Search

Sunday, June 28, 2020

ကွန်ဂိုနိုင်ငံတွင် အီဘိုလာကပ်ရောဂါ အရေးပေါ် အခြေအနေ ပြီးဆုံးပြီဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း ကြေညာ

ကွန်ဂိုနိုင်ငံတွင် အီဘိုလာကပ်ရောဂါ အရေးပေါ် အခြေအနေ ပြီးဆုံးပြီဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း ကြေညာ



EPN
နိုင်ငံတကာ၊ ဇွန် ၂၈

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် အီဘိုလာရောဂါဖြစ်ပွားမှုက အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အတွက် အရေးပေါ်အခြေအနေတစ်ရပ် မဟုတ်တော့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ပြောသည်။

ကွန်ဂိုနိုင်ငံ၊ မြောက်ပိုင်း ကီဗူးပြည်နယ်နှင့် အခြားဒေသများတွင် အီဘိုလာရောဂါဖြစ်ပွားမှု စတင်ပြီး နောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။

အီဘိုလာရောဂါဖြစ်ပွားမှုက ဒုတိယအဆိုးရွားဆုံး ကပ်ရောဂါဖြစ်လာခဲ့ပြီး အတည်ပြုကူးစက်မှု ၃၃၁၇ မှု၊ ရောဂါအစပျိုးသူ ၁၅၃ ဦးနှင့် သေဆုံးသူ ၂၂၈၇ ဦးအထိ ရှိလာခဲ့သည်။


ဧပြီလ ၂၇ ရက်နောက်ပိုင်း အီဘိုလာရောဂါ ဖြစ်ပွားမှုနှင့်သေဆုံးမှု မရှိတော့ကြောင်း ကွန်ဂိုအစိုးရ မှတ် တမ်းတင်ခဲ့ပြီး အီဘိုလာကပ်ရောဂါကို အောင်နိုင်ခဲ့ပြီဟု ဇွန်လ ၂၅ ရက်က ကြေညာခဲ့သည်။

အီဘိုလာကပ်ရောဂါ အရေးပေါ်အခြေအနေ ပြီးဆုံးပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တီဒရို့စ်အဒါနွမ်က ဇွန်လ ၂၆ ရက်တွင် ကြေညာခဲ့သည်။ ကွန်ဂိုနိုင်ငံအရှေ့မြောက်ပိုင်း၌ ဖြစ်ပွားနေသော သီးခြား ဖြစ်စဉ်တစ်ခုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက စောင့်ကြည့်လျက်ရှိသည်။

--ကိုးကား--
အင်န်အိတ်ချ်ကေ
Ref; WHO: Congo Ebola outbreak no longer emergency

No comments:

Popular Posts