Search

Friday, June 26, 2020

တရုတ်အနောက်တောင်ပိုင်းတွင် လှေတစ်စင်းတိမ်းမှောက်ခဲ့ရာ တစ်ဦးသေ၊ ခြောက်ဦး ပျောက်ဆုံး

တရုတ်အနောက်တောင်ပိုင်းတွင် လှေတစ်စင်းတိမ်းမှောက်ခဲ့ရာ တစ်ဦးသေ၊ ခြောက်ဦး ပျောက်ဆုံး



EPN
နိုင်ငံတကာ၊ ဇွန် ၂၆

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်၊ ဆစ်ဆောင်ပန်းနား ဒေသတွင် လှေတစ်စင်း နစ်မြှုပ်မှု ဖြစ်ပွားခဲ့ရာ လူတစ်ဦး သေဆုံးပြီး ခြောက်ဦး ပျောက်ဆုံးခဲ့ကြောင်း ဒေသန္တရအာဏာပိုင်များက ယနေ့ ပြောကြား လိုက်သည်။

လူ ၂၄ ဦး တင်ဆောင်လာသော အဆိုပါလှေသည် ဇွန်လ ၂၅ ရက် နံနက် ၄ နာရီဝန်းကျင်တွင် လန်ကန်း မြစ်နှင့် နန်ဘန်းမြစ်ဆုံရာနေရာ၌ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။


လှေပေါ်ပါသူများအနက် ၁၇ ဦးကို ကယ်တင်ခဲ့ပြီးဖြစ်သော်လည်း မြန်မာနိုင်ငံရေ ပိုင်နက်အတွင်းရှိ ရေစုန် ၌ အလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း အရေးပေါ်ကယ်ဆယ်ရေး ဌာနချုပ်၏ ပြောကြားချက် အရ သိရသည်။

ဆစ်ဆောင်ပန်းနားတိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု အစိုးရအဖွဲ့က မြန်မာကယ်ဆယ်ရေးသမားများနှင့် အတူ ကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်ရန် အခင်းဖြစ်ရာနေရာသို့ စက်လှေ ၁၇ စင်းနှင့် လူ ၄၀၀ စေလွှတ်ခဲ့ သည်။

ပျောက်ဆုံးနေသူများကို ရှာဖွေကယ်ဆယ်ရန် ဆောင်ရွက်နေပြီး လှေနစ်မြှုပ်ရသော အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိသည်။

--ကိုးကား--
ဆင်ဟွာ
Ref; 1 dead, 6 missing in southwest China boat accident

No comments:

Popular Posts