (၂၀၀)၊ ခေါက်ဆွဲ အထုတ်ရေ(၁၀၀၀)၊ ကြက်ဥအလုံးရေ (၆၀၀၀)တိတိကို လူဦးရေ (၂၀၀) စာ အတွက် သွားရောက် ထောက်ပံ့ခဲ့ကြောင်း သိရသည်။
အလားတူ မြစ်ကြီးနားပညာရေးကောလိပ် Quarantine Center အတွက် ဆန်အိတ်(၃၀၀)၊ ခေါက်အ ထုတ်ရေ (၁၅၀၀)၊ ကြက်ဥအလုံးရေ(၉၀၀၀)ကို လူဦးရေ (၃၀၀)စာအတွက် ထောက်ပံ့လှူဒါန်းထား ကြောင်း SPIC ကုမ္ပဏီမှ သိရသည်။
ယခုကဲ့သို့ ကိုဗစ်နိုင်တင်းကာလတွင် SPIC ကုမ္ပဏီအနေဖြင့် ကွာရန်တင်းစင်တာများ၊ ဂေဟာများတွင် ထောက်ပံ့လှူဒါန်းပေးသည့် အတွက် များစွာ အထောက်အကူပြုကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ဆိုသည်။
“လှူဒါန်းခြင်းနဲ့ ပတ်သက်ပြီး SPIC ကုမ္ပဏီက ကျွန်တော်တို့ဆီကို လာချိတ်ဆက်ခဲ့ပါတယ်။ ကုမ္ပဏီက Quarantine ဝင် ပြည်သူများ အတွက် တစ်ဦးကို ဆန်(၅)ပြီ၊ ခေါက်ဆွဲ (၅)ထုတ်၊ ကြက်ဥအလုံး(၃၀)၊ လူဦးရေ (၅၀၀) စာထောက်ပံ့ထားပါတယ်။ SPIC ကုမ္ပဏီက ချီဖွေငယ် ရေအားလျှပ်စစ်လုပ်ငန်း ဆောင်ရွက်နေပါတယ်။ ဒီဒေသပေါ်မှာ လိုအပ်ချက်များကို လည်းတစ်ဖက်ကနေ ကူညီပေးနေပါတယ်။” ဦးသန်းဝင်းက ပြောပြသည်။
လက်ရှိတွင် ယင်း Quarantine Centerနှစ်ခုလုံး၌ Quarantine Center တစ်ခုလျှင် လူဦးရေ အနည်းငယ် ခန့်သာ ကျန်ရှိတော့ပြီး လာရောက် လှူဒါန်းထားသည်များမှ ပိုလျှံသည့် စားသောက်ကုန် ပစ္စည်းများကို အခြား Quarantine Centerများတွင် ပြန်လည်မျှဝေသွားမည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ထည့်သွင်း ပြောဆိုသည်။
လွမ်းအောင်

No comments:
Post a Comment