Search

Monday, June 29, 2020

တရုတ်နိုင်ငံ ပြည်နယ် ၂၆ ခုတွင် ရေကြီးရေလျှံမှုများကြောင့် ၈၁ ဦးသေ၊ ၇၄၀၀၀၀ ကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်း

တရုတ်နိုင်ငံ ပြည်နယ် ၂၆ ခုတွင် ရေကြီးရေလျှံမှုများကြောင့် ၈၁ ဦးသေ၊ ၇၄၀၀၀၀ ကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်း



EPN
နိုင်ငံတကာ၊ ဇွန် ၂၉

နွေမုတ်သုံလေများ တိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တရုတ်နိုင်ငံရှိ ပြည်နယ်သုံးပုံနှစ်ပုံ တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ လူ ၈၁ ဦးထက်မနည်း သေဆုံး သို့မဟုတ် ပျောက်ဆုံးနေပြီး ၇၄၀၀၀၀ ကျော်ကို နေရာပြောင်းရွှေ့ပေးခဲ့ကြောင်း နိုင်ငံပိုင် ပြည်သူ့နေ့စဉ် သတင်းစာက ဖော်ပြခဲ့သည်။

ဇွန်လဆန်းနောက်ပိုင်း ငါးကြိမ်ထက်မနည်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်း က ပြည်နယ်၊ မြူနီစီပယ်ဧရိ ယာနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ၂၆ ခုကျော်ရှိ ပြည်သူ ၁၃ သန်းကျော်ကို သက်ရောက်မှုရှိစေခဲ့သည်။


တရုတ်နိုင်ငံအနောက်တောင်ပိုင်း မြို့တော်ကြီးတစ်ခုဖြစ်သည့် ချုံကျင်းမြို့အပါအဝင် ဒေသအချို့မှာ ဆယ်စုနှစ်နှစ်ခုကျော်အတွင်း အဆိုးရွားဆုံး ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့ရသည်။

ရေကြီးရေလျှံမှုများကြောင့် တိုက်ရိုက် စီးပွားရေးအရ ဆုံးရှုံးမှုမှာ ယွမ် ၂၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံ) ခန့်ရှိကြောင်း မီးသတ်ဦးစီးဌာန၏ ခန့်မှန်းချက်အရ သိရသည်။

တရုတ်နိုင်ငံတွင် လာမည့်သီတင်းပတ်အတွင်း မိုးဆက်လက် ရွာသွန်းနိုင်ပြီး အလယ်ပိုင်းရှိ ဟူပေပြည် နယ်နှင့် အရှေ့ပိုင်းရှိ ကျင်းဇီပြည်နယ်တို့သည် မကြာသေးမီက သဘာဝဘေးအန္တရာယ် အရေးပေါ်အခြေအနေ တုံ့ ပြန်မှုတစ်ရပ် ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိ ကွေ့ကျိုးပြည်နယ်နှင့် အရှေ့ပိုင်းရှိ အန်ဟွေးပြည်နယ်တို့ကလည်း သဘာဝဘေးအန္တရာယ် တုံ့ပြန်မှုအဆင့်များ တိုးမြှင့်ခဲ့သည်။

--ကိုးကား--
People’s Daily
Ref; 81 Dead or Missing in China as Floods Spread to 26 Provinces

No comments:

Popular Posts