Search

Friday, September 27, 2019

" လာ ပါ ေတာ့ မယ္ Libra "



" လာ ပါ ေတာ့ မယ္ Libra " 

EPN
အေတြးအျမင္ေဆာင္းပါး၊ စက္တင္ဘာ ၂၇

Facebook ထုတ္ မယ္ ဒစ္ ဂ်စ္ တယ္ ေငြ ေၾကး ( Cryptocurrency ) Libra ဟာ ၂၀၂၀ မွာ လာ ပါ ေတာ့ မယ္ ။

အ ေမ ရိ ကန္ ေဒၚ လာ ၅၀% ၊ ယူ ရို ၁၈% ၊ ဂ် ပန္ ယန္း ၁၄% ၊ ၿဗိ တိန္ စ တာ လင္ ေပါင္ ၁၁% ၊ စ ကၤာ ပူ ေဒၚ လာ ၇% နဲ႔ အ ေျခ ခံ ၿပီး Libra ေငြ ေၾကး စ နစ္ ကို ေထာက္ ပံ့ ေပး ထား မယ္ ။ က မာၻ ့ဓ န အင္ အား အ ေတာင့္ တင္း ဆံုး ဆို တဲ့ တ ရုတ္ နိုင္ ငံ က ယြမ္ ေငြ မ ပါ ဘူး ။

Thursday, September 26, 2019

ေတာင္ကိုရီးယားတြင္ ကိုယ္၀န္ေဆာင္မိခင္တစ္ဦး လူနာမွားျပီး ကိုယ္၀န္ဖ်က္ခ်ခံရ

 
ေတာင္ကိုရီးယားတြင္ ကိုယ္၀န္ေဆာင္မိခင္တစ္ဦး လူနာမွားျပီး ကိုယ္၀န္ဖ်က္ခ်ခံရ

EPN
ႏိုင္ငံတကာ၊ စက္တင္ဘာ ၂၆

ေတာင္ကိုရီးယားႏိုင္ငံမွာ ဆရာ၀န္က လူနာမွားျပီး ကိုယ္၀န္ဖ်က္ခ်မိလို႕ ကိုယ္၀န္ေဆာင္မိခင္တစ္ဦး ရင္ေသြးဆံုးရႈံးမႈျဖစ္ပြားခဲ့တယ္လို႕ ရဲဌာနက ေျပာပါတယ္။

စံုစမ္းစစ္ေဆးမႈေတြအရ ကိုယ္၀န္သီတင္း ၆ ပတ္ရွိေနျပီျဖစ္တဲ့ ဗီယက္နမ္ႏုိင္ငံသား အမ်ိဳးသမီးတစ္ဦးဟာ ၾသဂုတ္လ ၇ ရက္ေန႕မွာ အခုလိုအျဖစ္နဲ႕ ၾကံဳေတြ႕ခဲ့ရတာျဖစ္ပါတယ္။

တိုးခ်ဲ႕ေဆာက္လုပ္ေနသည့္ ျမစ္ႀကီးနားေဆးရံု အထူးၾကပ္မတ္ကုသေဆာင္ႀကီးကို ၂၀၂၀ ႏွစ္ဆန္းပိုင္းတြင္ စတင္အသံုးျပဳႏိုင္မည္

 
တိုးခ်ဲ႕ေဆာက္လုပ္ေနသည့္ ျမစ္ႀကီးနားေဆးရံု အထူးၾကပ္မတ္ကုသေဆာင္ႀကီးကို ၂၀၂၀ ႏွစ္ဆန္းပိုင္းတြင္ စတင္အသံုးျပဳႏိုင္မည္

EPN
ျမစ္ႀကီးနား၊ စက္တင္ဘာ ၂၆

ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕ ျပည္သူ႔ေဆးရံုႀကီး တြင္ တိုးခ်ဲ႕ေဆာက္လုပ္ေနေသာ အထူးၾကပ္မတ္ ကုသေဆာင္ႀကီး ကို လာမည့္ ၂၀၂၀ ႏွစ္္ဆန္းပိုင္းတြင္ စတင္ အသံုးျပဳႏိုင္ေတာ့မည္ ျဖစ္ေၾကာင္း ျမစ္ႀကီးနားျပည္သူ႕ေဆးရံုမွ ေဆးရံုအုပ္ႀကီး ေဒါက္တာဘုန္းေမာ္က ေျပာသည္။

“၂၀၂၀ ႏွစ္ဆန္းပိုင္း ဆိုရင္ လုပ္ငန္းစတင္လည္ပတ္နိုင္မယ့္ အေနအထားေတာ့ ရွိတာေပါ့
အေဆာက္အဦး အေပၚဆံုးထပ္က ခြဲစိတ္ခန္းေတြပါတယ္ ေနာက္တစ္ခုက အထူးၾကပ္မတ္ကုသေဆာင္လို႕ ေခၚတာေပါ့ ICU ခန္္းေတြပါတယ္၊ အထူးၾကပ္မတ္ကုသရမယ့္ လူနာခန္းေတြပါလည္းပါမယ္”ဟု ၎က ေျပာျပသည္။

ယင္းအျပင္ အဆိုပါအေဆာက္အဦးတြင္ ၈ကုတင္ဆံ့ အခန္း ၁၀ ခန္း ပါဝင္ေသာ ၃ထပ္ေဆာင္မ်ား၊ အေရးေပၚ လူနာခန္းမ်ား၊ ဓါတ္ေလွကား ၂စီး၊ အေရးေပၚမီးသတ္စနစ္မ်ား၊ စြန္႔ပစ္ေရဆိုးမ်ားအား ျပန္သံုးသည့္ စနစ္မ်ားႏွင့္ မသန္စြမ္းသူမ်ားအတြက္ သီးသန္႔အိမ္သာခန္းမ်ား ပါဝင္မွာ ျဖစ္ေၾကာင္း သိရသည္။

ျမစ္ႀကီးနားေဆးရံုးႀကီး၏ အထူးၾကပ္မတ္ကုသေဆာင္ကို ေဆာင္လုပ္ေရးဦးစီးဌာနက တာဝန္ယူ လုပ္ေဆာင္ေနတာျဖစ္ၿပီး လက္ရွိတြင္ ၉၀ ရာခိုင္ႏႈန္းခန္႔ ၿပီးစီးေနၿပီျဖစ္ေၾကာင္း ျမစ္ႀကီးနား အေဆာက္အဦး ဦးစီးဌာန အေဆာက္အဦး အထူးအဖြဲ႔(၈) လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးသန္းႏိုင္ထံမွ သိရသည္။

“လက္စသတ္ဖို႔ လုပ္ငန္းေတြေလာက္ပဲ က်န္ေတာ့တယ္ သံပန္းကာတာေတြ ေဆးသုတ္တာေတြနဲ ဓါတ္ေလွကား တပ္ဆင္ျခင္းလုပ္ငန္းနည္းနည္းက်န္မယ္ ႏိုဝင္ဘာေလာက္မွာ လုပ္ငန္းအပ္ႏွံမွာျဖစ္တယ္” ဟု ၎က ရွင္းျပသည္။

အဆိုပါ အေဆာက္အဦးကို ၿပီးခဲ့သည့္ ၂၀၁၆-၂၀၁၇ ဘ႑ာႏွစ္မွ စတင္ကာ ျပည္ေထာင္စု အစိုးရအဖြဲ႔ က်န္းမာေရး ဝန္ႀကီးဌာန ဘက္ဂ်က္ က်ပ္သန္း ၃၄၁၀ ဒႆမ ၅၇၆ သန္းျဖင့္ အကုန္အက်ခံ ေဆာက္လုပ္ခဲ့တာျဖစ္ၿပီး ၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာလမွာ စီမံကိန္းၿပီးစီးမွာ ျဖစ္ေၾကာင္း ေဆာက္လုပ္ေရး ဦးစီးဌာနမွ သိရသည္။

သြယ္သြယ္
--------------------------------------------------------

တိုးချဲ့ဆောက်လုပ်နေသည့် မြစ်ကြီးနားဆေးရုံ အထူးကြပ်မတ်ကုသဆောင်ကြီးကို ၂၀၂၀ နှစ်ဆန်းပိုင်းတွင် စတင်အသုံးပြုနိုင်မည်

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၂၆

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီး တွင် တိုးချဲ့ဆောက်လုပ်နေသော အထူးကြပ်မတ် ကုသဆောင်ကြီး ကို လာမည့် ၂၀၂၀ နှစ်ဆန်းပိုင်းတွင် စတင် အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း မြစ်ကြီးနားပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာဘုန်းမော်က ပြောသည်။

“၂၀၂၀ နှစ်ဆန်းပိုင်း ဆိုရင် လုပ်ငန်းစတင်လည်ပတ်နိုင်မယ့် အနေအထားတော့ ရှိတာပေါ့
အဆောက်အဦး အပေါ်ဆုံးထပ်က ခွဲစိတ်ခန်းတွေပါတယ် နောက်တစ်ခုက အထူးကြပ်မတ်ကုသဆောင်လို့ ခေါ်တာပေါ့ ICU ခန်းတွေပါတယ်၊ အထူးကြပ်မတ်ကုသရမယ့် လူနာခန်းတွေပါလည်းပါမယ်”ဟု ၎င်းက ပြောပြသည်။

ယင်းအပြင် အဆိုပါအဆောက်အဦးတွင် ၈ကုတင်ဆံ့ အခန်း ၁၀ ခန်း ပါဝင်သော ၃ထပ်ဆောင်များ၊ အရေးပေါ် လူနာခန်းများ၊ ဓါတ်လှေကား ၂စီး၊ အရေးပေါ်မီးသတ်စနစ်များ၊ စွန့်ပစ်ရေဆိုးများအား ပြန်သုံးသည့် စနစ်များနှင့် မသန်စွမ်းသူများအတွက် သီးသန့်အိမ်သာခန်းများ ပါဝင်မှာ ဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားဆေးရုံးကြီး၏ အထူးကြပ်မတ်ကုသဆောင်ကို ဆောင်လုပ်ရေးဦးစီးဌာနက တာဝန်ယူ လုပ်ဆောင်နေတာဖြစ်ပြီး လက်ရှိတွင် ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း မြစ်ကြီးနား အဆောက်အဦး ဦးစီးဌာန အဆောက်အဦး အထူးအဖွဲ့(၈) လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းနိုင်ထံမှ သိရသည်။

“လက်စသတ်ဖို့ လုပ်ငန်းတွေလောက်ပဲ ကျန်တော့တယ် သံပန်းကာတာတွေ ဆေးသုတ်တာတွေနဲ ဓါတ်လှေကား တပ်ဆင်ခြင်းလုပ်ငန်းနည်းနည်းကျန်မယ် နိုဝင်ဘာလောက်မှာ လုပ်ငန်းအပ်နှံမှာဖြစ်တယ်” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ အဆောက်အဦးကို ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ စတင်ကာ ပြည်ထောင်စု အစိုးရအဖွဲ့ ကျန်းမာရေး ဝန်ကြီးဌာန ဘက်ဂျက် ကျပ်သန်း ၃၄၁၀ ဒဿမ ၅၇၆ သန်းဖြင့် အကုန်အကျခံ ဆောက်လုပ်ခဲ့တာဖြစ်ပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ စီမံကိန်းပြီးစီးမှာ ဖြစ်ကြောင်း ဆောက်လုပ်ရေး ဦးစီးဌာနမှ သိရသည်။

သွယ်သွယ်

Wednesday, September 25, 2019

တနိုင္းၿမိဳ႕နယ္အတြင္း ၂၄နာရီ မီးလင္းေရးအတြက္ ေငြက်ပ္ ၁၉ဘီလီယံေက်ာ္ အသံုးျပဳသြားမည္


တနိုင္းၿမိဳ႕နယ္အတြင္း ၂၄နာရီ မီးလင္းေရးအတြက္ ေငြက်ပ္ ၁၉ဘီလီယံေက်ာ္ အသံုးျပဳသြားမည္

EPN
တနုိင္း၊ စက္တင္ဘာ ၂၅

ကခ်င္ျပည္နယ္၊ တနိုင္းတစ္ၿမိဳ႕နယ္လံုးရိွ ၿမိဳ႕ေပၚရပ္ကြက္မ်ားနွင့္ ေက်းရြာမ်ားအတြင္း ၂၄နာရီ လွ်ပ္စစ္ မီးရရိွေရး အတြက္ ေငြက်ပ္ (၁၉)ဘီလီယံေက်ာ္ အသံုးျပဳသြားမည္ျဖစ္ေၾကာင္း ကခ်င္ျပည္နယ္ အစိုးရအဖြဲ႔၊ လူဝင္မႈႀကီးၾကပ္ေရးနွင့္ လူ႕စြမ္းအားအရင္းအျမစ္ဝန္ႀကီးဌာနမွ သိရသည္။

တနိုင္းၿမိဳ႕နယ္အတြင္း၂၄နာရီ လွ်ပ္စစ္မီး ရရိွေရးကို(၂)နွစ္ဘတ္ဂ်တ္ကို အသံုးျပဳကာ ၂၀၁၉-၂၀၂၀ ခုနွစ္တြင္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္သြားမည္ျဖစ္ၿပီး မဟာဓာတ္အားလိုင္းမွ သြယ္တန္း သြားမည္ ျဖစ္ေၾကာင္း ကခ်င္ျပည္နယ္၊ လူဝင္မႈႀကီးၾကပ္ေရးနွင့္ လူ႔စြမ္းအား အရင္းအျမစ္ ဝန္ႀကီး ဦးေဇာ္ဝင္း က ဆိုသည္။

“ျပည္နယ္က တဝက္စုိုက္မယ္၊ ျပည္ေထာင္စုက လည္းစိုက္မယ္။ အဲ့ဒါဆိုရင္ ေဗြယန္ၿမိဳ႕နယ္အထိ နွစ္နွစ္ အတြင္းမွာ မီးလင္းမယ္၊ ရွင္ေဗြယန္ကေတာ့ အခုလည္းလင္းေနပါတယ္၊ ဒါေပမယ့္ ရြာေတြက မလင္း ေသးဘူး ရြာေတြက အဓိကေပါ့၊ ၿမိဳ႕ေပၚႀကီးဘဲလင္းေနလို႔ေတာ့ အဆင္မေျပဘူး” ဟု ဦးေဇာ္ဝင္းက ေျပာသည္။

တနိုင္းၿမိဳ႕နယ္တြင္ ရွင္ေဗြယန္ၿမိဳ႕အပါအဝင္ ေက်းရြာေပါင္း (၂၉)ရြာပါဝင္ၿပီး ယင္းၿမိဳ႕ေပၚနွင့္ ေက်းရြာ မ်ားအတြင္း ၂၄နာရီ လွ်ပ္စစ္မီးရရိွေရး အတြက္ ရွင္ေဗြယန္ၿမဳိ႕တြင္ (11)KV၊ တနိုင္းၿမိဳ႕နယ္တြင္ (66)KV အသံုးျပဳသြားမည္ ျဖစ္ေၾကာင္း ၀န္ႀကီးက ဆက္လက္ ေျပာျပသည္။

လက္ရိွတြင္ တနိုင္းၿမိဳ႕ေပၚရပ္ကြက္မ်ား၌ EPC မွ လွ်ပ္စစ္ဓာတ္အားျဖန္႔ျဖဴးေပးလ်က္ရွိၿပီး ရွင္ေဗြ ယန္ၿမိဳ႕ေပၚရပ္ကြက္မ်ားတြင္ ၂၀၁၈ခုနွစ္မွ စတင္ကာ ၂၄ နာရီ လွ်ပ္စစ္ဓာတ္အား စတင္ရရိွခဲ့ေၾကာင္း သိရသည္။

လြမ္းေအာင္
Photo Tanai Channel

-----------------------------------------------------------------

တနိုင်းမြို့နယ်အတွင်း ၂၄နာရီ မီးလင်းရေးအတွက် ငွေကျပ် ၁၉ဘီလီယံကျော် အသုံးပြုသွားမည်

EPN
တနိုင်း၊ စက်တင်ဘာ ၂၅

ကချင်ပြည်နယ်၊ တနိုင်းတစ်မြို့နယ်လုံးရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအတွင်း ၂၄နာရီ လျှပ်စစ် မီးရရှိရေး အတွက် ငွေကျပ် (၁၉)ဘီလီယံကျော် အသုံးပြုသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနမှ သိရသည်။

တနိုင်းမြို့နယ်အတွင်း၂၄နာရီ လျှပ်စစ်မီး ရရှိရေးကို(၂)နှစ်ဘတ်ဂျတ်ကို အသုံးပြုကာ ၂၀၁၉-၂၀၂၀ ခုနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး မဟာဓာတ်အားလိုင်းမှ သွယ်တန်း သွားမည် ဖြစ်ကြောင်း ကချင်ပြည်နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီး ဦးဇော်ဝင်း က ဆိုသည်။

“ပြည်နယ်က တဝက်စိုက်မယ်၊ ပြည်ထောင်စုက လည်းစိုက်မယ်။ အဲ့ဒါဆိုရင် ဗွေယန်မြို့နယ်အထိ နှစ်နှစ် အတွင်းမှာ မီးလင်းမယ်၊ ရှင်ဗွေယန်ကတော့ အခုလည်းလင်းနေပါတယ်၊ ဒါပေမယ့် ရွာတွေက မလင်း သေးဘူး ရွာတွေက အဓိကပေါ့၊ မြို့ပေါ်ကြီးဘဲလင်းနေလို့တော့ အဆင်မပြေဘူး” ဟု ဦးဇော်ဝင်းက ပြောသည်။

တနိုင်းမြို့နယ်တွင် ရှင်ဗွေယန်မြို့အပါအဝင် ကျေးရွာပေါင်း (၂၉)ရွာပါဝင်ပြီး ယင်းမြို့ပေါ်နှင့် ကျေးရွာ များအတွင်း ၂၄နာရီ လျှပ်စစ်မီးရရှိရေး အတွက် ရှင်ဗွေယန်မြို့တွင် (11)KV၊ တနိုင်းမြို့နယ်တွင် (66)KV အသုံးပြုသွားမည် ဖြစ်ကြောင်း ဝန်ကြီးက ဆက်လက် ပြောပြသည်။

လက်ရှိတွင် တနိုင်းမြို့ပေါ်ရပ်ကွက်များ၌ EPC မှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပြီး ရှင်ဗွေ ယန်မြို့ပေါ်ရပ်ကွက်များတွင် ၂၀၁၈ခုနှစ်မှ စတင်ကာ ၂၄ နာရီ လျှပ်စစ်ဓာတ်အား စတင်ရရှိခဲ့ကြောင်း သိရသည်။

လွမ်းအောင်
Photo Tanai Channel

အမ်ိဳးသမီးနဲ႕ မိန္းကေလးငယ္ေတြကို ေထာက္ပံ့ေပးေနမႈမွတဆင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို အေထာက္အကူျပဳအထိ ျဖစ္လာဖို႕ ေမွ်ာ္လင့္တယ္ ဟု အီးယူသံအမတ္ဆို


အမ်ိဳးသမီးနဲ႕ မိန္းကေလးငယ္ေတြကို ေထာက္ပံ့ေပးေနမႈမွတဆင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို အေထာက္အကူျပဳအထိ ျဖစ္လာဖို႕ ေမွ်ာ္လင့္တယ္ ဟု အီးယူသံအမတ္ဆို

EPN
ျမစ္ႀကီးနား၊ စက္တင္ဘာ ၂၅

ဥေရာပသမဂၢအေနျဖင့္ “အမ်ိဳးသမီးနဲ႕ မိန္းကေလးငယ္ေတြအတြက္ ေထာက္ပံ့ေပးေနမႈမွ တဆင့္  ျမန္မာႏိုင္ငံ၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ားတြင္ အေထာက္အကူျပဳႏိုင္သည့္ အေထာက္အပံ့ေကာင္း တစ္ခုျဖစ္လာဖို႕ ေမွ်ာ္လင့္ပါတယ္” ဟု အီးယူသံအမတ္ႀကီး ခရစ္ရွန္ရွမစ္က ေျပာသည္။

စက္တင္ဘာလ ၂၄ ရက္ေန႕က ျမစ္ႀကီးနားၿမိဳ႕၊ City Park Royal Hall မွာ က်င္းပျပဳလုပ္ခဲ့သည့္ Woman and Girl Frist (WGF) Programme မွာ ဥေရာပသမဂၢသံအမတ္ၾကီး ခရစ္ရွန္ရွမစ္က ယင္းကဲ့သို႕ ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

“အမ်ိဳးသမီးနဲ႕ မိန္းကေလးငယ္ေတြ အေနနဲ႕ က်ား၊ မ အေျချပဳ အၾကမ္းဖက္မႈနဲ႕ လိင္ပိုင္းဆိုင္ရာ ေနာက္ယွက္မႈမ်ား စတဲ့ ေနာက္ဆက္တြဲ ျပႆနာမ်ားကို ေျဖရွင္းႏိုင္ရန္အတြက္ လံုေလာက္ေသာ ေထာက္ပံ့ေငြ ရရွိေရးအတြက္ Woman and Girl Frist (WGF) Programme ကို ေဆာင္ရြက္ရျခင္းျဖစ္ပါတယ္၊ အထူးသျဖင့္ ကခ်င္ျပည္နယ္က IDP Camp မွာ ေနရတဲ့ အမ်ိဳးသမီးေတြဆိုရင္ သူတို႕မွာ လိုအပ္ခ်က္ေတြ အမ်ားႀကီး ရွိေနေသးတယ္၊ ဒီလိုျပႆနာေတြကိို ကုစားေပးမႈကေန ေရရွည္တည္တံ့ခိုင္ျမဲတဲ့ ျငိမ္းခ်မ္းေရးျဖစ္စဥ္အတြက္ အေထာက္အကူျပဳေစမယ့္ လမ္းစတစ္ခုျဖစ္ေစခ်င္တယ္၊ ျဖစ္လာဖို႕လဲ ေမွ်ာ္လင့္ပါတယ္” ဟု ၄င္းက ေျပာသည္။

ကခ်င္ျပည္နယ္ လူမႈဝန္ထမ္းဦးစီးဌာနမွ ညႊန္ၾကားေရးမွဴး ေဒၚျမမာလာစိုး က လည္း ျမန္မာနိုင္ငံသည္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံျဖစ္သည့္အေလ်ာက္ အမိ်ဳးသမီးမ်ားႏွင့္ ကေလးငယ္မ်ား စြမ္းေဆာင္ရည္  ျမင့္မားေရးအတြက္ NGO၊ INGO နွင့္  EU တို႕၏ ပ့ံပိုးကူညီမႈမ်ားစြာ လိုအပ္ေၾကာင္း ေျပာဆိုခဲ့သည္။

UNFPA (ကုလသမဂၢ လူဦးေရရန္ပံုေငြအဖြဲ႕)အေနႏွင့္ WGF အစီအစဥ္ကို ၂၀၁၆ခုနွစ္မွ စတင္ကာ ေနာ္ေဝး၊ ဆြိဒင္၊ ၾသစေတးလ်ႏွင့္ ဖင္လန္နုိင္ငံတို႕၏ ေထာက္ပံ့မႈမ်ားျဖင့္ ျမန္မာႏိုင္ငံတြင္ ကခ်င္ျပည္နယ္၊  ရခိုင္ျပည္နယ္နွင့္ ရွမ္းျပည္နယ္တို႕တြင္ အဓိကထားေဆာင္ရြက္ခဲ့ၿပီး ယခုဆက္လက္ေဆာင္ရြက္သြားမည့္ ၃ႏွစ္အတြက္ ယူရိုေငြငါးသန္း ကို ဥေရာပသမဂၢ ရန္ပံုေငြျဖင့္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

မိုးေ၀


-----------------------------------------------------------------------


အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေကို ထောက်ပံ့ပေးနေမှုမှတဆင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုအထိ ဖြစ်လာဖို့ မျှော်လင့်တယ် ဟု အီးယူသံအမတ်ဆို

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၂၅

ဥရောပသမဂ္ဂအနေဖြင့် “အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအတွက် ထောက်ပံ့ပေးနေမှုမှ တဆင့်  မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အထောက်အကူပြုနိုင်သည့် အထောက်အပံ့ကောင်း တစ်ခုဖြစ်လာဖို့ မျှော်လင့်ပါတယ်” ဟု အီးယူသံအမတ်ကြီး ခရစ်ရှန်ရှမစ်က ပြောသည်။

စက်တင်ဘာလ ၂၄ ရက်နေ့က မြစ်ကြီးနားမြို့၊ City Park Royal Hall မှာ ကျင်းပပြုလုပ်ခဲ့သည့် Woman and Girl Frist (WGF) Programme မှာ ဥရောပသမဂ္ဂသံအမတ်ကြီး ခရစ်ရှန်ရှမစ်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ အနေနဲ့ ကျား၊ မ အခြေပြု အကြမ်းဖက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ နောက်ယှက်မှုများ စတဲ့ နောက်ဆက်တွဲ ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် လုံလောက်သော ထောက်ပံ့ငွေ ရရှိရေးအတွက် Woman and Girl Frist (WGF) Programme ကို ဆောင်ရွက်ရခြင်းဖြစ်ပါတယ်၊ အထူးသဖြင့် ကချင်ပြည်နယ်က IDP Camp မှာ နေရတဲ့ အမျိုးသမီးတွေဆိုရင် သူတို့မှာ လိုအပ်ချက်တွေ အများကြီး ရှိနေသေးတယ်၊ ဒီလိုပြဿနာတွေကို ကုစားပေးမှုကနေ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အထောက်အကူပြုစေမယ့် လမ်းစတစ်ခုဖြစ်စေချင်တယ်၊ ဖြစ်လာဖို့လဲ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောသည်။

ကချင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မြမာလာစိုး က လည်း မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အလျောက် အမျိုးသမီးများနှင့် ကလေးငယ်များ စွမ်းဆောင်ရည်  မြင့်မားရေးအတွက် NGO၊ INGO နှင့်  EU တို့၏ ပံ့ပိုးကူညီမှုများစွာ လိုအပ်ကြောင်း ပြောဆိုခဲ့သည်။

UNFPA (ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့)အနေနှင့် WGF အစီအစဉ်ကို ၂၀၁၆ခုနှစ်မှ စတင်ကာ နော်ဝေး၊ ဆွိဒင်၊ သြစတေးလျနှင့် ဖင်လန်နိုင်ငံတို့၏ ထောက်ပံ့မှုများဖြင့် မြန်မာနိုင်ငံတွင် ကချင်ပြည်နယ်၊  ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အဓိကထားဆောင်ရွက်ခဲ့ပြီး ယခုဆက်လက်ဆောင်ရွက်သွားမည့် ၃နှစ်အတွက် ယူရိုငွေငါးသန်း ကို ဥရောပသမဂ္ဂ ရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုးဝေ

အင္ဒိုနီးရွားႏုိင္ငံတစ္၀ွမ္းတြင္ အိမ္ေထာင္မျပဳမီ အတူေနျခင္းကို တားျမစ္သည့္ ဥပေဒအား ကန္႕ကြက္ဆႏၵျပ


အင္ဒိုနီးရွားႏုိင္ငံတစ္၀ွမ္းတြင္ အိမ္ေထာင္မျပဳမီ အတူေနျခင္းကို တားျမစ္သည့္ ဥပေဒအား ကန္႕ကြက္ဆႏၵျပ

EPN
ႏိုင္ငံတကာ၊ စက္တင္ဘာ ၂၅

အင္ဒိုနီးရွားႏိုင္ငံတစ္၀ွမ္းမွာ အစိုးရက အဆိုျပဳထားတဲ့ ရာဇ၀တ္မႈဥပေဒမူၾကမ္းသစ္ကို စက္တင္ဘာ ၂၄ ရက္ေန႕က လူေပါင္းေထာင္နဲ႕ခ်ီ ဆႏၵျပခဲ့ၾကပါတယ္။

ဆႏၵျပမႈေတြဟာ ျမိဳ႕အေတာ္ေတာ္မ်ားမ်ားမွာျဖစ္ပြားခဲ့ျပီး ျမိဳ႕ေတာ္ဂ်ာကာတာမွာ ပိုျပီး ျပင္းထန္ခဲ့ပါတယ္။ ဆႏၵျပသူအမ်ားစုဟာ ေက်ာင္းသားေတြျဖစ္ၾကျပီး လႊတ္ေတာ္ဥကၠဌနဲ႕ ေတြ႕ဆံုဖို႕ ေတာင္းဆိုခဲ့ၾကပါတယ္။ ဆႏၵျပအမ်ိဳးသမီးတစ္ဦးကေတာ့ သူရဲ႕ ကိုယ္အလယ္ပိုင္းကို အစိုးရမပိုင္ဘူးလို႕ ေရးသားထားတဲ့စာတန္းနဲ႕ ဆႏၵျပခဲ့တာကို ေတြ႕ရပါတယ္။

အဆိုျပဳထားတဲ့ ရာဇ၀တ္မႈဥပေဒေတြထဲမွာ အိမ္ေထာင္မျပဳခင္ လိင္ဆက္ဆံမႈကိုတားျမစ္ထားျပီး က်ဴးလြန္ခဲ့ရင္ ေထာင္ဒဏ္တစ္ႏွစ္ခ်မွတ္ခံရဖို႕ရွိေနပါတယ္။ မဂၤလာမေဆာင္ဘဲ အတူတူေနတဲ့ စံုတြဲေတြကေတာ့ ေထာင္ဒဏ္ ၆ လခ်မွတ္ခံရႏုိင္ပါတယ္။
ဒါ့အျပင္ သမၼတ၊ ဒုသမၼတ၊ ဘာသာေရး၊ အစိုးရဌာနဆုိင္ရာ အဖြဲ႕အစည္း၊ ႏုိင္ငံအလံနဲ႕ သီခ်င္းေတြကို ထိခိုက္ေစာ္ကားမႈကို တရားမ၀င္တဲ့လုပ္ရပ္အျဖစ္သတ္မွတ္ထားျပီး ကိုယ္၀န္ဖ်က္ခ်ရင္လည္း အနည္းဆံုး ေထာင္ဒဏ္ေလးႏွစ္ခ်မွတ္ခံရမွာျဖစ္ပါတယ္။

အဆိုပါ ဥပေဒမူၾကမ္းကို စက္တင္ဘာ ၂၄ ရက္ေန႕မွာ မဲခြဲဆံုးျဖတ္ဖို႕ စီစဥ္ထားခဲ့ေပမယ့္ ဆႏၵျပမႈေတြေၾကာင့္ စက္တင္ဘာ ၂၇ ရက္ေန႕ကို သမၼတ ဂ်ိဳကို ၀ီဒိုဒုိက ေရႊ႕ဆိုင္းထားခဲ့ပါတယ္။
ဆႏၵျပသူေတြဟာ ဥပေဒမူၾကမ္းကို ေရႊ႕ဆိုင္းထားေပမယ့္ တရား၀င္အတည္ျပဳမွာကို စိုးရိမ္ေနၾကပါတယ္။ ျမိဳ႕ေတာ္ ဂ်ာကာတာက လႊတ္ေတာ္အေဆာက္အဦးေရွ႕မွာ စက္တင္ဘာ ၂၄ ရက္ေန႕က ဆႏၵျပသူေတြကို လံုျခံဳေရး တပ္ဖြဲ႕၀င္ေတြက မ်က္ရည္ယုိဗံုးနဲ႕ မီးသတ္ပိုက္ေတြအသံုးျပဳျပီး အင္အားသံုးလူစုခြဲမႈေတြလည္းရွိခဲ့ပါတယ္။

လက္ရွိျမိဳ႕ေတာ္ဂ်ာကာတာမွာ လံုျခံဳေရးတပ္ဖြဲ႕၀င္အင္အား ၅၀၀၀ ေက်ာ္ခ်ထားလ်က္ရွိပါတယ္။

Ref;CNA
Indonesia protests over sex before marriage bill
---------------------------------------------------------

အင်ဒိုနီးရှားနိုင်ငံတစ်ဝှမ်းတွင် အိမ်ထောင်မပြုမီ အတူနေခြင်းကို တားမြစ်သည့် ဥပဒေအား ကန့်ကွက်ဆန္ဒပြ

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၂၅

အင်ဒိုနီးရှားနိုင်ငံတစ်ဝှမ်းမှာ အစိုးရက အဆိုပြုထားတဲ့ ရာဇဝတ်မှုဥပဒေမူကြမ်းသစ်ကို စက်တင်ဘာ ၂၄ ရက်နေ့က လူပေါင်းထောင်နဲ့ချီ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြမှုတွေဟာ မြို့အတော်တော်များများမှာဖြစ်ပွားခဲ့ပြီး မြို့တော်ဂျာကာတာမှာ ပိုပြီး ပြင်းထန်ခဲ့ပါတယ်။ ဆန္ဒပြသူအများစုဟာ ကျောင်းသားတွေဖြစ်ကြပြီး လွှတ်တော်ဥက္ကဌနဲ့ တွေ့ဆုံဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြအမျိုးသမီးတစ်ဦးကတော့ သူရဲ့ ကိုယ်အလယ်ပိုင်းကို အစိုးရမပိုင်ဘူးလို့ ရေးသားထားတဲ့စာတန်းနဲ့ ဆန္ဒပြခဲ့တာကို တွေ့ရပါတယ်။
အဆိုပြုထားတဲ့ ရာဇဝတ်မှုဥပဒေတွေထဲမှာ အိမ်ထောင်မပြုခင် လိင်ဆက်ဆံမှုကိုတားမြစ်ထားပြီး ကျူးလွန်ခဲ့ရင် ထောင်ဒဏ်တစ်နှစ်ချမှတ်ခံရဖို့ရှိနေပါတယ်။

မင်္ဂလာမဆောင်ဘဲ အတူတူနေတဲ့ စုံတွဲတွေကတော့ ထောင်ဒဏ် ၆ လချမှတ်ခံရနိုင်ပါတယ်။ ဒါ့အပြင် သမ္မတ၊ ဒုသမ္မတ၊ ဘာသာရေး၊ အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်း၊ နိုင်ငံအလံနဲ့ သီချင်းတွေကို ထိခိုက်စော်ကားမှုကို တရားမဝင်တဲ့လုပ်ရပ်အဖြစ်သတ်မှတ်ထားပြီး ကိုယ်ဝန်ဖျက်ချရင်လည်း အနည်းဆုံး ထောင်ဒဏ်လေးနှစ်ချမှတ်ခံရမှာဖြစ်ပါတယ်။

အဆိုပါ ဥပဒေမူကြမ်းကို စက်တင်ဘာ ၂၄ ရက်နေ့မှာ မဲခွဲဆုံးဖြတ်ဖို့ စီစဉ်ထားခဲ့ပေမယ့် ဆန္ဒပြမှုတွေကြောင့် စက်တင်ဘာ ၂၇ ရက်နေ့ကို သမ္မတ ဂျိုကို ဝီဒိုဒိုက ရွှေ့ဆိုင်းထားခဲ့ပါတယ်။
ဆန္ဒပြသူတွေဟာ ဥပဒေမူကြမ်းကို ရွှေ့ဆိုင်းထားပေမယ့် တရားဝင်အတည်ပြုမှာကို စိုးရိမ်နေကြပါတယ်။ မြို့တော် ဂျာကာတာက လွှတ်တော်အဆောက်အဦးရှေ့မှာ စက်တင်ဘာ ၂၄ ရက်နေ့က ဆန္ဒပြသူတွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးနဲ့ မီးသတ်ပိုက်တွေအသုံးပြုပြီး အင်အားသုံးလူစုခွဲမှုတွေလည်းရှိခဲ့ပါတယ်။

လက်ရှိမြို့တော်ဂျာကာတာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား ၅၀၀၀ ကျော်ချထားလျက်ရှိပါတယ်။

Ref;CNA
Indonesia protests over sex before marriage bill

Tuesday, September 24, 2019

UNICEF နွင့္ ပူးေပါင္းျပဳစုေရးသားထားသည့္ တုိင္းရင္းသားပံုျပင္စာအုပ္မ်ားျဖင့္ ယခုႏွစ္ပညာသင္ႏွစ္မွ စ၍ ကခ်င္တျပည္နယ္လံုး၌ သင္ၾကားသြားမည္



UNICEF နွင့္ ပူးေပါင္းျပဳစုေရးသားထားသည့္ တုိင္းရင္းသားပံုျပင္စာအုပ္မ်ားျဖင့္ ယခုႏွစ္ပညာသင္ႏွစ္မွ စ၍ ကခ်င္တျပည္နယ္လံုး၌ သင္ၾကားသြားမည္

EPN
ျမစ္ႀကီးနား၊ စက္တင္ဘာ ၂၄

ကုလသမဂၢ ကေလးမ်ားရန္ပံုေငြအဖြဲ႔ (UNICEF) နွင့္ စာေပယဥ္ေက်းမႈေကာ္မတီတို႔ ပူးေပါင္းကာ ျပဳစုေရးသား ထားသည့္ တိုင္းရင္းသားပံုျပင္စာအုပ္မ်ားကို္ ယခုပညာသင္ႏွစ္မွ စတင္၍ ကခ်င္ျပည္နယ္အတြင္းရိွ အေျခခံပညာေက်ာင္း KGတန္းမ်ားတြင္ သင္ၾကားပို႔ခ် ေပးေတာ့မည္ျဖစ္ေၾကာင္း ကခ်င္ျပည္နယ္တိုင္းရင္းသားစာေပနွင့္ ယဥ္ေက်းမႈဦးစီးဌာနမွဴးရံုးမွ သိရသည္။

Sunday, September 22, 2019

စနစ္တက် ၀န္ေဆာင္မႈေပးျခင္းအားျဖင့္ ျပည္သူမ်ားစိတ္ေက်နပ္မႈ ရရွိႏိုင္ၾကပါေစ




စနစ္တက် ၀န္ေဆာင္မႈေပးျခင္းအားျဖင့္ ျပည္သူမ်ားစိတ္ေက်နပ္မႈ ရရွိႏိုင္ၾကပါေစ

EPN
အယ္ဒီတာအာေဘာ္၊ စက္တင္ဘာ ၂၂

ကခ်င္ျပည္နယ္အစိုးရအဖြဲ႔ဝင္၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီးဌာနအေနျဖင့္ လာမည့္ ေအာင္တိုဘာလမွ စတင္ၿပီး ကခ်င္ျပည္နယ္အတြင္း ေဒသမ်ားမွာ ေဒသခံမ်ား၏ အိမ္ေထာင္စုႏွင့္ ႏုိင္ငံသား စိစစ္ေဆးကဒ္ျပားမ်ားကို ေျမျပင္ကြင္းဆင္း ေဆာင္ရြက္ေပးမည့္ အစီအစဥ္ကို လူထုအေနျဖင့္ ႀကိဳဆုိရမည္ ျဖစ္ပါသည္။

ကခ်င္ျပည္နယ္အတြင္း ၿမိဳ႕နယ္ ၁၈ ၿမိဳ႕နယ္ရွိ ေတာင္ေပၚေဒသ ေက်းရြာေန ေဒသခံ အမ်ားစုသည္ အိမ္ေထာင္စု စာရင္းႏွင့္ ႏုိင္ငံသားစိစစ္ေရးကဒ္ျပား (မွတ္ပုံတင္) မရရွိေသးၾကသည္ ျဖစ္သည့္အတြက္ ယင္းေဒသခံမ်ားကုိ ယခုကဲ့သုိ႔ ေျမျပင္ ကြင္းဆင္းေဆာင္ရြက္မည္ဆုိလွ်င္ပင္ ပိုၿပီးဝမ္းသာစရာသတင္းေကာင္းျဖစ္ေပသည္ မဟုတ္ပင္ေလာ။

ယခုကဲ့သုိ႔ စီမံခ်က္ျဖင့္ ေဆာင္ရြက္ေပးျခင္းသည္ လာမည့္ ၂၀၂၀ ပါတီစုံ ေရြးေကာက္ပြဲ၌ ျပည္သူလူထု အေနျဖင့္ မိမိႀကိဳက္ႏွစ္သက္ေသာ ပါတီမ်ား၊ ကုိယ္စားလွယ္ေလာင္းမ်ားကုိ မဲေပးႏုိင္ရန္အတြက္ ရည္ရြယ္ျခင္းျဖစ္ေၾကာင္း၊ ယင္းေရြးေကာက္ပြဲမတိုင္မီ မွတ္ပုံတင္မရရွိေသးသူမ်ားကို ရရွိႏိုင္ေအာင္ ေဆာင္ရြက္ေပးသြားမည္ ျဖစ္ေၾကာင္း ကိုလဲ သိရသည္။

မည္သည့္ ႏုိင္ငံမွာမဆုိ အေထြေထြေရြးေကာက္ပြဲတုိင္းမွာ ႏုိင္ငံသားစိစစ္ေရးကဒ္ျပားကိုင္ေဆာင္ထား သူတိုင္း မဲေပးပိုင္ခြင့္ရွိေနသည္ျဖစ္သည့္အတြက္ ျမန္မာႏုိင္ငံမွာလည္း မိိမိႀကိဳက္ႏွစ္သက္သည့္ ပါတီ၊ ပုဂၢိဳလ္ကို မဲေပးႏုိင္ရန္အတြက္ ႏိုင္ငံသားမွန္လွ်င္ ႏိုင္ငံသားအခြင့္အေရးအရ အိမ္ေထာင္စုစာရင္း ႏွင့္ မွတ္ပုံတင္ ရရွိထားရမည္ျဖစ္သည္။

ဒါေၾကာင့္ ယခု အစုိးရဌာနမွ လုပ္ေဆာင္ေပးမည့္ စီမံခ်က္သည္ တကယ္ေျမျပင္ကို ကြင္းဆင္း၍ ထိထိ ေရာက္ေရာက္ေဆာင္ရြက္ေပးရန္ လိုအပ္ၿပီး အစိုးရအေပၚမွာ နာမည္ေကာင္းရရွိေစခ်င္သည့္ ဆႏၵတစ္ ခုအရ လုပ္ေဆာင္ေပးျခင္းမ်ိဳး မဟုတ္ရန္ အေရးႀကီးသည္။ ဤေနရာမွာ အစုိးရဌာနမ်ားႏွင့္ လက္လွမ္းမီေသာ ၿမိဳ႕ေပၚမွာသာ ဟန္ျပလုပ္ေဆာင္ျခင္းမဟုတ္ဘဲ လမ္းပန္းဆက္သြယ္ေရး ခက္ခဲေနသည့္ ေတာင္ ေပၚေက်းရြာမ်ားတြင္လည္း အားစိုက္ေဆာင္ရြက္သင့္ေပသည္။

လက္ရွိ အခ်ိန္ကာလအထိ ေတာင္ေပၚေက်းလက္ျပည္သူမ်ားမွာ အိမ္ေထာင္စုႏွင့္ မွတ္ပုံမရရွိေသး ေသာသူမ်ား မေရမတြက္ႏုိင္ေအာင္ ရွိေနေသးသည္။ ယင္းအိမ္ေထာင္စုႏွင့္ မွတ္ပုံတင္မ်ားကို ေဆာင္ ရြက္ရန္ သက္ဆုိင္ရာ လဝကဌာနမ်ားသို႔ သြားေရာက္လုပ္ေဆာင္ရာတြင္လည္း စာရြက္၊ စာတမ္း ေထာက္ခံစာမ်ား မျပည့္စုံသည္ဟုဆိုကာ အေၾကာင္းျပခ်က္ အမ်ိဳးမ်ိဳးေၾကာင့္ အခက္အခဲ မ်ားစြာ ရွိေနေသးေၾကာင္း ေလ့လာေတြ႕ရွိရသည္။

ထို႔ေၾကာင့္ ယခုလို ျပည္သူလူထုအေပၚမွာ ေစတနာထားလုပ္ေဆာင္ေပးသည့္ အစိုးရအဖြဲ႔အစည္းမ်ား ပီပီ ေအာက္ေျခဝန္ထမ္းမ်ားကိုလည္း စနစ္တက် ၾကပ္မတ္ေပးျခင္းျဖင့္ ျပည္သူမ်ား လိုအပ္ေနသည့္ လိုအပ္ခ်က္ကို လူထုစိတ္ေက်နပ္မႈရရွိသည့္တုိင္ေအာင္ အေကာင္းဆုံး ႀကိဳးစား ေဆာင္ရြက္ ေပးေစလုိေၾကာင္း ဆႏၵျပဳရင္း ေရးသားတင္ျပလုိက္ရပါသည္။

အယ္ဒီတာ
ထာဝရၿငိမ္းခ်မ္းေရးသတင္းကြန္ရက္
Eternally Peace News Network (EPN)
-------------------------------------------------------------------------------------

စနစ်တကျ ဝန်ဆောင်မှုပေးခြင်းအားဖြင့် ပြည်သူများစိတ်ကျေနပ်မှု ရရှိနိုင်ကြပါစေ

EPN
အယ်ဒီတာအာဘော်၊ စက်တင်ဘာ ၂၂

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနအနေဖြင့် လာမည့် အောင်တိုဘာလမှ စတင်ပြီး ကချင်ပြည်နယ်အတွင်း ဒေသများမှာ ဒေသခံများ၏ အိမ်ထောင်စုနှင့် နိုင်ငံသား စိစစ်ဆေးကဒ်ပြားများကို မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးမည့် အစီအစဉ်ကို လူထုအနေဖြင့် ကြိုဆိုရမည် ဖြစ်ပါသည်။

ကချင်ပြည်နယ်အတွင်း မြို့နယ် ၁၈ မြို့နယ်ရှိ တောင်ပေါ်ဒေသ ကျေးရွာနေ ဒေသခံ အများစုသည် အိမ်ထောင်စု စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကဒ်ပြား (မှတ်ပုံတင်) မရရှိသေးကြသည် ဖြစ်သည့်အတွက် ယင်းဒေသခံများကို ယခုကဲ့သို့ မြေပြင် ကွင်းဆင်းဆောင်ရွက်မည်ဆိုလျှင်ပင် ပိုပြီးဝမ်းသာစရာသတင်းကောင်းဖြစ်ပေသည် မဟုတ်ပင်လော။

ယခုကဲ့သို့ စီမံချက်ဖြင့် ဆောင်ရွက်ပေးခြင်းသည် လာမည့် ၂၀၂၀ ပါတီစုံ ရွေးကောက်ပွဲ၌ ပြည်သူလူထု အနေဖြင့် မိမိကြိုက်နှစ်သက်သော ပါတီများ၊ ကိုယ်စားလှယ်လောင်းများကို မဲပေးနိုင်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ယင်းရွေးကောက်ပွဲမတိုင်မီ မှတ်ပုံတင်မရရှိသေးသူများကို ရရှိနိုင်အောင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ကိုလဲ သိရသည်။

မည်သည့် နိုင်ငံမှာမဆို အထွေထွေရွေးကောက်ပွဲတိုင်းမှာ နိုင်ငံသားစိစစ်ရေးကဒ်ပြားကိုင်ဆောင်ထား သူတိုင်း မဲပေးပိုင်ခွင့်ရှိနေသည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံမှာလည်း မိမိကြိုက်နှစ်သက်သည့် ပါတီ၊ ပုဂ္ဂိုလ်ကို မဲပေးနိုင်ရန်အတွက် နိုင်ငံသားမှန်လျှင် နိုင်ငံသားအခွင့်အရေးအရ အိမ်ထောင်စုစာရင်း နှင့် မှတ်ပုံတင် ရရှိထားရမည်ဖြစ်သည်။

ဒါကြောင့် ယခု အစိုးရဌာနမှ လုပ်ဆောင်ပေးမည့် စီမံချက်သည် တကယ်မြေပြင်ကို ကွင်းဆင်း၍ ထိထိ ရောက်ရောက်ဆောင်ရွက်ပေးရန် လိုအပ်ပြီး အစိုးရအပေါ်မှာ နာမည်ကောင်းရရှိစေချင်သည့် ဆန္ဒတစ် ခုအရ လုပ်ဆောင်ပေးခြင်းမျိုး မဟုတ်ရန် အရေးကြီးသည်။ ဤနေရာမှာ အစိုးရဌာနများနှင့် လက်လှမ်းမီသော မြို့ပေါ်မှာသာ ဟန်ပြလုပ်ဆောင်ခြင်းမဟုတ်ဘဲ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေသည့် တောင် ပေါ်ကျေးရွာများတွင်လည်း အားစိုက်ဆောင်ရွက်သင့်ပေသည်။

လက်ရှိ အချိန်ကာလအထိ တောင်ပေါ်ကျေးလက်ပြည်သူများမှာ အိမ်ထောင်စုနှင့် မှတ်ပုံမရရှိသေး သောသူများ မရေမတွက်နိုင်အောင် ရှိနေသေးသည်။ ယင်းအိမ်ထောင်စုနှင့် မှတ်ပုံတင်များကို ဆောင် ရွက်ရန် သက်ဆိုင်ရာ လဝကဌာနများသို့ သွားရောက်လုပ်ဆောင်ရာတွင်လည်း စာရွက်၊ စာတမ်း ထောက်ခံစာများ မပြည့်စုံသည်ဟုဆိုကာ အကြောင်းပြချက် အမျိုးမျိုးကြောင့် အခက်အခဲ များစွာ ရှိနေသေးကြောင်း လေ့လာတွေ့ရှိရသည်။

ထို့ကြောင့် ယခုလို ပြည်သူလူထုအပေါ်မှာ စေတနာထားလုပ်ဆောင်ပေးသည့် အစိုးရအဖွဲ့အစည်းများ ပီပီ အောက်ခြေဝန်ထမ်းများကိုလည်း စနစ်တကျ ကြပ်မတ်ပေးခြင်းဖြင့် ပြည်သူများ လိုအပ်နေသည့် လိုအပ်ချက်ကို လူထုစိတ်ကျေနပ်မှုရရှိသည့်တိုင်အောင် အကောင်းဆုံး ကြိုးစား ဆောင်ရွက် ပေးစေလိုကြောင်း ဆန္ဒပြုရင်း ရေးသားတင်ပြလိုက်ရပါသည်။

အယ်ဒီတာ
ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက်
Eternally Peace News Network (EPN)
 

ေရကာတာတည္ေဆာက္ျခင္း၏ အက်ိဳးရလာဒ္ႏွင့္ ေရတမံမရွိျခင္း၏ ကြာဟခ်က္



ေရကာတာတည္ေဆာက္ျခင္း၏ အက်ိဳးရလာဒ္ႏွင့္ ေရတမံမရွိျခင္း၏ ကြာဟခ်က္

EPN

ေဆာင္းပါး၊ စက္တင္ဘာ ၂၂
ဗိုလ္က်ေရးသည္

ယခုေခတ္ ဖြံ႕ၿဖိဳးၿပီး ႏိုင္ငံအေတာ္မ်ားမ်ားတြင္ ျမစ္ေခ်ာင္းမ်ားေပၚ၌ တမံ၊ ေရကာတာတည္ေဆာက္ျခင္း ကို မလုပ္ၾကေတာ့ဘဲ ရပ္တန႔္ေနၾကသည္ကို ေတြ႕ျမင္ရပါသည္။ အဘယ္ေၾကာင့္ဆိုေသာ္ တမံတည္ ေဆာက္ျခင္းျဖင့္ ယင္းႏိုင္ငံ၏ ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ လူမႈဘဝမ်ားသည္ အရွိန္အဟုန္ျမႇင့္ တိုးတက္ေနၿပီ ျဖစ္ျခင္းေၾကာင့္ ျဖစ္သည္။

ႏိုင္ငံအတြင္း စြမ္းအင္အလုံအေလာက္ရရွိၿပီးျဖစ္သည့္အတြက္ ေနာက္ထပ္ တမံမ်ားတည္ေဆာက္စရာ မလိုေတာ့ဘဲ ယင္းတမံမ်ားမွ ရရွိေသာ စြမ္းအင္မ်ားကို အသုံးျပဳၿပီး  အဘက္ဘက္မွာ ဖြံ႕ၿဖိဳးတိုးတက္ေရး လုပ္ငန္းမ်ားကို ေဆာင္႐ြက္ႏိုင္ၿပီျဖစ္သည္။

မည္သည့္ႏိုင္ငံမဆို၊ မည္သည့္ ေဒသ လူမ်ိဳးမဆို၊ ဖြံ႕ၿဖိဳးတိုး တက္ေရးအတြက္ လွ်ပ္စစ္စြမ္းအင္သည္ မရွိမျဖစ္ လိုအပ္ခ်က္ျဖစ္သည္။
ကမာၻ႔အင္အားႀကီးဆုံးႏိုင္ငံျဖစ္သည့္ အေမရိကန္ ႏိုင္ငံရွိ Niagara Fall တြင္ တည္ေဆာက္ခဲ့ေသာ Hydropower dam သည္ ကမာၻ႔ ပထမဆုံးတမံျဖစ္သလို တမံကို ၁၈၈၁ ခုႏွစ္မွာ အသုံးျပဳခဲ့သည္။ ဒါ့အျပင္ ယေန႔ေခတ္မွာ ကမာၻ တစ္ဝွမ္းလုံး Large Dam ေပါင္း 48000 ေက်ာ္ တည္ေဆာက္ခဲ့ၿပီး  ျဖစ္သည္ကို ေတြ႕ရွိရသည္။ ဤသည္ကို ၾကည့္ျခင္းအားျဖင့္ ႏွစ္ေပါင္း ၁၃၀ ေက်ာ္ အတြင္းမွာ ပ်မ္းမွ် တစ္ရက္လွ်င္ Dam တစ္ ခု ႏႈန္း ေဆာက္လုပ္ခဲ့သည္ဟု ေျပာဆိုႏိုင္သည္။

ထိုသို႔ တမံတည္ေဆာက္ၿပီး ဖြံ႕ၿဖိဳးၿပီးႏိုင္ငံမ်ားတြင္ ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားကို အလုအယက္၊ အၿပိဳင္အဆိုင္ လုပ္ေနၾကေသာ္လည္း ဖြံ႕ၿဖိဳးဆဲ ႏိုင္ငံမ်ားတြင္ အဘက္ဘက္မွာ ေနာက္က်က်န္ေနေသးသည္။ ဤအ ခ်က္ကို အားလုံးလက္ခံႏိုင္မည္ဟုလည္း ယူဆပါသည္။ ဖြံ႕ၿဖိဳးဆဲ ႏိုင္ငံမ်ားကို ၾကည့္ပါက ယင္းႏိုင္ငံအ တြင္း လွ်ပ္စစ္စြမ္းအင္ပိုင္းဆိုင္ရာမွာလည္း အလုံအေလာက္မရွိသည္ကို ေတြ႕ရွိရသည္။ ထို႔အျပင္ တမံ ကဲ့သို႔ စြမ္းအင္ထုတ္ယူႏိုင္သည့္ ဆည္မ်ားလည္း နည္းပါးေနေသးသည္ကို ေတြ႕ရွိရသည္။

ဥပမာဆိုရေသာ္ အိမ္ႏိုင္ခ်င္း တ႐ုတ္ႏိုင္ငံကို ၾကည့္လွ်င္ တ႐ုတ္ႏိုင္ငံသည္ ႏိုင္ငံအတြင္းရွိ ျမစ္မ်ား အားလုံး နီးပါးေပၚတြင္ တမံမ်ား တည္ေဆာက္ထားၿပီး ျဖစ္သည္။ ယင္းထဲမွ The Three Georges Dam ဆိုလွ်င္ တ႐ုတ္ႏိုင္ငံ ၏ အထင္ရွားဆုံး ဆည္ တမံ တစ္ခုပင္ျဖစ္သည္။ လက္ရွိ အေျခအေန တြင္ တမံေပါင္း ၂၅၈၀၀ ေက်ာ္ တည္ေဆာက္ၿပီး ျဖစ္သည္ဟု မီဒီယာအခ်ိဳ႕ေဖၚျပခ်က္အရ သိရသည္။
ထို႔ေၾကာင့္ ယင္းတမံမ်ားေပၚမွ ရရွိေသာ အက်ိဳးတရားမ်ားေၾကာင့္ လက္ရွိ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရး လုပ္ငန္းမ်ား လုပ္ေဆာင္ႏိုင္သကဲ့သို႔ ကမာၻ႔ႏွင့္ ရင္ေဘာင္တန္းႏိုင္ေအာင္ တိုးတက္ေနသည္ကို ေတြ႕ရွိ ရသည္။ ဤသည္မွာ လွ်ပ္စစ္စြမ္းအင္ လုံေလာက္စြာရရွိမႈႏွင့္ စနစ္တက် စီမံ အသုံးျပဳႏိုင္ျခင္းေၾကာင့္ ျဖစ္သည္။

အာဖရိကတိုက္ထဲတြင္ ပါဝင္သည့္ ကြန္ဂိုႏိုင္ငံ၏ ကြန္ဂို ျမစ္သည္ အာဖရိကတိုက္ အတြင္း ႏိုင္ငံေပါင္း ၁၀ ႏိုင္ငံကို ျဖစ္သန္းစီဆင္းေနၿပီး အတၱလန္တိတ္ သမုဒၵရာ ထဲသို႔စီးဝင္သြားသည္။ ထိုကြန္ဂိုျမစ္မွာ ယင္းႏိုင္ငံမ်ားအတြက္ ေရးပါသည့္ျမစ္တစ္စင္းျဖစ္သည္။ ယင္းျမစ္ကို တန္ဖိုးထားသည္။ ဥပမဆိုရ ေသာ္ ယခု ျမန္မာႏိုင္ငံရွိ ဧရာဝတီျမစ္ကို တန္ဖိုးျမတ္ႏိုးသလို ျဖစ္သည္။

ကြန္ဂိုႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ဖို႔ရန္အတြက္ ကြန္ဂိုျမစ္ေပၚတြင္ ေရအားလွ်ပ္စစ္ကို တည္ေဆာက္ခဲ့သည္။ လက္ရွိမွာ ၁၉၇၀ ခုႏွစ္တြင္ တည္ေဆာက္ၿပီးျဖစ္ေသာ Inga I စက္႐ုံသည္ (354MW ) ထုတ္ယူႏိုင္ ၿပီး ၁၉၈၀ တည္ေဆာက္ခဲ့ေသာ Inga II စက္႐ုံသည္ (1424 MW)( 1980) ထုတ္ယူႏိုင္သည္။ ယင္း ေရအားလွ်ပ္စစ္ စက္႐ုံႏွစ္ခုမွာ ကမၻ့ာအႀကီးဆုံး စက္႐ုံမ်ား ပင္ျဖစ္သည္ဟု ေလ့လာေတြ႕ရွိရသည္။

လက္ရွိ ျမန္မာႏိုင္ငံအတြင္း လွ်ပ္စစ္ထုတ္ယူမႈလိုအပ္ခ်က္မွာ ႏွစ္ေသာင္းမဂၢါဝပ္ျဖစ္ၿပီးေတာ့ လက္ရွိ ထုတ္ယူ သုံးေထာင္မဂၢါဝပ္ေလာက္ပဲထုတ္ယူသုံးစြဲႏိုင္သည္။ ျပည္သြင္း လွ်ပ္စစ္စြမ္းအင္ဆိုင္ရာ အသိ ပညာရွင္အခ်ိဳ႕အဆိုအရ ဆိုလွ်င္ ႏိုင္ငံတစ္ခုသည္ လွ်ပ္စစ္စြမ္းအင္ရပ္တန႔္သြားမည္ဆိုပါက ႏိုင္ငံ၏ အဘက္ဘက္ အားလုံးထိုးရပ္သြားမည္ဟု ဆိုၾကသည္။

ဒါဆို လွ်ပ္စစ္စြမ္းအင္သည္ ႏိုင္ငံတစ္ခုအတြက္ အဘယ္မွ် လိုအပ္သနည္း။ အဘယ့္ေၾကာင့္နည္း။ လက္ရွိ ျမစ္ဆုံစီမံကိန္းႏွင့္ ပတ္သက္ၿပီး သဘာဝပတ္ဝန္းက်င္ထိုခိုက္မည္စိုးသည့္အတြက္ ကန႔္ကြက္ ေနသည္။ ဤေနရာမွာ သဘာဝပတ္ဝန္းက်င္ဆိုသည္ မူရွင္းရွိၿပီးသားကို ဖ်က္ဆီးေစရန္မဟုတ္ဘဲ ယခင္အတိုင္းဘာမွမလုပ္ဘဲ ထားေနရင္ ယင္းပတ္ဝန္းက်င္ အလွအပမွာ ပ်က္စီးလာမည္ျဖစ္သည္။ ထို႔ေၾကာင့္ သဘာဝကို ထိန္းသိမ္းေစာင့္ေရွာက္ရန္လိုသည္။ ယင္းသို႔ ထိန္းသိမ္းေစာင့္ေရွာက္ရန္မွာ မျပဳျပင္ မလုပ္ေဆာင္ဘဲ ထိန္းသိမ္းျခင္းမဟုတ္ေပ။

ေနာက္တစ္ခ်က္က ျပည္တြင္း လွ်ပ္စစ္စြမ္းအင္သုံးစြဲမႈျဖစ္သည္။ ျပည္တြင္း မည္သည့္ေနရာေဒသ၌ မဆို လွ်ပ္စစ္စြမ္းအင္ကို လုံေလာက္ပိုလွ်ံစြာ သုံးစြဲႏိုင္ျခင္းမရွိေသးေပ။ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ရးဆိုရာမွာ လွ်ပ္စစ္စြမ္းအင္သည္လည္း အေရးႀကီးေၾကာင္းကို အထက္မွာ ေဖၚျပခဲ့ၿပီးျဖစ္သည္။ အစိုးရမ်ား၊ ပါတီ၊ အဖြဲ႕အစည္းမ်ားကပင္လွ်င္ ႏိုင္ငံေဒသဖြံ႕ၿဖိဳးေရးကို မည္သို႔ပင္ ႀကိဳးစားေဆာင္႐ြက္ေနပါေသာ္လည္း ေနရာတိုင္းမွာ စြမ္းအင္ရရွိမွသာျဖစ္သည္။

ျမန္မာႏိုင္ငံအတြင္း ေက်း႐ြာေပါင္း ၆၀၀၀၀ ေက်ာ္ရွိသည့္အနက္ လွ်ပ္စစ္မီးရရွိသည့္ေက်း႐ြာမွာ ၃၀၀၀၀နီးပါးသာ ရရွိသည္။ ရာခိုင္ႏႈန္းအားျဖင့္ ၄၀ ေက်ာ္သာ လွ်ပ္စစ္မီးကို ရရွိသည္။ ထိုလွ်ပ္စစ္မီး ရရွိသည့္ ေက်း႐ြာမ်ားကို ျပန္ၾကည့္ရင္လည္း လုံေလာက္သည့္ ပမဏကို မရရွိၾကေပ။

ဖြံ႕ၿဖိဳးၿပီး ႏိုင္ငံမ်ားကို ေလ့လာၾကည့္လွ်င္လည္း ယင္းႏိုင္ငံမ်ားရွိ ျမစ္မ်ားတြင္ ေရအားလွ်ပ္စစ္ တည္ ေဆာက္ၿပီး လွ်ပ္စစ္ထုတ္ယူသုံးစြဲေနၾကသည္။ ဖြံံံ့ၿဖိဳးဆဲ ႏိုင္ငံမ်ားတြင္သာ ေရအားလွ်ပ္စစ္ လုံေလာက္ မႈမရွိသလို လွ်ပ္စစ္လည္း လုံေလာက္စြာမရရွိေသးသည္ကို ေတြ႕ရသည္။

ကမာၻတစ္ဝွမ္းလုံးတြင္ တမံတည္ေဆာက္မႈကို ဆိုးက်ိဳးမ်ားရွိသည္ဟု ဆို၍ ဆန႔္က်င္ ကန႔္ကြက္မႈမ်ားရွိ သကဲ့သို႔ ေကာင္းက်ိဳး မ်ားရွိသည္ဟူ၍ ဆက္လက္ တည္ေဆာက္ ေဆာင္႐ြက္ေနၾကသည္ကိုလည္း ေတြ႕ရသည္။

ထို႔ ေၾကာင့္ ဖံ့ြၿဖိဳးမႈအတြက္ ႀကိဳးပမ္းေဆာင္႐ြက္ေနၾကေသာ ႏိုင္ငံမ်ားအတြက္ လူမႈပတ္ဝန္းက်င္ႏွင့္ သဘာဝပတ္ဝန္းက်င္တို႔ကို ထိခိုက္မႈ နည္းေသာ ဖြံၿဖိဳးမႈကို ေဆာင္က်ဥ္းေပးႏိုင္ေသာ ေရကာတာ တမံမ်ားကို တည္ေဆာက္လွ်က္ လွ်ပ္စစ္စြမ္းအားျဖင့္ ဆင္းရဲေသာ ဘဝအေျခအေနမ်ားမွ ႐ုန္းထြက္ႏိုင္ၾကပါေစေၾကာင္း ေဖၚျပ လိုရင္းျဖစ္သည္။

Photo Internet
 -----------------------------------------------------------------------------------------------
ရေကာတာတည်ဆောက်ခြင်း၏ အကျိုးရလာဒ်နှင့် ရေတမံမရှိခြင်း၏ ကွာဟချက်

EPN

ဆောင်းပါး၊ စက်တင်ဘာ ၂၂
ဗိုလ်ကျရေးသည်

ယခုခေတ် ဖွံ့ဖြိုးပြီး နိုင်ငံအတော်များများတွင် မြစ်ချောင်းများပေါ်၌ တမံ၊ ရေကာတာတည်ဆောက်ခြင်း ကို မလုပ်ကြတော့ဘဲ ရပ်တန့်နေကြသည်ကို တွေ့မြင်ရပါသည်။ အဘယ်ကြောင့်ဆိုသော် တမံတည် ဆောက်ခြင်းဖြင့် ယင်းနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုဘဝများသည် အရှိန်အဟုန်မြှင့် တိုးတက်နေပြီ ဖြစ်ခြင်းကြောင့် ဖြစ်သည်။

နိုင်ငံအတွင်း စွမ်းအင်အလုံအလောက်ရရှိပြီးဖြစ်သည့်အတွက် နောက်ထပ် တမံများတည်ဆောက်စရာ မလိုတော့ဘဲ ယင်းတမံများမှ ရရှိသော စွမ်းအင်များကို အသုံးပြုပြီး  အဘက်ဘက်မှာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ပြီဖြစ်သည်။

မည်သည့်နိုင်ငံမဆို၊ မည်သည့် ဒေသ လူမျိုးမဆို၊ ဖွံ့ဖြိုးတိုး တက်ရေးအတွက် လျှပ်စစ်စွမ်းအင်သည် မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်။
ကမ္ဘာ့အင်အားကြီးဆုံးနိုင်ငံဖြစ်သည့် အမေရိကန် နိုင်ငံရှိ Niagara Fall တွင် တည်ဆောက်ခဲ့သော Hydropower dam သည် ကမ္ဘာ့ ပထမဆုံးတမံဖြစ်သလို တမံကို ၁၈၈၁ ခုနှစ်မှာ အသုံးပြုခဲ့သည်။ ဒါ့အပြင် ယနေ့ခေတ်မှာ ကမ္ဘာ တစ်ဝှမ်းလုံး Large Dam ပေါင်း 48000 ကျော် တည်ဆောက်ခဲ့ပြီး  ဖြစ်သည်ကို တွေ့ရှိရသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် နှစ်ပေါင်း ၁၃၀ ကျော် အတွင်းမှာ ပျမ်းမျှ တစ်ရက်လျှင် Dam တစ် ခု နှုန်း ဆောက်လုပ်ခဲ့သည်ဟု ပြောဆိုနိုင်သည်။

ထိုသို့ တမံတည်ဆောက်ပြီး ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အလုအယက်၊ အပြိုင်အဆိုင် လုပ်နေကြသော်လည်း ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် အဘက်ဘက်မှာ နောက်ကျကျန်နေသေးသည်။ ဤအ ချက်ကို အားလုံးလက်ခံနိုင်မည်ဟုလည်း ယူဆပါသည်။ ဖွံ့ဖြိုးဆဲ နိုင်ငံများကို ကြည့်ပါက ယင်းနိုင်ငံအ တွင်း လျှပ်စစ်စွမ်းအင်ပိုင်းဆိုင်ရာမှာလည်း အလုံအလောက်မရှိသည်ကို တွေ့ရှိရသည်။ ထို့အပြင် တမံ ကဲ့သို့ စွမ်းအင်ထုတ်ယူနိုင်သည့် ဆည်များလည်း နည်းပါးနေသေးသည်ကို တွေ့ရှိရသည်။

ဥပမာဆိုရသော် အိမ်နိုင်ချင်း တရုတ်နိုင်ငံကို ကြည့်လျှင် တရုတ်နိုင်ငံသည် နိုင်ငံအတွင်းရှိ မြစ်များ အားလုံး နီးပါးပေါ်တွင် တမံများ တည်ဆောက်ထားပြီး ဖြစ်သည်။ ယင်းထဲမှ The Three Georges Dam ဆိုလျှင် တရုတ်နိုင်ငံ ၏ အထင်ရှားဆုံး ဆည် တမံ တစ်ခုပင်ဖြစ်သည်။ လက်ရှိ အခြေအနေ တွင် တမံပေါင်း ၂၅၈၀၀ ကျော် တည်ဆောက်ပြီး ဖြစ်သည်ဟု မီဒီယာအချို့ဖေါ်ပြချက်အရ သိရသည်။
ထို့ကြောင့် ယင်းတမံများပေါ်မှ ရရှိသော အကျိုးတရားများကြောင့် လက်ရှိ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်သကဲ့သို့ ကမ္ဘာ့နှင့် ရင်ဘောင်တန်းနိုင်အောင် တိုးတက်နေသည်ကို တွေ့ရှိ ရသည်။ ဤသည်မှာ လျှပ်စစ်စွမ်းအင် လုံလောက်စွာရရှိမှုနှင့် စနစ်တကျ စီမံ အသုံးပြုနိုင်ခြင်းကြောင့် ဖြစ်သည်။

အာဖရိကတိုက်ထဲတွင် ပါဝင်သည့် ကွန်ဂိုနိုင်ငံ၏ ကွန်ဂို မြစ်သည် အာဖရိကတိုက် အတွင်း နိုင်ငံပေါင်း ၁၀ နိုင်ငံကို ဖြစ်သန်းစီဆင်းနေပြီး အတ္တလန်တိတ် သမုဒ္ဒရာ ထဲသို့စီးဝင်သွားသည်။ ထိုကွန်ဂိုမြစ်မှာ ယင်းနိုင်ငံများအတွက် ရေးပါသည့်မြစ်တစ်စင်းဖြစ်သည်။ ယင်းမြစ်ကို တန်ဖိုးထားသည်။ ဥပမဆိုရ သော် ယခု မြန်မာနိုင်ငံရှိ ဧရာဝတီမြစ်ကို တန်ဖိုးမြတ်နိုးသလို ဖြစ်သည်။

ကွန်ဂိုနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ရန်အတွက် ကွန်ဂိုမြစ်ပေါ်တွင် ရေအားလျှပ်စစ်ကို တည်ဆောက်ခဲ့သည်။ လက်ရှိမှာ ၁၉၇၀ ခုနှစ်တွင် တည်ဆောက်ပြီးဖြစ်သော Inga I စက်ရုံသည် (354MW ) ထုတ်ယူနိုင် ပြီး ၁၉၈၀ တည်ဆောက်ခဲ့သော Inga II စက်ရုံသည် (1424 MW)( 1980) ထုတ်ယူနိုင်သည်။ ယင်း ရေအားလျှပ်စစ် စက်ရုံနှစ်ခုမှာ ကမ္ဘ့ာအကြီးဆုံး စက်ရုံများ ပင်ဖြစ်သည်ဟု လေ့လာတွေ့ရှိရသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း လျှပ်စစ်ထုတ်ယူမှုလိုအပ်ချက်မှာ နှစ်သောင်းမဂ္ဂါဝပ်ဖြစ်ပြီးတော့ လက်ရှိ ထုတ်ယူ သုံးထောင်မဂ္ဂါဝပ်လောက်ပဲထုတ်ယူသုံးစွဲနိုင်သည်။ ပြည်သွင်း လျှပ်စစ်စွမ်းအင်ဆိုင်ရာ အသိ ပညာရှင်အချို့အဆိုအရ ဆိုလျှင် နိုင်ငံတစ်ခုသည် လျှပ်စစ်စွမ်းအင်ရပ်တန့်သွားမည်ဆိုပါက နိုင်ငံ၏ အဘက်ဘက် အားလုံးထိုးရပ်သွားမည်ဟု ဆိုကြသည်။

ဒါဆို လျှပ်စစ်စွမ်းအင်သည် နိုင်ငံတစ်ခုအတွက် အဘယ်မျှ လိုအပ်သနည်း။ အဘယ့်ကြောင့်နည်း။ လက်ရှိ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်ထိုခိုက်မည်စိုးသည့်အတွက် ကန့်ကွက် နေသည်။ ဤနေရာမှာ သဘာဝပတ်ဝန်းကျင်ဆိုသည် မူရှင်းရှိပြီးသားကို ဖျက်ဆီးစေရန်မဟုတ်ဘဲ ယခင်အတိုင်းဘာမှမလုပ်ဘဲ ထားနေရင် ယင်းပတ်ဝန်းကျင် အလှအပမှာ ပျက်စီးလာမည်ဖြစ်သည်။ ထို့ကြောင့် သဘာဝကို ထိန်းသိမ်းစောင့်ရှောက်ရန်လိုသည်။ ယင်းသို့ ထိန်းသိမ်းစောင့်ရှောက်ရန်မှာ မပြုပြင် မလုပ်ဆောင်ဘဲ ထိန်းသိမ်းခြင်းမဟုတ်ပေ။

နောက်တစ်ချက်က ပြည်တွင်း လျှပ်စစ်စွမ်းအင်သုံးစွဲမှုဖြစ်သည်။ ပြည်တွင်း မည်သည့်နေရာဒေသ၌ မဆို လျှပ်စစ်စွမ်းအင်ကို လုံလောက်ပိုလျှံစွာ သုံးစွဲနိုင်ခြင်းမရှိသေးပေ။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရးဆိုရာမှာ လျှပ်စစ်စွမ်းအင်သည်လည်း အရေးကြီးကြောင်းကို အထက်မှာ ဖေါ်ပြခဲ့ပြီးဖြစ်သည်။ အစိုးရများ၊ ပါတီ၊ အဖွဲ့အစည်းများကပင်လျှင် နိုင်ငံဒေသဖွံ့ဖြိုးရေးကို မည်သို့ပင် ကြိုးစားဆောင်ရွက်နေပါသော်လည်း နေရာတိုင်းမှာ စွမ်းအင်ရရှိမှသာဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ကျေးရွာပေါင်း ၆၀၀၀၀ ကျော်ရှိသည့်အနက် လျှပ်စစ်မီးရရှိသည့်ကျေးရွာမှာ ၃၀၀၀၀နီးပါးသာ ရရှိသည်။ ရာခိုင်နှုန်းအားဖြင့် ၄၀ ကျော်သာ လျှပ်စစ်မီးကို ရရှိသည်။ ထိုလျှပ်စစ်မီး ရရှိသည့် ကျေးရွာများကို ပြန်ကြည့်ရင်လည်း လုံလောက်သည့် ပမဏကို မရရှိကြပေ။

ဖွံ့ဖြိုးပြီး နိုင်ငံများကို လေ့လာကြည့်လျှင်လည်း ယင်းနိုင်ငံများရှိ မြစ်များတွင် ရေအားလျှပ်စစ် တည် ဆောက်ပြီး လျှပ်စစ်ထုတ်ယူသုံးစွဲနေကြသည်။ ဖွံံံ့ဖြိုးဆဲ နိုင်ငံများတွင်သာ ရေအားလျှပ်စစ် လုံလောက် မှုမရှိသလို လျှပ်စစ်လည်း လုံလောက်စွာမရရှိသေးသည်ကို တွေ့ရသည်။

ကမ္ဘာတစ်ဝှမ်းလုံးတွင် တမံတည်ဆောက်မှုကို ဆိုးကျိုးများရှိသည်ဟု ဆို၍ ဆန့်ကျင် ကန့်ကွက်မှုများရှိ သကဲ့သို့ ကောင်းကျိုး များရှိသည်ဟူ၍ ဆက်လက် တည်ဆောက် ဆောင်ရွက်နေကြသည်ကိုလည်း တွေ့ရသည်။

ထို့ ကြောင့် ဖံ့ွဖြိုးမှုအတွက် ကြိုးပမ်းဆောင်ရွက်နေကြသော နိုင်ငံများအတွက် လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်တို့ကို ထိခိုက်မှု နည်းသော ဖွံဖြိုးမှုကို ဆောင်ကျဉ်းပေးနိုင်သော ရေကာတာ တမံများကို တည်ဆောက်လျှက် လျှပ်စစ်စွမ်းအားဖြင့် ဆင်းရဲသော ဘဝအခြေအနေများမှ ရုန်းထွက်နိုင်ကြပါစေကြောင်း ဖေါ်ပြ လိုရင်းဖြစ်သည်။

Photo Internet

အီရန္ကို တိုက္ခိုက္သည့္ႏိုင္ငံက အဓိက စစ္ေျမျပင္ျဖစ္လာမည္ဟု အီရန္ အသိေပး



အီရန္ကို တိုက္ခိုက္သည့္ႏိုင္ငံက အဓိက စစ္ေျမျပင္ျဖစ္လာမည္ဟု အီရန္ အသိေပး

EPN
ႏိုင္ငံတကာ၊ စက္တင္ဘာ ၂၂

အီရန္ကို တိုက္ခိုက္တဲ့ ဘယ္ႏုိင္ငံမဆို အဓိက စစ္ေျမျပင္ျဖစ္လာလိမ့္မယ္လို႕ စက္တင္ဘာ ၂၁ ရက္ေန႕မွာ အီရန္က သတိေပးေျပာၾကားလိုက္ပါတယ္။

ေဆာ္ဒီေရနံခ်က္စက္ရံုတိုက္ခိုက္ခံရျပီးေနာက္ အေမရိကန္ႏိုင္ငံက ပင္လယ္ေကြ႕ တပ္ဖြဲ႕၀င္ေတြ ေစလႊတ္ဖို႕ ညႊန္ၾကားခဲ့ျပီးေနာက္ အီရန္က အခုလို သတိေပးေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေဆာ္ဒီေရ နံခ်က္စက္ရံုတိုက္ခိုက္ခံရျပီးေနာက္ အီရန္နဲ႕ အေမရိကန္ႏုိင္ငံတို႕ အေျခအေနတင္းမာမႈ ျမင့္တက္ လာခဲ့ပါတယ္။ အေမရိကန္ဘက္က ေဆာ္ဒီရဲ႕ ေတာင္းဆိုခ်က္အရ တပ္ဖြဲ႕၀င္ေတြေစလႊတ္တာျဖစ္ျပီး ေ၀ဟင္နဲ႕ ေလေၾကာင္းကာကြယ္ေရးအတြက္ အဓိက ရည္ရြယ္တာျဖစ္တယ္လို ေျပာၾကားထားပါတယ္။

အီရန္ စစ္တပ္ ဗိုလ္ခ်ဳပ္မွဴးၾကီး ဟူစိန္ ဆလာမီကေတာ့ “အီရန္ဘက္က ဘယ္လို အေျခအေနမ်ိဳးအတြက္ ျဖစ္ျဖစ္ အသင့္ျဖစ္ေနျပီး ၄င္းတို႕ႏုိင္ငံကို အဓိက စစ္ေျမျပင္ျဖစ္ခ်င္တယ္ဆိုရင္ ဘယ္သူျဖစ္ျဖစ္ ဆက္လုပ္ပါ” လို႕ သတင္းစာရွင္းလင္းပြဲတစ္ခုမွာ ေျပာၾကားသြားခဲ့ပါတယ္။

အီရန္ႏိုင္ငံပိုင္နက္ကို ဘယ္လိုစစ္ပြဲပံုစံမ်ိဳးနဲ႕ျဖစ္ေစ ထိပါးခြင့္ျပဳမွာမဟုတ္ဘူးလို႕လည္း ဆလာမီက သတိေပးေျပာၾကားခဲ့ပါတယ္။

Ref;CNA
Iran issues 'battlefield' warning as US deploys troops
---------------------------------------------------------------------------------

အီရန်ကို တိုက်ခိုက်သည့်နိုင်ငံက အဓိက စစ်မြေပြင်ဖြစ်လာမည်ဟု အီရန် အသိပေး

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၂၂

အီရန်ကို တိုက်ခိုက်တဲ့ ဘယ်နိုင်ငံမဆို အဓိက စစ်မြေပြင်ဖြစ်လာလိမ့်မယ်လို့ စက်တင်ဘာ ၂၁ ရက်နေ့မှာ အီရန်က သတိပေးပြောကြားလိုက်ပါတယ်။

ဆော်ဒီရေနံချက်စက်ရုံတိုက်ခိုက်ခံရပြီးနောက် အမေရိကန်နိုင်ငံက ပင်လယ်ကွေ့ တပ်ဖွဲ့ဝင်တွေ စေလွှတ်ဖို့ ညွှန်ကြားခဲ့ပြီးနောက် အီရန်က အခုလို သတိပေးပြောကြားခဲ့တာဖြစ်ပါတယ်။

ဆော်ဒီရေ နံချက်စက်ရုံတိုက်ခိုက်ခံရပြီးနောက် အီရန်နဲ့ အမေရိကန်နိုင်ငံတို့ အခြေအနေတင်းမာမှု မြင့်တက် လာခဲ့ပါတယ်။ အမေရိကန်ဘက်က ဆော်ဒီရဲ့ တောင်းဆိုချက်အရ တပ်ဖွဲ့ဝင်တွေစေလွှတ်တာဖြစ်ပြီး ဝေဟင်နဲ့ လေကြောင်းကာကွယ်ရေးအတွက် အဓိက ရည်ရွယ်တာဖြစ်တယ်လို ပြောကြားထားပါတယ်။

အီရန် စစ်တပ် ဗိုလ်ချုပ်မှူးကြီး ဟူစိန် ဆလာမီကတော့ “အီရန်ဘက်က ဘယ်လို အခြေအနေမျိုးအတွက် ဖြစ်ဖြစ် အသင့်ဖြစ်နေပြီး ၎င်းတို့နိုင်ငံကို အဓိက စစ်မြေပြင်ဖြစ်ချင်တယ်ဆိုရင် ဘယ်သူဖြစ်ဖြစ် ဆက်လုပ်ပါ” လို့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားသွားခဲ့ပါတယ်။

အီရန်နိုင်ငံပိုင်နက်ကို ဘယ်လိုစစ်ပွဲပုံစံမျိုးနဲ့ဖြစ်စေ ထိပါးခွင့်ပြုမှာမဟုတ်ဘူးလို့လည်း ဆလာမီက သတိပေးပြောကြားခဲ့ပါတယ်။

Ref;CNA
Iran issues 'battlefield' warning as US deploys troops
 

Popular Posts