Search

Friday, June 5, 2020

စတုတ္ထတန်းကျောင်းသူတစ်ဦးကို ခြိမ်းခြောက် အဓမ္မပြုကျင့်သူအား ဥပဒေအရ အရေးယူ

စတုတ္ထတန်းကျောင်းသူတစ်ဦးကို ခြိမ်းခြောက် အဓမ္မပြုကျင့်သူအား ဥပဒေအရ အရေးယူ



EPN
ဖားကန့်၊ ဇွန် ၅

ဖားကန့်မြို့နယ် မှော်ဝမ်းကျေးရွာအုပ်စု ရတနာမြေပုံကျေးရွာတွင် ယမန်နေ့က စတုတ္ထတန်း ကျောင်းသူ တစ်ဦးကို ခြိမ်းခြောက် အဓမ္မပြုကျင့်မှု တစ်ခုဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူအား ဥပဒေအရ အရေးယူထားကြောင်း သိရသည်။


ကျူးလွန်ခြင်းခံရသူ မိန်းကလေးငယ်၏ မိခင်ဖြစ်သူနှင့် ကျေးရွာ တာဝန်ခံ ဦးမင်းစိုးနှင့် ရပ်ကျေး အဖွဲ့ဝင်များက ဇွန်လ ၄ ရက် နေ့လယ်ပိုင်းက ဖားကန့်ရဲစခန်းတွင် အမှုဖွင့်လှစ်ခဲ့သည်။

စစ်ဆေးပေါ်ပေါက်ချက်အရ ယင်းနေ့ နေ့လယ်ပိုင်းက ရွာထဲတွင် ဆော့ကစားနေသည့် အဆိုပါ မိန်းကလေးငယ်အား တစ်ရွာတည်းနေ မင်းသိန်းနိုင်(ခေါ်) စစ်တွေ မှ မှော်ဝမ်းသင်္ချိုင်းကုန်းသို့ ခေါ်ဆောင်သွားပြီး တွန်းလဲကာ “မင့်အဖေအမေတွေကို ပြန်မပြောနဲ့ ပြောရင် သတ်ပစ်မယ်” ဟု ခြိမ်းခြောက်ကာ အလိုမတူဘဲ အဓမ္မတစ်ကြိမ် ပြုကျင့်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့သည်။

အဆိုပါ စတုတ္ထတန်းကျောင်းသူ မိန်းကလေးငယ်လေးအား ဖားကန့်ပြည်သူ့ဆေးရုံသို့ ရဲဆေးစာနှင့်အတူ ပို့ဆောင် စစ်ဆေးခဲ့ပြီး လက်ရှိတွင် မင်းသိန်းနိုင်(ခေါ်) စစ်တွေ ဆိုသူအား ဖားကန့်ရဲစခန်းက (ပ) ၁၃၀/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ (၃၇၆) ဖြင့် အမှုဖွင့် ဖမ်းဆီး အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ကျန်ကျောင်း(ဖားကန့်)

No comments:

Popular Posts