Search

Tuesday, June 30, 2020

အီရန်နိုင်ငံက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ဖမ်းဆီးဝရမ်း ထုတ်လိုက်ပြီ

အီရန်နိုင်ငံက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ဖမ်းဆီးဝရမ်း ထုတ်လိုက်ပြီ



EPN
နိုင်ငံတကာ၊ ဇွန် ၃၀

အီရန်ထိပ်တန်းဗိုလ်ချုပ်ကြီးအား သတ်ဖြတ်မှုတွင် သံသယဖြစ်ဖွယ်ရာ ပါဝင်မှုကြောင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် အခြား ၃၅ ဦးတို့ကို အီရန်နိုင်ငံက ဖမ်းဆီးဝရမ်းတစ်ခု ထုတ်လိုက်သည်။

ကာဆင်းဆူလေမန်နီမှာ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်ခဲ့ပြီး အီရတ်နိုင်ငံ၊ ဘဂ္ဂဒတ်မြို့၌ အမေရိကန်နိုင်ငံ၏ လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း သတ်ဖြတ်ခံခဲ့ရသည်။


အီရန်နိုင်ငံပိုင်မီဒီယာများက ဖမ်းဆီးဝရမ်းထုတ်မှုနှင့်ပတ်သက်၍ ယမန်နေ့က ဖော်ပြခဲ့သည်။ သမ္မတ ဒေါ်နယ်ထရမ့်၊ စစ်ဘက်နှင့် အရပ်ဘက် တာဝန်ရှိသူ ၄၅ ဦးမှာ အလိုရှိသူစာရင်းတွင် ပါဝင်ကြောင်း အဆိုပါသတင်းက ဆိုသည်။

အီရန်နိုင်ငံက အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ (အင်တာပိုလ်) အား အကူအညီတောင်းထားကြောင်း၊ ဒေါ်နယ် ထရမ့် ရာထူးမှဆင်းရလျင် အမှုကိုဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း အီရန်နိုင်ငံက ပြောသည်။

ဗိုလ်ချုပ်ကြီး ဆူလေမန်နီ လုပ်ကြံခံရပြီးပြီးချင်း အိမ်နီးချင်း အီရတ်နိုင်ငံရှိ အမေရိကန်စစ်ဘက်စခန်းများ ကို အီရန်နိုင်ငံက ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းကြောင့် အီရန်နှင့်အမေရိကန်ကြား တင်းမာမှုများ မြင့်တက်လာခဲ့ သည်။

အီရန်နိုင်ငံ၏လုပ်ဆောင်ချက်က ပြည်သူ အထူးသဖြင့် ရှေးရိုးစွဲများ၏ သဘောထားကိုပြသရန် ရည်ရွယ် ပြီး အမေရိကန်နိုင်ငံနှင့်ပတ်သက်၍ ခိုင်မာသောရပ်တည်ချက်အပြင် ဗိုလ်ချုပ်ကြီး လုပ်ကြံခံရမှုက တရားမျှတမှုမရှိဟူ၍ နိုင်ငံတကာအသိုင်းအဝိုင်းထံ အယူခံဝင်ခြင်းဟု လေ့လာသူများက ပြောသည်။

--ကိုးကား--
အန်အိတ်ချ် ကေ
Ref; Iran issues arrest warrant for Trump, others

No comments:

Popular Posts