Search

Friday, June 26, 2020

သြစတြေးလျနယ်စပ်ဂိတ်များကို ၂၀၂၁ ခုနှစ်လယ်အထိ ပိတ်ထားဖွယ်ရှိဟု ဝန်ကြီးချုပ် စကော့မော်ရစ်ဆင် ပြော

သြစတြေးလျနယ်စပ်ဂိတ်များကို ၂၀၂၁ ခုနှစ်လယ်အထိ ပိတ်ထားဖွယ်ရှိဟု ဝန်ကြီးချုပ် စကော့မော်ရစ်ဆင် ပြော



EPN
နိုင်ငံတကာ၊ ဇွန် ၂၆

ကမ္ဘာတစ်ဝန်း၌ ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်း အရှိန်မြှင့်လာသောကြောင့် နိုင်ငံတကာ ခရီးသွားအ များစုအတွက် သြစတြေးလျနိုင်ငံ၏ နယ်စပ်ဂိတ်များကို လာမည့်နှစ်အလယ်အထိ ပိတ်ထားဖွယ်ရှိကြောင်း ဝန် ကြီးချုပ် စကော့မော်ရစ်ဆင်က ပြောကြားလိုက်သည်။

လာမည့်တစ်နှစ်အတွင်း ပြည်ပသို့သွားလာနိုင်ခွင့် အနည်းငယ်သာ ရှိသည်ဆိုသော ကွန်တက်စ်လေ ကြောင်းလိုင်း စီအီးအို အလန်ဂျိုက်စ်၏ အမြင်နှင့်ပတ်သက်၍ မေးမြန်းရာတွင် မော်ရစ်ဆင်က ထိုသို့ ပြောကြားခဲ့ ခြင်းဖြစ်သည်။


“ကမ္ဘာတစ်ဝန်းကြည့်မယ်ဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အရှိန်မြှင့်လာတာကို မြင်တွေ့ရပါတယ်။ အ လန်ဂျိုက်စ်အတွက် ဒီအမြင်က ယုတ္တိရှိတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု မော်ရစ်ဆင်က ယနေ့ အစိုးရအဖွဲ့အ စည်းအဝေး ကျင်းပပြီးနောက် သတင်းထောက်များသို့ ပြောကြားခဲ့သည်။

နယူးဇီလန်နိုင်ငံနှင့် ခရီးသွားလမ်းကြောင်းတစ်ခု ဖွဲ့စည်းရန်မျှော်လင့်ဆဲဖြစ်ကြောင်း၊ ဗိုင်းရပ်စ်ထိန်းချုပ် ရာတွင် သြစတြေးလျနိုင်ငံ၏ အောင်မြင်မှုကြောင့် သဘောတူညီချက်များရရှိရေးတွင် အခြားနိုင်ငံများက စိတ်ဝင် စားမှုတစ်ရပ် ဖော်ပြခဲ့ကြောင်း ၎င်းက ဆိုသည်။

သြစတြေးလျနိုင်ငံက နိုင်ငံသားမဟုတ်သူများအတွက် မတ်လအတွင်း နယ်စပ်ဂိတ်များ ပိတ်ခဲ့ပြီး ယခုနှစ် ကုန်အထိ ဆက်လက်ပိတ်ထားနိုင်ကြောင်း ယခင်က ပြောကြားခဲ့သည်။

အလုပ်အကိုင်နေရာ ၆၀၀၀ ခန့် လျော့ချမည်ဖြစ်ပြီး နိုင်ငံတကာခရီးသွားလာမှု အလားအလာကြောင့် အဲဘတ် အေ ၃၈၀ စူပါဂျမ်ဘိုလေယာဉ် ၁၂ စင်းကို သုံးနှစ်ကြာ အနားပေးမည်ဟု ကွန်တက်စ်လေကြောင်းလိုင်း က ဇွန်လ ၂၅ ရက်တွင် ကြေညာခဲ့သည်။

--ကိုးကား--
ဘလွန်းဘဂ့်
Ref; Prime Minister Morrison signals Australian borders may be closed until mid-2021

No comments:

Popular Posts