Search

Sunday, January 26, 2020

နိုင်ငံရေးပါတီများကို ဗိုလ်ချုပ်အောင်ဆန်း ထောက်ပြပြောဆိုခြင်း၊ ယနေ့ထိမှန်ကန်





နိုင်ငံရေးပါတီများကို ဗိုလ်ချုပ်အောင်ဆန်း ထောက်ပြပြောဆိုခြင်း၊ ယနေ့ထိမှန်ကန်

တောခြောက်သံများ
          ဟုတ်တာတွေ မဟုတ်တာတွေ အပထား၊ ရွေးကောက်ပွဲကြီးကား နီးလာပြန်ချေပြီတည်း။ သားကောင် ကို ဖမ်းမိဖို့အရေး တောခြောက်သံတွေက ပေးလာကြ…။ ၂၀၁၅ တုန်းက တောခြောက်သံကတာ့ လူကိုကြည့် မနေနဲ့၊ ပါတီတံဆပ်ကြည့်ပြီး မဲထည့်လိုက်ဟူ၏။ လာပြန်ချေသေးသည် နောက်တစ်မျိုး။ တစ်သီးပုဂ္ဂလက အားမရှိဘူး၊ မဲထည့်မနေနဲ့ အစိုးရလည်း ဖွဲ့လို့မရဘူး၊ ကျွန်မတို့သာ မဲထည့်ပါဟူ၏။ လက်ရှိအစိုးရ(ထိုစဉ်က ဦးသိန်းစိန် အစိုးရ) ဟာ တပ်မတော်နဲ့ အဆက်အသွယ်ရှိတယ်။ ဒါကို တွန်းဖယ်ပစ်ရမယ်ဟူ၏။ ထိုအသံများ လျှံထွက်လန်ထွက်နေခြင်းကို အိပ်ရေးပျက်သော်လည်း ထကြည့်မိပါသည်။ လူသားဝိညာဉ် ပျောက်ဆုံးသွား သောအခါ ပညာဉာဏ်ဆိုသည်ကလည်း ဦးနှောက်ထဲက ထွက်ပြေးသွားပြီလာ။ အဓမ္မသူရဲကောင်းဝါဒ ဖော်စပ် ဝေငှနေတော့သည်။

စာသင်ချိန်တိုးမြှင့် သတ်မှတ်ခြင်းနှင့် အစမ်းသပ်ခံပညာရေး




စာသင်ချိန်တိုးမြှင့် သတ်မှတ်ခြင်းနှင့် အစမ်းသပ်ခံပညာရေး

EPN Article
ဆောင်းပါး၊ ဇန်နဝါရီ ၂၆

          ပညာရေးဝန်ကြီးဌာနအခြေခံပညာဦးစီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာနနေပြည်တော်က ၂၀၁၉ ဒီဇင် ဘာ ၂၀ ရက်တွင် ကျောင်းတွင်းစာမေးပွဲများနှင့် တက္ကသိုလ်ဝင်စာမေးပွဲများကို မတ်လအတွင်းစစ်ဆေးရမည် ဟု ညွှန်ကြားချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်ထဲတွင် Grade - 5 နှင့် Grade – 9 စာမေးပွဲများ ကို ၂၀၂၀ ဖေဖော်ဝါရီ ၂၄ ရက်မှ မတ် ၃ ရက်အတွင်းကျင်းပရန်၊ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲများ ကို ၂၀၂၀ မတ် ၁၁ ရက်မှ မတ် ၂၀ အတွင်းကျင်းပရန်၊ ကျန်ရှိနေတဲ့ ကျောင်းတွင်းစစ် စာမေးပွဲများကို ၂၀၂၀ မတ် ၂၃ မှ မတ် ၃၁ အတွင်း (စနေနှင့် တနင်္ဂနွေနေ့ ကျောင်းပိတ်ရက်မှအပ) ကျင်းပရမည်ဟု ဖော်ပြထား သည်။ ယင်းထုတ်ပြန်ချက်အရ အခြေခံပညာကျောင်းသားကျောင်းသူများသည် မတ်လကုန်သည်အထိကျောင်း တက်ရတော့မည် ဖြစ်သည်။

          ယင်းကိစ္စနှင့်ပတ်သက်ပြီး ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ မိဘပြည်သူများက မဖြစ် သင့်ကြောင်း အကျိုးသင့် အကြောင်းသင့် သက်ဆိုင်ရာသို့ တင်ပြခဲ့ကြသည်။ သို့သော်လည်း သက်ဆိုင်ရာက မည်သည့် တုံ့ပြန်မှုကိုမှ မပြုလုပ်ခဲ့သလို မည်သည့် ရည်ရွယ်ချက်ဖြင့် ထိုသို့ စီစဉ်ဆောင်ရွက်ခဲ့သည်ကိုလည်း တိတိကျကျ ထုတ်ပြန်ထားခဲ့ခြင်း မရှိပေ။

ဝူဟန်နမိုးနီးယားနှင့် ပတ်သက်ပြီး အစိုးရအနေဖြင့် နှုတ်ဆိတ်နေ၍ မသင့်

ဝူဟန်နမိုးနီးယားနှင့် ပတ်သက်ပြီး အစိုးရအနေဖြင့် နှုတ်ဆိတ်နေ၍ မသင့်

အယ်ဒီတာအာဘော်၊ ဇန်နဝါရီ ၂၆

ယခုအခါ တရုတ်နိုင်ငံ ဝူဟန်မြို့တွင် စတင်ဖြစ်ပွားခဲ့သော အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ လူသိ များလာပြီး လူထုဆိုးရိမ်စိတ် အထိတ်တလန့်ဖြစ်ပွားမှုလည်း မြှင့်မားလာပေသည်။ တစ်ကမ္ဘာလုံးမှာပင် ပြည်ပမှ ဝင်လာသည့် လေယာဉ်ဆိပ်ကြီးများတွင်လည်း ခရီးသည်အဝင်အထွက်ကို အထူးကြပ်မတ် နေကြသည်။

လက်ရှိအချိန်မှာ တရုတ်ပြည်တွင် ရောဂါဖြစ်ပွားနေသူ ၇၀၀၀ ကျော်ခန့်ရှိနေပြီး ယင်းရောဂါကြောင့် သေဆုံးသူမှာလည်း ၂၀ ပတ်ဝန်းကျင်နီးပါးရှိနေပြီဖြစ်သည့်အတွက် အိမ်နီးချင်နိုင်ငံများအနေဖြင့် မိမိနိုင်ငံအတွင်းသို့ မကူးစက်နိုင်အောင် အထူးကြပ်မတ်စောင့်ကြည့်၊ စစ်ဆေးရမည်ဖြစ်သည်။ အထူး သဖြင့် ဝူဟန်သည် မြန်မာနိုငံငံနှင့် အလွန်ပင်နီးစပ်သည့် မြို့ဖြစ်သည့်အတွက် မြန်မာအစိုးရအနေဖြင့် အထူးအထူး ကြပ်မတ်ရန် လိုအပ်သည်။

Thursday, January 23, 2020

ဟန်ရေးပြနေတာတွေ ရပ်ပြီး လက်တွေ့ အလုပ်လုပ်ကြပါ

 
 
 
ဟန်ရေးပြနေတာတွေ ရပ်ပြီး လက်တွေ့ အလုပ်လုပ်ကြပါ

EPN Article
ဆောင်းပါး၊ ဇန်နဝါရီလ ၂၃

ကျွန်တော်တို့ နိုင်ငံသားတိုင်းကတော့ မြန်မာပြည်ကြီးကို ကောင်းစေချင်တယ်။ ငြိမ်းချမ်းစေချင်တယ်။ တည်ငြိမ်စေချင်တယ်။ ဖွံ့ဖြိုးတိုးတက်စေချင်တယ်။ သဘာဝဘေးအန္တရာယ်အပေါင်း ကင်းဝေးစေချင်တယ်။ အဲဒီလိုဖြစ်ဖို့က စိတ်ကူးနဲ့ ပါးစပ်နဲ့ပဲ ပြောနေလို့ မရဘူး။ သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှာ လုပ်ရမယ့် အလုပ် တွေကို အလုပ်ဖြစ်အောင်၊ အလုပ်ပြီးမြောက်အောင် ထိထိရောက်ရောက်လုပ်ဖို့ လိုတယ်။ ကျွန်တော်တို့ ငယ်ငယ်က ဖတ်မှတ်ခဲ့ရသလိုပေါ့။

Sunday, January 19, 2020

တောမီးအန္တရာယ် သတိထားဖို့ လိုပြီ






တောမီးအန္တရာယ် သတိထားဖို့ လိုပြီ

EPN Article
ဆောင်းပါး၊ ဇန်နဝါရီ ၁၉

သည်ရက်ပိုင်း သြစတြေးလျ တောမီးလောင်ကျွမ်းမှု သတင်းများကို ကြည့်ပြီး ရွှေလက် စိတ်မကောင်း ဖြစ်နေမိသည်။ မီးလောင်ကျွမ်း သေဆုံးနေသည့် တိရစ္ဆာန်လေးများ၊ မီးတောက် မီးလျှံကြားတွင် ပြေးလွှားနေ သည့် တိရစ္ဆာန်လေးများ၊ ကူညီ ကယ်ဆယ်သူများကြောင့် မီးဘေးကနေ မီးလောင်ဒဏ်ရာများနှင့် လွတ်လာ သည့် တိရစ္ဆာန်လေးများကို မြင်တွေ့ရသဖြင့် ရွှေလက် ရင်ထဲ ဆို့နစ်နေသည်။ သေဆုံးသွားရသည့် လူများ၊ ပျက်စီးသွားရသည့် အဆောက်အအုံများ၊ ဇီဝမျိုးစုံမျိုးကွဲများ၊ ဂဟစနစ်များအတွက် ဝမ်းနည်းမဆုံး ဖြစ်ရသည်။

မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့်ခဲ့လေပြီ

 
 
 
မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့်ခဲ့လေပြီ

အယ်ဒီတာအာဘော်၊ ဇန်နဝါရီ ၁၉

၂၀၂၀ ခုနှစ်၏ နှစ်သစ် ဇန်နဝါရီလ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ မြန်မာနိုင်ငံသာမက ကမ္ဘာ့နိုင်ငံများအထိ သြဇာလွှမ်းမိုးထားသော နိုင်ငံတစ်နိုင်ငံ၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့် တရုတ်နိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်သည် မြန်မာနိုင်ငံသို့ နှစ်ရက်တာခရီးစဉ်ဖြင့် ရောက်ရှိခဲ့သည်။
 
၂၀၀၁ ခုနှစ် တရုတ်သမ္မတ ကျန်ဇီမင်း၏ မြန်မာနိုင်ငံခရီးစဉ်နောက်ပိုင်း နှစ်ပေါင်း ၂၀ နီးပါးကြာပြီးနောက် တရုတ်သမ္မတတစ်ဦး၏ မြန်မာခရီးစဉ် ဖြစ်သည်။ တရုတ်နိုင်ငံ သမ္မတမစ္စတာ ရှီကျင့်ဖျင်သည် မြန်မာနိုင်ငံသို့ မြန်မာ-တရုတ်သံတမန်ဆက်ဆံရေးနှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် ရောက်ရှိလာခြင်း ဖြစ်ပြီး မြန်မာ-တရုတ်သံတမန် ဆက်ဆံရေး နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

Thursday, January 16, 2020

၂၀၂၀ ရွေးကောက်ပွဲမှာ ကစားသမားကောင်းတွေ စိစစ်ရွေးချယ်ဖို့ လိုအပ်နေတဲ့ NLD




၂၀၂၀ ရွေးကောက်ပွဲမှာ ကစားသမားကောင်းတွေ စိစစ်ရွေးချယ်ဖို့ လိုအပ်နေတဲ့ NLD

EPN Article

၂၀၁၉ ခုနှစ်ကုန်ပြီး ၂၀၂၀ ဆီကူးပြောင်းလာပါပြီ။ မြန်မာနိုင်ငံနိုင်ငံရေးအပြောင်းအလဲအတွက် ရှေ့ကနေဦးဆောင် ဦးရွက်ထမ်းဆောင်ခဲ့တဲ့ NLD ပါတီအဏာရတာလည်း လေးနှစ်ရှိပါပြီ။ ၂၀၂၀ မှာအထွေထွေရွေးကောက်ပွဲကြီး ပြန်လာပါတော့မယ်။ ၂၀၁၅ ရွေကောက်ပွဲတုန်းက NLD ပါတီဟာပြောင်းလဲချိန်တန်ပြီ ဆောင်ပုဒ်နဲ့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အပြောင်းအလဲကို အစစ်အမှန်လိုလားတဲ့ မြန်မာပြည်သူတွေကလည်း ရှေ့နောက်စဉ်းစားမနေဘဲ NLD ကို သူတို့ရဲ့လက်သန်းတွေကို မင်စွန်းခံပြီး NLD ပါတီဆီမဲတွေ ပုံအောပေးခဲ့ကြပါတယ်။ အဲဒီအတွက် NLD ဟာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပါတယ်။ ရွေးကောက်ပွဲအနိုင်ရပြီးနောက် NLD ပါတီကရွေးချယ်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးတွေရဲ့ တစ်ချို့လုပ်ဆောင် ပြောဆိုမှုတွေကတော့ ပြည်သူတွေကို စိတ်အပျက်ကြီးပျက်စေခဲ့တယ်ဆိုရင် ငြင်းဆိုစရာ အကြောင်းမရှိပါဘူး။

Tuesday, January 14, 2020

အမှောင်ထုထဲက ရောင်နီလင်းသံ မကြားရသေးတဲ့ ရွှေပေါက်ကံ

အမှောင်ထုထဲက ရောင်နီလင်းသံ မကြားရသေးတဲ့ ရွှေပေါက္ကံ

EPN
ဆောင်းပါး၊ ဇန်နဝါရီ ၁၄

ရွှေပေါက္ကံကျေးရွာသည် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန့်ပုတ်ကျေးရွာအုပ်စုတွင် တည်ရှိပြီး ရွာ တည်ထားသည်မှာ ၅နှစ်ကျော်ကြာကာလ အတိုင်းအတာကို ရောက်ရှိခဲ့သည်နည်းတူ လက်ရှိမှာ အိမ်ထောင်စု ၁၆၄ စု၊ လူဦးရေ ၅၂၄ ဦးရှိသည်။

ယင်းကျေးရွာမှာ မူလတန်းကျောင်းလည်းရှိပါသည်။ အဓိက ကျေးရွာ ဒေသခံများသည် ခြံလုပ်ငန်း၊ ဟင်းသီးဟင်းရွက်စိုက်လုပ်ငန်း၊ လက်မှုလုပ်ငန်း အစရှိ သော လုပ်ငန်းများကို လုပ်ကိုင်ကြသည်။

ရွှေပေါက္ကံရွာသည် မိုးညှင်းမြို့နှင့် ၂ မိုင်ကျော်အကွာတွင် တည်ရှိပြီး အများစုမှ ရှမ်းနီလူမျိုး အများဆုံး နေထိုင်ကြပြီး ရဝမ်၊ ကချင်၊ ဗမာနှင့် ရခိုင်လူမျိုးအနည်ငယ်စီ နေထိုင်လျှက်ရှိကြောင်း သိရသည်။ အဲဒီကျေးရွာ ဒေသခံများထဲမှ ဒေါ်တင်ဌေးသည် ဦးသံချောင်းနှင့် အိမ်ထောင်ကျပြီး သားသမီး ၉ ဦးထွန်းကားခဲ့သည်ဟု ဒေါ်တင်ဌေးကိုယ်တိုင်ပြောပြသည်။

Sunday, January 12, 2020

ဆူညံသံများနှင့် ကချင်ပြည်နယ်နေ့ ပြီးဆုံးခဲ့လေပြီ


ဆူညံသံများနှင့် ကချင်ပြည်နယ်နေ့  ပြီးဆုံးခဲ့လေပြီ 

EPN
အယ်ဒီတာအာဘော်၊ ဇန်နဝါရီ ၁၂

ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်နေ့က မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ မနောကွင်းမှာ ၇၂ နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောင်ပွဲတော်ကြီးကို ကချင်မျိုးနွယ်စု တစ်ခုနှင့်တစ်ခု အတိုက်အခံ၊ အငြင်းအခုံပြုကြရင်း ကျင်းပခဲ့ရရှာသည်။

မြစ်ကြီးနားတွင် ကျင်းပခဲ့သည့် ၇၂ နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ပွဲတော်ကြီးသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများက တက်ရောက် ချီးမြှင့်ခဲ့ကြသော်လည်း စည်ကားသင့်သလောက် မစည်ကားခဲ့ပေ။

ဆူညံ့​သောအိပ်​​ဇောများနှင်​့ အင်္ဂါမစုံ​သောဆိုင်​ကယ်​များ စီးနင်းသူများကို အသိပညာပေး




ဆူညံ့​သောအိပ်​​ဇောများနှင်​့ အင်္ဂါမစုံ​သောဆိုင်​ကယ်​များ စီးနင်းသူများကို အသိပညာပေး

EPN
ဟိုပင်၊ ဇန်​နဝါရီ ၁၂

ကချင်ပြည်နယ်၊ ဟိုပင်မြို့တွင် ယနေ့ဇန်နဝါရီ (၁၂)ရက်နေ့ နံနက်ပိုင်းတွင် ဟိုပင်နယ်​မြေ ရဲတပ်ဖွဲဝင်များက ဆူညံ့​သောအိပ်​​ဇောများနှင်​့အင်္ဂါမစုံ​သောဆိုင်​ကယ်​များ စီးနင်သူများကို အသိပညာပေးမှုပြုလုပ်ခဲ့​ကြောင်းသိရသည်။

ဟိုပင်မြို့တွင် ယာဉ်မတော်တဆမှုများ မဖြစ်ပွားစေရန်နှင့် အသက်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်အတွက် အင်္ဂါမစုံသောဆိုင်ကယ်များကို စီးသူများနှင်​့ ယာဉ်​စည်​းကမ်​းမလိုက်​နာသည့်​ခရီးသည်​တင်​ယာဉ်​များကို ရွေ့လျားအဖွဲ့ဖြင့် စောင့်ကြည့်ကာ အသိပညာပေးခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။

ထောက်ပံ့မှုနည်းသည့်အတွက် မြစ်ကြီးနား ဒူကထောင် စစ်ရှောင်များ စားဝတ်နေရေး အခက်အခဲ ဖြစ်နေ




ထောက်ပံ့မှုနည်းသည့်အတွက် မြစ်ကြီးနား ဒူကထောင် စစ်ရှောင်များ စားဝတ်နေရေး အခက်အခဲ ဖြစ်နေ

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၁၂

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်အတွင်း စစ်ရှောင်စခန်း သုံးခုရှိပြီး အဆိုပါ စခန်းများမှ စစ်ရှောင်ပြည်သူများအား WFP (ကုလသမ္မဂ ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ်)၏ လစဉ်ထောက်ပံ့မှုသာရှိပြီး အခြားမှလာရောက်ထောက်ပံ့ခြင်း မရှိသေးသည့် အတွက် စားဝတ်နေရေး အခက်အခဲဖြစ်နေကြောင်း စစ်ရှောင်ပြည်သူများထံမှ သိရသည်။

လူဦးရေနည်းပါသော်လည်း စစ်ရှောင်များ ဖြစ်သည့်အတွက် အခြားစစ်ရှောင်စခန်းများ နည်းတူ လာရောက် ထောက်ပံ့စေလိုကြောင်း ဒူကထောင့် စစ်ရှောင်စခန်း တာဝန်ခံ ဒေါ်ခေါင်ရှောင်က ပြောသည်။

ထိုင်ဝမ်ကို ခြိမ်းခြောက်မှုများ တရုတ်နိုင်ငံ လက်လျှော့ရန် သမ္မတ ဆိုင်အင်းဝမ်ဆို





ထိုင်ဝမ်ကို ခြိမ်းခြောက်မှုများ တရုတ်နိုင်ငံ လက်လျှော့ရန် သမ္မတ ဆိုင်အင်းဝမ်ဆို

EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၁၂

တရုတ်ပြည်မကြီးနဲ့ ထိုင်ဝမ်အကြားဆက်ဆံရေး ကိစ္စများ လွှမ်းမိုးနေသည့် ထိုင်ဝမ်သမ္မတ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဆိုင်အင်းဝမ် ထပ်မံအနိုင်ရရှိသွားသည်။

သမ္မတဆိုင်အင်းဝမ်သည် ၎င်း၏ပြိုင်ဘက် ဟန်ကိုယူကို မဲအသာဖြင့် အနိုင်ရခဲ့ပြီး မဲအရေအတွက် ၈ ဒသမ ၂ သန်းရှိခဲ့ကာ အဆိုပါ အရေအတွက်မှာ မဲဆန္ဒရှင်များ၏ ၅၇ ရာခိုင်နှုန်းဖြစ်သည်။

ယူကရိန်းလေယာဉ်ပစ်ချခံရမှု အီရန်ဘာသာရေးခေါင်းဆောင်ခါမေနီနှုတ်ထွက်ရန် ဆန္ဒပြတောင်းဆို




ယူကရိန်းလေယာဉ်ပစ်ချခံရမှု အီရန်ဘာသာရေးခေါင်းဆောင် ခါမေနီနှုတ်ထွက်ရန် ဆန္ဒပြတောင်းဆို

EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၁၂

ယူကရိန်းခရီးသည်တင်လေယာဉ်တစ်စင်းကို အီရန်စစ်ဘက်က ပစ်ချခဲ့ခြင်းနှင့်ပတ်သက်၍ တာဝန်ရှိသူများကို အမျက်ဒေါသထွက်နေကြသောပြည်သူများသည် အီရန်ရှိ မြို့တော်တီဟီရန်၏ လမ်းများပေါ်တွင် ဆန္ဒပြမှုများအကြီးအကျယ်လုပ်ဆောင်နေသည်။

ဆန္ဒပြသူများသည် တက္ကသိုလ်နှစ်ခုထက်မနည်းတွင် နေရာယူဆန္ဒပြနေကြပြီး ၎င်းတို့ကို လူစုခွဲရန် ရဲတပ်ဖွဲ့  မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သတင်းများကဖော်ပြသည်။ အဆိုပါဆန္ဒပြပွဲများကို ထောက်ခံကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ၎င်း၏တွစ်တာစာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

အင်းတော်ကြီးတစ်ခေါက် အလည်ရောက်ခဲ့စဉ် မမေ့နိုင်သော…….




အင်းတော်ကြီးတစ်ခေါက် အလည်ရောက်ခဲ့စဉ် မမေ့နိုင်သော…….
(ခရီးသွားသတင်းဆောင်းပါး)

အင်းတော်ကြီးဒေသကို ခရီးသွားဖြစ်သည့်အခါ သဘာဝရှု့ခင်းစစ်စစ်များကို မြင်တွေ့ရခြင်း၊ သန့်ရှင်း လတ်ဆတ်သောလေကို အဝရူရင်း တိတ်ဆိတ်ခြင်းအရသာကို ခံစားရင်း စာအုပ်ထဲတွင်ဖတ်ခဲ့ဖူးသော အင်းတော်ကြီးဒေသအကြောင်းနှင့် မိမိမြင်တွေ့ရသော မြင်ကွင်းများသည်များစွာပြောင်းလဲလာသော အခါ စူစမ်းလေ့လာလိုသည့် မေးခွန်များသည်အစီအရီ ခေါင်းထဲပေါ်လာပြီး စိတ်ထဲတွင်ခြေဆန့်ချင်အောင် လှုံ့ဆော်စိတ်များ ဖြစ်ပေါ်စေမှာ အမှန်ပင်ဖြစ်သည်။

အင်းတော်ကြီးကန်သည် ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်း တည်ရှိပြီး ရေကန်၏ အကျယ်မှာ စတုရန်းမိုင် ၁၀၀၊ အရှည် စတုရန်းမိုင် ၅၁၄ အထိရှိ ကျယ်ဝန်းပြီးမြန်မာနိုင်ငံ၏ အကြီးဆုံး ကန်အဖြစ်သည်ဟု လူအများသိကြသည်။ ယင်းရေကန်တည်ရှိရာ ဒေသတွင် မြို့ ၂မြို့ရှိပြီး ကျေးရွာ ပေါင်း ၃၃ ရွာရှိကြောင်း မှတ်သားရသည်။ ထို့အပြင် ကန်ပတ်လည်၌ အင်းတော်ကြီး ဘေးမဲ့တော လည်း တည်ရှိသည်။

Thursday, January 2, 2020

ခေါင်းစဉ်နှစ်ခုအကြား အငြင်းပွားခဲ့ကြသည့် ၇၂နှစ်ပြည့် ကချင်ပြည်နယ်နေ့ မနောင်ပွဲတော်ကို ဖေဖော်ဝါရီလတွင် ကျင်းပသွားမည်



ခေါင်းစဉ်နှစ်ခုအကြား အငြင်းပွားခဲ့ကြသည့် ၇၂နှစ်ပြည့် ကချင်ပြည်နယ်နေ့ မနောင်ပွဲတော်ကို ဖေဖော်ဝါရီလတွင် ကျင်းပသွားမည်

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၂

ပြီးခဲ့သည့် ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ က ကချင်မျိုးနွယ်စုများအကြား ခေါင်းစဉ်နှစ်ခုနှင့် အငြင်းပွားမှုကြောင့် ၇၂နှစ်ပြည့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောင်ပွဲတော်(မနောပွဲတော်) ကျင်းပမည့် အစီအစဉ်ကို ဖျက်သိမ်းရန်အထိ ဖြစ်ခဲ့သော်လည်း လာမည့် ဖေဖော်ဝါရီလ အတွင်း ပြန်လည် ကျင်းပသွားမည်ဟု မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာယဉ်ကျေးမှု အသင်း (WHG)မှ သိရသည်။

၂၀၁၉ခုနှစ်အတွင်း မိုးကောင်းမြို့နယ်၌ ဖြစ်ပွားခဲ့သည့် အမှုပေါင်း လေးရာခန့်တွင် အများစုမှာ ကြိုတင်ကာကွယ်မှုများသာဖြစ်



၂၀၁၉ခုနှစ်အတွင်း မိုးကောင်းမြို့နယ်၌ ဖြစ်ပွားခဲ့သည့် အမှုပေါင်း လေးရာခန့်တွင် အများစုမှာ ကြိုတင်ကာကွယ်မှုများသာဖြစ်

EPN
မိုးကောင်း၊ ဇန်နဝါရီ ၂


၂၀၁၉ခုနှစ်အတွင်း မိုးကောင်းမြို့နယ်၌ ဖြစ်ပွားခဲ့သည့် အမှုပေါင်းလေးရာခန့်တွင် အများစုမှာ ကြိုတင်ကာကွယ်မှုများသာ ဖြစ်ကြောင်းနှင့် ၂၀၁၈ ခုနှစ်ထက် မှုခင်းဖြစ်ပွားမှု လျော့နည်းကျဆင်းခဲ့ကြောင်း မိုးကောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အီရတ်ရှိ အမေရိကန်သံရုံးတိုက်ခိုက်ခံရ



အီရတ်ရှိ အမေရိကန်သံရုံးတိုက်ခိုက်ခံရ 

EPN

နိုင်ငံတကာ၊ ဇန်နဝါရီ ၂
အီရတ်အခြေစိုက်ဟစ်ဇ်လိုလာစစ်သွေးကြွအဖွဲ.ကိုပြန်လည်လက်စားချေတဲ့ ဒီဇင်ဘာ၃၁ရက်အေ မရိကန်ရဲ.ဒုံးကျည်ပစ်ခတ်မူတွေနောက်မှာပဲ ရာနဲ့ချီတဲ.အီရတ်ဆန္ဒပြသမားတွေ ဟာအီရတ်နိုင်ငံ ဘတ်ဂ်ဒတ်မှာရှိတဲ.အမေရိကန်သံရုံးကိုဝင်စီးဖို.ကြိုးစားခဲ.ကြပါတယ်။
ဆန္ဒပြသမားတေကအမေရိကန်ဆန်.ကျင်ရေးဆောင်ပုဒ်တွေကိုကြွေးကြော်ကာသူတို.မြေမှအမေရိကန်တွေထွက်သွားဖို.တောင်းဆိုခဲ.ကြသလိုသံရုံးတံတိုင်းကိုလည်းဖြိုချဖို.ကြိုးစားခဲ.ပါတယ်။နောက်ဆုံးခြံဝင်းကိုဖြတ်ကျော်ပြီးလူ၂၀ကျော်လောက်အထိသံရုံးအဆောက်အဦးထဲဝင်သွားနိုင်ခဲ့ပေမယ့် အမေရိကန်တပ်ဖွဲ.တွေရဲ.မျက်ရည်ရိုဗုံးနဲ. လူစုခွဲမှုတွေကြောင်.ပြန်လည်ထွက်ခွာလာခဲ.ရပါတယ်။
အီရတ်ဝန်ကြီးချုပ်အဒူလ် မက်ဒီကတော. ဆန္ဒပြသမားတေရဲ. ကျူးကျော်မှုကိုချက်ချင်းထိမ်းချုပ်ဖို.တပ်ဖွဲ.-ဝင်အများအပြား ချက်ချင်းစေလွှတ်ခဲ့ ကာသံတမန်ရပ်ကွက်ကို တိုက်ခိုက်ခြင်းကရာဇဝတ်မူဖြစ်ကြောင်းရှုတ်ချခဲ.ပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရန်.ကတော.ဒီလုပ်ရပ်ကိုနောက်ကွယ်ကထောက်ပံ.ပေးနေသူအီရန်လိုစွပ်စွဲထားကာဒီအတွက်ကြောင်.ကြီးကြီးမားမားပြန်လည်ပေးဆပ်ရမယ်လို.လည်းချက်ချင်းတုန်.ပြန်လိုက်ပါတယ်။အမေရိကန်ကာကွယ်ရေးဝန်ကြီးမာ.ခ်အက်စ်ပါကတော.အီရတ်ကိုအမေရိကန်တပ်ဖွဲ.ဝင်၇၅၀တပ်ဖြန်.ချထားဖို.ချက်ခြင်းကြေငြာခဲ.ပါတယ်။
Ref;Reuters
Trump threatens Iran with 'big price' to pay over US embassy attack

Wednesday, January 1, 2020

EPN UPDATE NEWS

မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်၊ ဆွမ်ပရာဘွမ်လမ်း၊ အထက(၁)ကျောင်းနှင့် ကျောက်စိမ်းတုံးအနီးတွင် ဇန်နဝါရီလ (၁)ရက်နေ့ည ၁၁နာရီခွဲအချိန်ခန့်က ရွှေငါး မတ်တူး 5G/××××× ကားသည် တောင်မှမြောက်သို့ မောင်းနှင်လာပြီး ကျောက်စိမ်းတုန်းရှေ့ရှိ လမ်းအလယ်တွင်ကာရံထားသည့် စတီးသံပန်း လေးခန်းနှင့် လမ်းမီးတိုင်တစ်တိုင်ကို အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိရာ ယာဉ်မောင်းကိုဖမ်းဆီးထိန်းသိမ်းထားကြောင်း ကနဦးသတင်းအရ သိရသည်။

မီးမီး
ပုံ..ဦးကျော်သူဝင်း

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ၂၀၂၀ ပြည့်နှစ် နှစ်သစ်ကူးဩဝါဒကထာ


 
 
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ
(အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက)
၏ ၂၀၂၀ ပြည့်နှစ် နှစ်သစ်ကူးဩဝါဒကထာ
========================================

ဘုန်းဘုန်း နှစ်သစ်အနေနဲ့ တိုင်းသူပြည်သား၊ ကမ္ဘာသူ ကမ္ဘာသားအားလုံး ကျန်းမာချမ်းသာအောင် မေတ္တာပွားနည်း (၁၁)နည်းပြောပါမယ်။ မေတ္တာပွားနည်း (၁၁)နည်း ကို မေတ္တသုတ်၌ မြတ်စွာဘုရားက ဟောကြား ထားပါတယ်။

မြစ်ကြီးနား၌ နှစ်သစ်ကူးအကြိုည မှုခင်းကင်းစင်ခဲ့


မြစ်ကြီးနား၌ နှစ်သစ်ကူးအကြိုည မှုခင်းကင်းစင်ခဲ့

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၁

၂၀၁၉ခုနှစ်မှ ၂၀၂၀ ခုနှစ်သို့ ကူးပြောင်းခဲ့သည့် နှစ်သစ်ကူးအကြိုညတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ မှုခင်းဖြစ်ပွားမှု၊ အမှုကြီးဖြစ်ပွားမှု မရှိ၊ မှုခင်းကင်းစင်ခဲ့သည်ဟု ဆိုနိုင်ကြောင်း မြစ်ကြီးနားမြို့၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

သြစတြေးလျကမ်းခြေတွင် ချုံပုတ်မီးကြောင့် လူထောင်နဲ့ချီပိတ်မိနေ



သြစတြေးလျကမ်းခြေတွင် ချုံပုတ်မီးကြောင့် လူထောင်နဲ့ချီပိတ်မိနေ
EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၁
သြစတြေးလျအရှေ့တောင်ပိုင်းမှာ ဒီဇင်ဘာ ၃၁ ရက်နေ့က ချုံပုတ်မီးလောင်ကျွမ်းမှုကြောင့် ဒေသခံတွေနဲ့ အားလပ်ရက်ခရီးသွားသူတွေ ထောင်နဲ့ချီ ပိတ်မိလျက်ရှိနေပါတယ်။

၂၀၁၉ခုနှစ်အတွင်း ဟိုပင်မြို့၌ အမှုပေါင်း(၁၄၁)မှုဖြစ်ပွား


၂၀၁၉ခုနှစ်အတွင်း ဟိုပင်မြို့၌ အမှုပေါင်း(၁၄၁)မှုဖြစ်ပွား

EPN
ဟိုပင်၊ ဇန်နဝါရီ ၁

မိုးညှင်းခရိုင်၊ ဟိုပင်မြို့တွင်ပြီးခဲ့သည့် ၂၀၁၉ခုနှစ်အတွင်း အမှုပေါင်း (၁၄၁)မှုဖြစ်ပွားခဲ့
ကြောင်း ဟိုပင်နယ်မြေရဲစခန်းမှသိရသည်။

ယင်းအမှုများထဲတွင် မူးယစ်ဆေးဝါးမှုအများဆုံးဖြစ်ကြောင်းလည်းသိရသည်။

အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို အီရန်ကန့်ကွက်ရှုတ်ချ


အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို အီရန်ကန့်ကွက်ရှုတ်ချ

EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၁

အီရန်ထောက်ခံတဲ့ အီရတ်အခြေစိုက် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုကို အမေရိကန်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့အပေါ် အီရန်၀န်ကြီးချုပ် အက်ဒဲလ် အဒူလ် မက်ဒီက ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ဝေဖန်ရှုတ်ချလိုက်ပါတယ်။

နှစ်သစ်မှာ လူသစ်၊ စိတ်သစ်ဖြင့် ပြိုင်တူ တွန်းနိုင်ကြပါစေ


နှစ်သစ်မှာ လူသစ်၊ စိတ်သစ်ဖြင့် ပြိုင်တူ တွန်းနိုင်ကြပါစေ

အယ်ဒီတာအာဘော်…

၂၀၁၉ ခုနှစ်ကြီး ပြီးဆုံးပြီးသွားလို့ ၂၀၂၀ ခုနှစ်ဟူသော နှစ်သစ်ကို ပြန်လည်ရောက်ရှိခဲ့လေပြီဖြစ်သည်။ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် လူတစ်ဦးချင်း အသက်တစ်နှစ်ပြန်လည် ကြီးရင့်ခဲ့ပြီဖြစ်သ လို အမိမြန်မာနိုင်ငံတော်ကြီးလည်း အသက်တစ်နှစ်ကြီးရင့်ခဲ့လေပြီဖြစ်သည်။

Popular Posts