အိန္ဒိယနိုင်ငံတွင် ပိတ်မိနေသည့်မြန်မာရဟန်းတော်များ လေယာဉ်စင်းလုံးဌား၍ ခေါ်ယူခဲ့
EPN
မုံရွာ၊ဧပြီ - ၂၃
အိန္ဒိယနိုင်ငံတွင် ပိတ်မိနေသည့်မြန်မာရဟန်းတော်များကို ဧပြီ၂၂ရက်က
လေယာဉ်စင်းလုံးဌား၍ ပြန်လည်ပင်ဆောင်ခေါ်ယူခဲ့ကြောင်း
သီတဂူအပြည်ပြည်ဆိုင်ရာဝိပဿနာတက္ကသိုလ်မှ သိရသည်။
အိန္ဒိယနိုင်ငံတွင်
ပညာသင်ကြားနေသော မြန်မာ ရဟန်းတော် အပါး ၂၂၁ ပါး၊ သီလရှင် ၆ ပါး နှင့်
ဘုရားဖူးသွားရင်း ပိတ်မိနေခြင်း၊ ဆေးကုသမှုခံယူရန် သွားရောက်ရင်း
ပိတ်မိနေခြင်း စသည့် အကြောင်းအမျိုးမျိုးကြောင့် ပိတ်မိနေသည့်
လူပုဂ္ဂိုလ်များမှာ အမျိုးသား ၂၃ ဦး၊အမျိုးသမီး ၂၁ ဦး၊ စုစုပေါင်း
ရဟန်း၊သီလရှင် နှင့် လူပုဂ္ဂိုလ် ၂၇၀ ကျော်ကို စင်းလုံးဌား
လေယာဉ်နှစ်စင်းဖြင့် ဧပြီလ ၂၂ ရက်နေ့က သွားရောက်ခေါ်ဆောင်ခဲ့ပြီး
ညနေပိုင်းအချိန်တွင် တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကာ ထိုမှ
တစ်ဆင့် စစ်ကိုင်းတောင်သို့ ခေါ်ယူခဲ့ကြောင်း သိရသည်။