Search

Monday, June 29, 2020

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကူးတို့လှေတိမ်းမှောက်မှုကြောင့် ၁၇ ဦးထက် မနည်း သေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကူးတို့လှေတိမ်းမှောက်မှုကြောင့် ၁၇ ဦးထက် မနည်း သေဆုံး



EPN
နိုင်ငံတကာ၊ ဇွန် ၂၉

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်ရှိ မြစ်တစ်စင်းအတွင်း ယနေ့နံနက်ပိုင်းက ခရီးသည်အများအပြား တင်ဆောင်လာသော ကူးတို့လှေတစ်စင်း တိမ်းမှောက်ခဲ့ရာ လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မီးသတ်နှင့် ပြည်သူ့ကာကွယ်ရေးဌာနချုပ်မှ အကြီးတန်းအရာရှိတစ်ဦးဖြစ်သူ အန်နာယတ်ဟော့စိန်က ပြောကြားလိုက်သည်။


“လက်ရှိမှာ လူ ၁၇ ဦးရဲ့ အလောင်းတွေကို ပြန်ရခဲ့ပြီဖြစ်ပါတယ်။” ဟု ၎င်းက ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။

ယနေ့နံနက်ပိုင်း ဒေသစံတော်ချိန် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ဒါကာမြို့တော်အနီး ဘူရိဂင်္ဂါမြစ်အတွင်း “Moyur-2” ခေါ် အခြားလှေတစ်စင်းက တိုက်မိပြီးနောက် ဒါကာမြို့တော်သို့ ဦးတည်သွားနေသည့် “Morning Bird” ခေါ် အဆိုပါကူးတို့လှေ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ဟော့စိန်၏ပြောကြားချက်အရ သိရသည်။

တိမ်းမှောက်ခဲ့သော ကူးတို့လှေတွင် ခရီးသည် ၁၀၀ ကျော် တင်ဆောင်ခဲ့ပြီး ပျောက်ဆုံးနေသူများ ရှာ ဖွေမှုကို ဆောင်ရွက်နဆဲဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကူးတို့လှေမှာ အရေးပါသော သယ်ယူပို့ဆောင်ရေး နည်းလမ်းတစ်ခုဖြစ်ပြီး ကူး တို့လှေအများစုက ခရီးသည်များ ပြည့်သိပ်နေလေ့ရှိသည်။ မြစ်ချောင်းများစွာရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကူး တို့လှေတိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

--ကိုးကား--
ဆင်ဟွာ
Ref; At least 17 dead after ferry sinks in Bangladesh capital river

No comments:

Popular Posts