Search

Saturday, June 6, 2020

နန့်ကျိုပရဟိတ ဖောင်ဒေးရှင်းနှင့် မေတ္တဖောင်ဒေးရှင်း တို့ ပူးပေါင်းကာ COVID-19 စောင့်ကြည့်ရေး စင်တာသို့ တစ်ကိုယ်ရေသုံးပစ္စည်းနှင့် အိပ်ယာခင်းများ လှူဒါန်း

နန့်ကျိုပရဟိတ ဖောင်ဒေးရှင်းနှင့် မေတ္တဖောင်ဒေးရှင်း တို့ ပူးပေါင်းကာ COVID-19 စောင့်ကြည့်ရေး စင်တာသို့ တစ်ကိုယ်ရေသုံးပစ္စည်းနှင့် အိပ်ယာခင်းများ လှူဒါန်း



EPN
မိုးကောင်း၊ ဇွန် ၆

မြစ်ကြီးနား အခြေစိုက် နန့်ကျိုပရဟိတ ဖောင်ဒေးရှင်းနှင့် မေတ္တဖောင်ဒေးရှင်း တို့ ပူးပေါင်းကာ ကချင်ပြည်နယ်၊ မိုးကောင်းမြို့ နောင်ကိုင်တော်ရပ် ပြည်သူ့အားကစားကွင်းတွင် လှစ်ထားသော Facility Quarantine Centre သို့ ဇွန် (၆)ရက် ညနေ (၄)နာရီအချိန်က တစ်ကိုယ်ရေသုံးပစ္စည်းနှင့် အိပ်ယာခင်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။


အဆိုပါ လှူဒါန်းမှုတွင် မွေ့ယာ(၂၅)ခု၊ အိပ်ယာခင်း (၂၅)ထည်၊ ခေါင်းအုံးနှင့် ခေါင်းအုံးဖုံး (၂၅)ခု၊ Sweety Home ခြင်ထောင် (၂၅) လုံး၊ စောင် (၂၅)ထည်၊ ပလပ်စတစ်ဖျာ (၂၅) ချပ်၊ တစ်ကိုယ်ရေသုံး ပစ္စည်းအိတ် (၃၀) ပါဝင်ကြောင်း သိရပြီး မြို့နယ် ကိုဗစ် ၁၉ စောင့်ကြည့်ရေးကော်မတီမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

အဆိုပါ စောင့်ကြည့်ရေးစင်တာတွင် ယခင်အ-ထ-က(၁)၌ ဖွင့်လှစ်ထားသော Facility Quarantine Centre မှ ပြောင်းရွှေ့ဖွင့်လှစ်ထားခြင်း ဖြစ်ပြီး လက်ရှိတွင် ထိုင်း၊ တရုတ်၊ မလေးရှားနှင့် ရန်ကုန်မှ ရောက်ရှိလာသူ (၄၇)ဦးကို လက်ခံစောင့်ကြည့်ထားကြောင်း သိရသည်။

ချိုမောင်

No comments:

Popular Posts