နောက်ထပ် ရေကြီးရေလျှံ ဖြစ်လာမည်ကို ချီဖွေ KBC တိုက်ပွဲရှောင်စခန်းနေ ပြည်သူများ စိုးရိမ်
EPN
မြစ်ကြီးနား၊ ဇွန် ၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့ရှိ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်(KBC)တိုက်ပွဲရှောင် စခန်းတွင် မှီတင်းနေထိုင်သည့် တိုက်ပွဲရှောင်ပြည်သူများက ၎င်းတို့ နေထိုင်ရာစခန်းတွင်း နောက်ထပ် ရေကြီးရေလျှံ ဖြစ်လာမည်ကို စိုးရိမ်နေကြကြောင်း ယင်းတိုက်ပွဲရှောင် ပြည်သူများထံမှ သိရသည်။
မိုးရွာသွန်းမှုကြောင့် မေလ၂၆ရက်နေ့တွင်မေခမြစ်ရေမြင့်တက်လာပြီး ယင်းတိုက်ပွဲရှောင်စခန်းရှိ လူနေအိမ် အချို့၊့ အိမ်မွေးတိရိစ္ဆာန်ခြံနှင့် စိုက်ခင်းများအတွင်းမြစ်ရေဝင်ရောက်လာမှုကြောင့် တိုက်ပွဲရှောင်ပြည်များ အခက်တွေ့ခဲ့ပြီးယင်းဖြစ်ရပ်မျိုးနောက်ထပ် ဖြစ်လာမည်ကို ယင်းတိုက်ပွဲရှောင် ပြည်သူများက စိုးရိမ်နေကြကြောင်း စခန်းတာဝန်ခံ ဦးယောနက ဆိုသည်။
“မြစ်ရေက ညမှာတက်လာတာ ဒီကလူတွေလည်း တော်တော်လည်းကို ဒုက္ခရောက်သွားတယ်။ အရင်ကတော့တစ်ခါမှ မဖြစ်ဖူးဘူး။ ဒီလိုနောက်ထပ်ဖြစ်လာမှာကို စိုးရိမ်ကြတယ်ပေါ့နော် ဒီစခန်းက ရေနဲ့လည်းနီးတဲ့ အတွက်ကြောင့် IDPတချို့က ပြောတယ် တခြားနေရာကို ပြောင်းရင်တော့ ပိုကောင်းတယ်ပေါ့။”ဟု ဦးယောနက ပြောသည်။
အဆိုပါ မြစ်ရေဝင်ရောက်လာမှုကြောင့် လူ၊ တိရိစ္ဆာန် ထိခိုက်မှုမရှိခဲ့သော်လည်း တိုက်ပွဲရှောင်ပြည်သူအချို့ လုပ်ကိုင်ထားသည့် စိုက်ပျိုးရေးခြံနှင့် မွေးမြူရေးခြံများဆုံးရှုံးခဲ့ရကြောင်း တိုက်ပွဲရှောင်ပြည်သူတစ်ဦးက ဆိုသည်။
“ကျွန်တော်တို့ရဲ့ဝက်ခြံတွေဆုံးရှုံးသွားတာရှိတယ်။ နောက်ပြီးမှ စိုက်ပျိုးရေးခြံတွေပေါ့နော် မိသားစုတွေ စားဖို့လုပ်ထားတဲ့ စိုက်ခြံတွေ ဆုံးရှုံးသွားတယ်”ဟု တိုက်ပွဲရှောင် ပြည်သူတစ်ဦးက ပြောသည်။
ယင်းတိုက်ပွဲရှောင် ပြည်သူများမှာ၂၀၁၂ခုနှစ်ကတည်းက ရှန်လုံယန်၊ ကန်ပိုက်ယန် ဂျိတ်လန်၊ လတ်ခေါင် စသည် ကျေးရွာများမှ ပြောင်းရွေ့ နေထိုင်လာသူများပြီး ကြပြီး လူဦးရေစုစုပေါင်း (၈၀၀) ကျော် ရှိကြောင်း သိရသည်။
လွမ်းအောင်
Search
Subscribe to:
Post Comments (Atom)
Popular Posts
-
ပူတာအိုမြို့နယ်၌ ဖွင့်လှစ်ထားသည့် အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာများသို့ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများထောက်ပံ့လှူဒါန်း ...
-
EPN Brief News မြစ်ကြီးနား၊ ဖေဖေါ်ဝါရီ ၂၀ ကချင်ပြည်နယ် ခေါင်လန်ဖူးဒေသခံများအတွက် လီဆူရိုးရာ ဝတ်ဆုံ ၂၀စုံကို ကချင်ပြည်နယ် လီဆူတိုင်းရင...
-
နျူကလီးယားစခန်းတွေကို အီရန်၀င်ခွင့်မပြုဘူးလို့ ကုလသမဂ္ဂနျူကလီး ယားစောင့်ကြည့်ရေးအဖွဲ့ပြော EPN နိုင်ငံတကာ၊ ဇွန် ၆ အေဂျင်စီသွားချင...
-
ကချင်ပြည်နယ်တွင် ညမထွက်ရအမိန့် ချိုးဖောက်သူ ၁၆၀ ကျော်ရှိ EPN မြစ်ကြီးနား၊ ဇူလိုင် ၆ ကချင်တစ်ပြည်နယ်လုံးတွင် ဇူလိုင် ၅ ရက်နေ့အထိ ညမထွက်...
-
ဖားကန့်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ် EPN ဖားကန့်၊ ဧပြီ ၁၁ ဖားကန့်မြ...
No comments:
Post a Comment