EPN
နိုင်ငံတကာ၊ ဇွန် ၅
ဇွန်လ ၄ ရက်က ကိုဗစ်-၁၉ ရောဂါကြောင့် လူ ၁၄၇၃ ဦး သေဆုံးခဲ့ရာ
အဆိုပါကပ်ရောဂါ စတင်ဖြစ်ပွား ချိန်နောက်ပိုင်း ၂၄ နာရီအတွင်း လူသေဆုံးမှု
အမြင့်ဆုံးဖြစ်လာခဲ့ကြောင်း ဘရာဇီးနိုင်ငံက ကြေညာလိုက်သည်။
လူသေဆုံးမှုစာရင်းအရ တစ်မိနစ်လျင် လူတစ်ဉီးကျော် သေဆုံးပြီး ဘရာဇီးနိုင်ငံမှာ ယခုအခါ ကမ္ဘာပေါ် တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှု တတိယအမြင့်ဆုံးတိုင်းပြည် ဖြစ်လာခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာနက ဘရာဇီးနိုင်ငံ၏ လူကြည့်အများဆုံး သတင်းအစီအစဉ်ဖြစ်သည့် ယမန်နေ့ည ပိုင်း ကိုရိုနာဗိုင်းရပ်စ် သေဆုံးမှုစာရင်းကို ဒေသစံတော်ချိန် ည ၁၀ နာရီအထိ ထုတ်ပြန်ရန် ကြန့်ကြာခဲ့သည်။
ဇွန်လ ၄ ရက်မှာ ဘရာဇီးနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် လူသေဆုံးမှုစံချိန်တင်သည့် တတိယ မြောက်နေ့ဖြစ်သည်။
ဘရာဇီးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လက်ရှိအချိန်ထိ လူ ၃၄၀၀၀ ကျော် သေဆုံးခဲ့ပြီး အီတလီနိုင်ငံ ၏ လူသေဆုံးမှုစာရင်းကို ကျော်ဖြတ်ကာ ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့ပြီးလျင် တတိယလူသေဆုံးမှုအများဆုံး တိုင်းပြည်ဖြစ်လာခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ စမ်းသပ်မှုများ မလုံလောက်မှုကြောင့် လူသေဆုံးမှုစာရင်း လျော့တွက်ထားသည်ဟု ကျွမ်းကျင်သူများက ယူဆကြသည်။
--ကိုးကား--
Press Association
Ref; Brazil death toll hits new high for third straight day

No comments:
Post a Comment