EPN
နိုင်ငံတကာ၊ ဇွန် ၂၈
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ရှန်ကာဆင်ဗာဟီလာတွင်
ကိုရိုနာဗိုင်းရပ်စ်ပိုး စမ်း သပ်တွေ့ရှိခဲ့ပြီး ရောဂါလက္ခဏာမပြင်းထန်ဘဲ
လက်ရှိတွင် နေအိမ်၌ သီးသန့်ခွဲနေလျက်ရှိကြောင်း သိရသည်။
ရှန်ကာဆင်အား ဆေးရုံသို့တင်မည် သို့မဟုတ် နေအိမ်၌ဆက်လက်ထားရှိမည် ဆိုသောဆုံးဖြတ်ချက်ကို ယနေ့ ချမှတ်မည်ဖြစ်သည်။
နေရှင်နယ်ကွန်ဂရက် (NCP) ပါတီ အထွေထွေအတွင်းရေးမှူးဟောင်း ရှန်ကာဆင်မှာ အဖျားရောဂါ ခံစား နေသည်မှာ ၃ ရက် သို့မဟုတ် ၄ ရက်ခန့်ရှိပြီဖြစ်သည်။
သူ့ကိုထောက်ခံသူများက “ဘာပူ” ဟု ချစ်စနိုးခေါ်ဝေါ်ခဲ့ကြသည့် ရှန်ကာဆင်သည် ဇွန်လ ၂၂ ရက်က ရာ ထူးအပြင် ပါတီအဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်စာ တင်ခဲ့သည်။
အိန္ဒိယအထက်လွှတ်တော် ရွေးကောက်ပွဲတွင် ဘီဂျေပီပါတီအတွက် မဲဆန္ဒပြုရာတွင် ဂူဂျာရတ်ပြည်နယ် ၌ NCP ပါတီမှ အမတ်တစ်ဦးသာရှိခဲ့မှုကြောင့် စိတ်ပျက်မိကြောင်း ၁၉၉၆ ခုနှစ်တွင် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ရှန်ကာဆင်က ပြောကြားခဲ့သည်။
--ကိုးကား--
အိန္ဒိယတူဒေး
Ref; Former Gujarat CM Shankersinh Vaghela Tests Positive for Coronavirus, Quarantined at Home

No comments:
Post a Comment